ဒီပိုစ့်လေးကို ရေးရခြင်းရည်ရွှယ်ချက်က သာမာန် ဖုန်းအသုံးပြုများအတွက် 
မိမိဖုန်းမှာ ဘယ်လို Application လေးတွေထည့်ထားသင့်တယ်ဆိုတာကို သိစေချင်လို
အခု အပြင်မှာရော Group တွေ မှာရောတွေ့ နေရတယ်ဗျ Application လေးတွေ 
အများကြီးထည့်ထားတဲ့  ပြသနာပေါ့ တစ်ကယ်တော့ အဲလောက်အများကြီး မသုံးဘူးလို 
့ထင်ပါတယ်။တစ်ချို့ Application လေးတွေဆို ကိုယ်လို တဲ့ 
အချိန်မှပဲထုတ်သုံးတာပါ။အများကြီး ထည့်မသုံးတော့ မိမိ ဖုန်းလေးအထူးသဖြင့် 
မလေးတော့ဘူးပေါ့။ အများကြီးထည့်ထားတော့ 
ဖုန်းကလေးလာတယ်။အဲဒီအတွက်လိုအပ်လာလို့  Choice လုပ်ပြီးတင်ပေးလိုက်တာပါ။
အောက်မှာတစ်ခုချင်းကိုသေချာလေးပြောပြပေးပါမယ်။
1.Advance Task Killer>>> ဒီကောင်လေးကတော့ ထည့်ထားသင့်ပါတယ် 
ဘာလို ထည့်ထားသင့်လဲဆိုတော့ Android phone အများစုဟာ Application ထဲက Exit 
လုပ်ပြီးထွက်တာတောင်မှနောက်ကွယ်မှာ ပွင့်နေတတ်ပါတယ်။အဲဒီအတွက် ဒီကောင်လေးက 
Application လေးများကို ပိတ်ပေးမှာပါ။
2.Mobile Alarm 
System>>>ကိုယ့်ဖုန်းတစ်နေရာမှာမေ့ကျန်ခဲ့လို့ဖြစ်စေ ၊ တစ်နေရာမှာ
 ခဏထားခဲ့လို့ဖြစ်စေ ၊ ကိုယ်မရှိခင်အချိန်လေးမှာ တခြားသူတစ်ယောက်ယောက်က 
ကိုယ့်ဖုန်းကို ကိုင်တာမျိုးကိုမကြိုက်ဘူးဆိုရင် အခုဆော့ဝဲလေး Mobile Alarm
 System ကိုအသုံးပြုနိုင်ပါတယ်။
-ဖုန်းကိုလက်ရှိထားတဲ့နေရာကနေ ရွေ့သွားအောင်ကိုင်မိရင် ဖုန်းက Alarm ထမြည်လာခြင်း
-Proximity Sensor ကိုအသုံးပြုထား၍ ဖုန်းရဲ့မျက်နှာပြင်ကိုထိလိုက်တာနဲ့ ဖုန်းက Alarm ထမြည်လာခြင်း
- ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ဆက်ထားစဉ် (သို့) အားသွင်းနေစဉ် 
ဖုန်းကြိုးကိုတစ်ယောက်ယောက်က ဆွဲဖြုတ်လိုက်တာနဲ့ ဖုန်းက Alarm ထမြည်လာခြင်း
- ဖုန်းမှာပါတဲ့ Camera ကို ဆော့ဝဲက auto အသုံးပြုပြီး ဖုန်းရှေ့မှာ 
တစ်စုံတစ်ခုလှုပ်ရှားမှုတွေ့တာနဲ့ ဖုန်းကချက်ချင်း Alarm မြည်ပြီး 
အဲဒီလှုပ်ရှားမှုအဖြစ်အပျက်ကို ဓာတ်ပုံရိုက်ယူထားနိုင်ခြင်း စတဲ့ features 
အလန်းစားတွေပါဝင်ပါတယ်။ လုံခြုံရေးအတွက်ပေါ့။
3.Andro Zip >>> ဒီကောင်လေးကတော့ တစ်ချို့ ဖုန်းနဲ 
့ပဲအသုံးပြုသူတွေအတွက် Zip File တွေကိုဒေါင်းလုပ်ဆွဲတဲ့ အခါမျိုးမှာ 
အသုံးပြုနိုင်ပါတယ်။ Zip file / Rar File တွေကိုဖြည်တဲ့  Software 
လေးပါဆောင်ထားသင့်ပါတယ်။
4.App Lock>>>ဒါလေးကတော့ Application လေးတွေကို Lock ချတဲ့  
Software လေးပါ။မိမိဖုန်း၏ Application လေးများကို တစ်ခြားလူ 
အသုံးမပြုနိုင်အောင်ကာကွယ်ပေးမှာပါ။Application ကို Lock ချတဲ့ Function 
