
 
 ECU circuit ထဲမှာ parameter  လို့လွယ်လွယ်ခေါ်တဲ့ data  တွေရှိပါတယ်။ အဲဒီ
  data  တွေက ကားကလေးတွေကို စက်ရုံကထုပ်လိုက်တဲ့အချိန်မှာ learning mode 
လို့ခေါ်တဲ့ ကားကလေးတွေ စပြီးမောင်းတဲ့အချိန်မှာ သူ မောင်းနေတဲ့ရာသီဥတု၊ 
လေထုအပူချိန် လေထဲမှာအောက်ဆီဂျင် ပါဝင်မှူ အစရှိသည်တော့ကို  ECU ရဲ့  
learning mode ကလေ့လာပါတယ်,အချိန်တိုအတွင်းမှာ အဲဒီ learning Mode  ကနေ  Primary Mode ကိုပြောင်းသွားပါတယ်။ပြဿနာကအဲဒီကနေစတာပါပဲ။ ကားအသစ်စက်စက်မှာဘာပြဿနာမှမရှိပေမဲ့ ၊ကီလိုတွေအမြားကြီးမောင်းထားတဲ့ကားတွေအတွက်ကတော့ရှိပါတယ်။
 အသိညဏ်မရှိရှာတဲ့ကားကလေးတွေခမြာ သူတို့တတွေဟာမြန်မာပြည်ကိုရောက်နေကျမှန်းမသိရှာပါဘူး။ သူတို့ကိုမွေးထုပ်ပေးလိုက်တဲ့တိုင်းပြည်မှာလို့ပဲထင်ပြီး အစားကောင်းအသောက်ကောင်း အောက်ဆီဂျင်အပြည့်အဝပါတဲ့၊လေကောင်းလေသန့်တွေကိုအရင်လိုမှတ်ပြီးစားသုံးခြင်တော့ မကြာခင်ပဲ မကျမ်းမမာ ဖြစ်ကြကုန်တော့တာပေါ့။ဘာလို့လဲဆိုတော့
 သူတို့ကိုစက်ရုံကနေ Learning Mode နဲ့ထုပ်လုပ်လိုက်တဲ့အချိန်ကနေ 
မြန်မာပြည်ရောက်တဲ့အထိ အဲဒီ  parameter data နဲ့သူတို့လေးတွေ အလုပ်လုပ် 
နေတာလေ။မန်မာပြည်ရဲ့လေ ၊ရေ ၊ဆီ၊ ချော ဆီ တွေကိုသူတို့ မစားမသုံးဘူးဘူးလေ ( 
များသောအားဖြင့်စဈေးပေါတဲ့အင်ဂျင်ဝိုင်
 ,quality ,မမှီတဲ့အပြင်အရောအနှောများတဲ့ ဓာတ်ဆီ ဒီဇယ် တွေကိုသိအောင် ECU 
adaptation  လို့ခေါ်တဲ့ procedure  ကလေးကိုအမြန်ပြုလုပ်ပေးသင့်ပါတယ်. ပိုပြီးကောင်းtလာမယ်မဆိုလိုပါခင်ဗျား။ဒါပေမဲ့ရွာလယ်ပြီးပိုက်ဆံကုန်မဲ့အဖြစ်မျိုးနဲ့ကြုံဘို့ ဝေးစေမှာပါ။
 ကားကလေးတွေချက်မီးလင်းလာပြီးဂီရာမပြောင်း ၊လီဗာမတက်ဖြစ်စေတဲ့အကြောင်းလေးတွေနောက်မှရေးပေးပါအုံးမယ်။
 ကားပိုင်ရှင်များအားလုံးစိတ်ချမ်းသာကြပါစေ။
 www.autoboss.net
 
 
 
 
          
      
 
  
 
 
 
  
0 comments:
Post a Comment