တရုတ်ဖုန်း/Tablet တော်တော်များများကို Root လုပ်ပေးနိုင်တဲ့ Shuame Root
v1.2.1 ကိုတင်ပေးလိုက်ပါတယ်။ တရုတ်ထုတ်ဖုန်း/Tablet တွေတင်မဟုတ်ပါဘူး ၊
အခြား LG/HTC/Samsung စတဲ့ ဖုန်းတော်တော်များများကိုလည်း ဒီ Tool
လေးကိုအသုံးပြုပြီး root လုပ်နိုင်ပါတယ်။ Root လုပ်ရုံတင်မဟုတ်ပါဘူး ။
Bootloader mode ထဲဝင်တာတို့ ၊ recovery mode ထဲဝင်တာတို့ ၊ ဖုန်းရဲ့
Pattern lock ကိုဖြုတ်တာတို့ကိုပါလုပ်ဆောင်ပေးနိုင်ပါသေးတယ်။Shuame Root
v1.2.1 ကိုအောက်က link မှာရယူပါ။
Download Link
Shuame Root ကိုအသုံးပြုပြီး Root လုပ်ဖို့အတွက် ကွန်ပျူတာမှာ မိမိရဲ့
ဖုန်းအမျိုးအစားအလိုက် Driver သွင်းထားဖို့လိုပါတယ်။ အောက်မှာ
ကိုယ့်ဖုန်းနဲ့ဆိုင်တဲ့ driver ကိုရွေးချယ်ရယူပါ။
android-mobile-phone-drivers-collection
Driver ရယူပြီးပြီဆိုရင်တော့ ကွန်ပျူတာမှာ Driver ကို install လုပ်ထားပါ။
ပြီးလျှင် ခုနက download လုပ်ခဲ့တဲ့ Shuame Root v1.2.1 ကို
ကွန်ပျူတာမှာ install လုပ်ပြီး run လိုက်ပါ။ အောက်ပါပုံအတိုင်းပေါ်လာပါမယ်။
ပေါ်လာရင် ပုံထဲကစက်ဝိုင်းပြထားတဲ့ ခလုတ်ကိုသွားပါ။
အောက်ပါအတိုင်းပေါ်လာပါမယ်။ ပြီးရင်ဖုန်း/Tablet ရဲ့ Setting > Developer
Option ထဲက USB Debugging ကို enable လုပ်ထားပြီး ဖုန်း/Tablet
ကိုကွန်ပျူတာနဲ့ချိတ်ဆက်ပါ။ ပုံမှာ စက်ဝိုင်းအနီနဲ့ပြထားတဲ့
ခလုတ်ကိုနှိပ်ပါ။
ဖုန်း Driver ကိုကွန်ပျူတာမှာသွင်းထားပြီး USB Debugging Setting ကို On
ခဲ့တယ်ဆိုရင်တော့ Root လုပ်ဖို့ Alert box လေးပေါ်လာရင် next
လုပ်လိုက်ရုံပါပဲ ။ Root လုပ်ရတာကလည်းအရမ်းလွယ်ပါတယ်။
ဖုန်းမှာ Super User (သို့) SU လို့ရေးထားတဲ့ icon လေးတွေ့ပြီဆိုရင်တော့ root process အောင်မြင်ပြီလို့ပြောလို့၇ပါပြီ။
ကိုယ့်ရဲ့ ဖုန်း/Tablet က root ဖြစ်မဖြစ်ကိုတော့ root checker လို android app ကိုသုံးပြီးစစ်ဆေးကြည့်နိုင်ပါတယ်။
0 comments:
Post a Comment