အပြင် Incall / outcall ပါ Lock ချလို့ ရပါတယ်။
5.Awesome Miniature Pro ဒီကောင်လေးကတော့ Photo Editor Software လေးပါ။မိမိ၏ Photo တွေ ပြင်ချင်တဲ့ အခါမျိုးမှာအသုံးပြုနိုင်တာပေါ့။
6.Cache Mate>>> ဒါလေးကတော့ Cache Mate Application လေးပါ။မိမိဖုန်းမှာ မလိုလားအပ်သော Cache များကို ရှင်းပေးမှာပါ။
7.Dr.Web anti-virus>>> Antivirus Application လေးပါ။ Memory 
နည်းနည်းနဲ့ ကောင်းကောင်းအသုံးပြုချင်သူတွေအတွက်အဆင်ပြေမှာပါ ဒီ 
Application မှာ Call Block funtion နဲ့  မိမိဖုန်းကို ပျောက်သွားတဲ 
့အချိန်မျိုးမှာ Lock ချတဲ့ effect တွေပါပါတယ်။
8.Droid Scan Pro>>>Android ဖုန်းကနေ စာရွက်တို့ဘာတို့ 
တစ်ခုခုကို ဒီဆော့ဝဲလေးအသုံးပြုပြီး scann ဖတ်လို့ရပါတယ်။ Android 
ဖုန်းကို Scanner အဖြစ်အသုံးပြုလို့ရစေတာပေါ့။ နောက်ပြီး 
ဒီဆော့ဝဲလေးနဲ့ scan ဖတ်ပြီးရင် pdf ဖိုင်အနေနဲ့ပါ 
တစ်ခါတည်းထုတ်လို့ရပါသေးတယ်။ ရှိထားသင့်တဲ့ application လေးပါ။
9.DroidSheepGuard>>> ဒါလေးကတော့ မိမိအကောင့်လုံခြုံမှုအတွက် 
ဖုန်းနဲ့ သုံးတဲ့ အခါမျိုးမှာဆောင်ထားသင့်ပါတယ်။ Droid Sheep ဖြင့် Hacking
 လုပ်ခြင်းရန်မှ ကာကွယ်ပေးပါတယ်။
10.DX Battery Saver Pro>>> Battery Saver လေးပါ မိမိဖုန်းမှာ 
Battery စားသက်သာအောင် CPU Low လုပ်တဲ့  function တွေအပြင် Long Mode 
တွေပါပါတယ်။ဆောင်ထားသင့်ပါတယ်။
11.Easy Downloader Pro>>> ဒါလေးကတော့ မိမိဖုန်းနဲ့ သုံးတဲ 
့အခါမျိုးမှာ Application သို့ မဟုတ် Game တစ်ခုခုကို download လုပ်ချင်တဲ့ 
 အခါမျိုးမှာ အသုံးပြုနိုင်ပါတယ်။ Resume ပါပါတယ်။
12.Easy Filter>>>ဒီကောင်လေးကတော့ 
မိမိဖုန်းကိုနှောက်ယှက်မည့်ရန်မှ ကာကွယ်ပေးမှာပါ။မလိုလားအပ်သော 
ဖုန်းခေါ်ဆိုမှုများကင်းဝေးမှာပါ။ Call Block လေးပါ။
13.ES File Explorer>>>File Manager လေးပါ။မိမိ Original 
filemanager ပါလာတာကိုမသုံးချင်သူများအတွက် ဒီကောင်လေးက အဆင်ပြေပါတယ်။ file
 များကို delete/copy/mode များကို လျှင်မြန်စွာအသုံးပြုနိုင်ပါတယ်။
14. Fast Reboot>>> ဒါလေးကတော့ မိမိဖုန်းလေးလာတဲ့ အခါမျိုးမှာ 
လျှင်မြန်စွာ Reboot ချပေးမည့်ကောင်လေးပါ တော်တော်လေးသုံးကောင်းပါတယ်။
15. Gallery Lock>>> မိမိ၏ သူများမသိစေချင်သော vedio /photo 
များကို Lock လုပ်ပေးမည့်ကောင်လေးပါ။ သူ၏ Application ကိုလည်း hidden 
လုပ်ပေးတဲ့ function လေးပါပါတယ်။
16.HD Panorama>>> ဒီကောင်လေးကတော့ မိမိဖုန်းမှာ Original 
မြင်ကွင်းကျယ် ရိုက်ကူမှုမပါတဲ့ ဖုန်းများအတွက်ပါ ။ ဒီကောင်လေးကို 
အသုံးပြုပြီး မိမိ မိသားစုအဖွဲ့ လိုက်ပုံများကို ကြည်လင်စွာ 
ရိုက်ကူးနိုင်မှာပါ။
17.MMAS Market>>> ဒါလေးကတော့ ကျွန်တော့တို့ ၏ 
myanmarmobileapp ၏ Market လေးပါ မိမိအသုံးလို့ သော Application and Game 
များကို မြန်မာဘာသာနဲ့ ရှင်းပြပေးထားပြီး
လိုချင်သော Application and Game များကို One Click Download စနစ်နဲ့ အသုံးပြုပြီး ဒေါင်းနိုင်မှာပါ။
18.Music Off>>>မိမိသီချင်းဖွင့်လျှက်အိပ်ပျော်သွားတဲ 
့အခါမျိုးမှာ မလိုလားအပ်သော အသံဆူညံမှု Battery 
အားကုန်မှုတွေကိုဖြေရှင်းပေးမှာပါ။ Timer နဲ့ မှတ်ပြီး သီချင်းတွေကို 
ပိတ်ပေးနိုင်ပါတယ်။
19.MX Player>>> ဒါလေးကတော့ vedio player လေးပါ ။ ဖုန်းမှာ 
original player မသုံးချင်သူများအဖို့ အဆင်ပြေမှာပါ။ FLV file တွေပါ 
support ပေးပါတယ်။
20.Ringdroid>>>ဒီကောင်လေးကတော့ မိမိဖုန်းနဲ့ တင် သီချင်းများကို ဖြတ်ညှပ်ကတ်လုပ်ချင်သူများအတွက် အဆင်ပြေမှာပါ။
21.Sensor music player>>> ဒါလေးကတော့ sensor နဲ့  
သီချင်းများကို ကျော်ချင်ပြုချင်သူတွေအတွက်ပါ screen ကိုလက်နဲ 
့မထိချင်သူတွေအတွက်ပါ။
22.SimSimi>>> ဒီကောင်လေးကတော့စကားပြောသောအကောင်လေးပါ 
မိမိပျင်းနေတဲ့ အချိန်မျိုးမှာ internet ဖွင့်ပြီး သူနဲ 
့စကားပြောနိုင်ပါတယ်။
23.Titanium Backup Pro>>>မိမိ၏ Application and game များကို 
backup လုပ်ချင်တဲ့ အချိန်မျိုးမှာ 
အသုံးပြုနိုင်ပါတယ်။တော်တော်လေးကောင်းတယ်။
24.Ultimate Voice Recorder>>> မိမိဖုန်းပြောတဲ့ အခါမျိုးမှာ တစ်ဖက်ကအသံကိုကြည်လင်စွာဖမ်းယူပေးနိုင်မည့် recorder လေးပါ။
25.Wifi Protector>>>Public Network မှာ သုံးတဲ့သူတွေ အတွက် 
Privacy and Safety ဆိုတာ တကယ်ကိုလို အပ်ပါတယ်။အများနဲ့အတူသုံးတဲ့အတွက် 
ကိုယ်ချိတ်ဆက်ထားတဲ့ Network မှာ ဘယ်လိုလူတွေ သုံးနေလဲဆိုတာ 
မသိနိုင်ပါဘူး။လူကောင်းတွေ ရှိသလို လူဆိုးတွေလဲ ရှိမှာပါ။ လူဆိုးထဲကမှ 
ကိုယ့်အကောင့်ကို ယူသုံးချင်တဲ့သူတွေ။ 
ကိုယ့်ပက်ဝေါ့ခိုးချင်းတဲ့သူတွေစသဖြင့် လူမျိုးစုံအောင် သုံးကြမှာပါပဲ။ 
ဒီကြားထဲ နည်းပညာကိုစမ်းသပ်ချင်တဲ့ သူခိုးတစ်ပိုင်း(ဥပမာ – me)တွေလဲ 
ပါတာပေါ့။သူများကို မကောင်းတာတော့မလုပ်ဘူး။ နည်းပညာပဲ ၀င်စမ်းတာပါပြောပြော 
ပိုင်ရှင်မသိအောင်ခဏတော့ သုံးတာပေါ့ဗျာ။စိတ်ကတော့ ဒုက္ခပေးလိုစိတ်မရှိတော့ 
ငရဲတော့ မကြီးကောင်းပါဘူး။ အဲဒီလိုလူတွေ ရန်ကကာကွယ်ဖို့ ဒီဆော့ဝဲလေးကို 
ဆောင်ထားပါ။Rootလုပ်ထားဖို့တော့ လိုအပ်ပါတယ်။
အားလုံးပဲအဆင်ပြေပါစေ။
OR
OR
0 comments:
Post a Comment