မြန်မာတို့ရဲ့  အထွတ်အမြတ်

ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေရဲ့  တန်ဖိုးဖြတ်လို့မရနိုင်တဲ့ ရွှေတိဂုံဘုရား၏ ကျက်သရေ

ရွှေတိဂုံ စေတီ

၁၈၅၅ ခုနှစ် ဝန်းကျင်လောက်က မြင်တွေ့ရတယ့် ရွှေတိဂုံစေတီတော်

ဂျပန်နိုင်ငံတွင် ဂျပန် စစ်ဘက် ခေါင်းဆောင်များနဲ့ အတူ ဗိုလ်ချုပ် အောင်ဆန်း ...

Yangon Su Lay pagoda

မြန်မာပြည် မြို့တော် ရန်ကုန်မြို့ ရဲ့ ရှူခင်း

Showing posts with label Jailbreak. Show all posts
Showing posts with label Jailbreak. Show all posts

Sunday, 3 November 2013

iOS 7.0.2 Untethered Jailbreak




JailbreakMe.com ကို မှတ်မိကြလိမ့်ဦးမည် ထင်ပါတယ်...



iOS 4.3.3 ကို Jailbreak လုပ်ခဲ့စဉ်က မည်သည့် Jailbreak tool ကိုမှ
အသုံးပြုစရာမလိုပဲ mobile Safari မှ jailbreakme.com ကို တိုက်ရိုက်
ဝင်ရောက်ပြီး "Slide" တစ်ချက် ဆွဲလိုက်ရုံဖြင့် iDevice တွေကို Untethered
Jailbreak လုပ်ပေးနိုင်ခဲ့လို့ Jailbreak သမိုင်းမှာတော့ အလွယ်ကူဆုံး
Jailbreak ပြုလုပ်နည်း ဖြစ်ခဲ့ပါတယ်...




ယခုလည်း iOS 7+ အတွက် "JailbreakMe" ရဲ့ နည်းလမ်းအတိုင်း "Remote Jailbreak" ပြုလုပ်ပေးမယ့် နေရာလေး တစ်ခုပေါ်နေပါတယ်....




မိမိ mobile ရဲ့ Safari ထဲမှ "7jailbreak.com" လို့ ရိုက်ပြီးသွားလိုက်ပါ။
အောက်ပါ ပုံအတိုင်း "Click To Jailbreak Your Device Remotely" လို့ တွေ့ရပါလိမ့်မယ်..










"Click" ကို နှိပ်လိုက်ပါက အောက်ပါ ပုံအတိုင်း install လုပ်နေပါပြီ..












ပြီးသွားတဲ့ အခါမှာ နောက်ထပ် အဆင့်တစ်ခု အတွက် "Ok" နှိပ်ရပါမယ်..







အဲဒီအခါမှာ Page တစ်ခု ပေါ်လာပြီး ပုံပါအတိုင်း Checking လုပ်နေပါပြီ...

Jailbreak လုပ်ငန်းစဉ် ပြီးမြောက်ဖို့ "Free" App နှစ်ခုထဲက တစ်ခုကို ရွေးပြီး Download လုပ်ဖို့ ပြောထားပါတယ်..







Free App တစ်ခုကို နှိပ်လိုက်တဲ့ အခါ App Store ကို ရောက်သွားပြီး Install လုပ်ရပါတယ်..







App ကို Install လုပ်ပြီးသွားပေမယ့် Checking ဆိုတာကတော့ ဒီအတိုင်းပါပဲ...



ဒါဟာ iOS 7 jailbreak ကို ခုတုံး လုပ်စားပြီး Free App တွေဆီကနေ
ပိုက်ဆံပြန်ယူနေတဲ့ website တစ်ခု ဖြစ်ပါတယ်။ Animated file တွေနဲ့
လှည့်စားထားခြင်း ဖြစ်ပြီး ဒါဟာ "FAKE" ပါ..



ကဲ ဘယ်နှစ်ယောက်များ post ကို ဆုံးအောင် မဖတ်ကြည့်ပဲ အညာခံလိုက်ရပြီလဲ.....









"It's a FAKE iOS 7 Jailbreak website!!!"









အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....




ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်




မိုးသိကြား










Thursday, 4 July 2013

iOS 6.1.3 ကို redsn0w ဖြင့် Jailbreak လုပ်နည်း



iOS 6.1.3 ကို sn0wbreeze နှင့် JB လုပ်နည်းကို တင်ပြခဲ့ပြီးပါပြီ၊
ယခုတစ်ဖန် iOS 6.1.3 ကိုပဲ redsn0w နှင့် ထောင်ဖောက်နိုင်ရန် ထပ်မံ
တင်ပြလိုက်ပါတယ်။ iOS 6.1.2 ကို အသုံးပြုနေသူများ iOS 6.1.3 သို့  Update
မလုပ်မိစေရန် အထူးသတိထားဖို့  လိုအပ်ပါတယ်။



ယခုတင်ပြပေးမည့် နည်းလမ်းသည်လည်း iDevice များအားလုံးအတွက် မဟုတ်ပဲ iOS
6.1.3 ကိုတင်ထားသော pre-A5 device များ အတွက်သာဖြစ်ပြီး Tethered JB
နည်းလမ်းနှင့်သာ ထောင်ဖောက်နိုင်ပါမည်။



**Jailbreak လုပ်နိုင်မည့် iDevice များ**



  • iPhone 4

  • iPhone 3Gs

  • iPodTouch 4G




Downloads


>> Redsn0w 0.9.15b3 (Windows / Mac)


>> iOS 6.0 IPSW



**အထူးသတိပြုရန်**



ယခုတင်ပြမည့် နည်းလမ်းသည် Tethered Jailbreak နည်းလမ်းဖြစ်သည့် အတွက်
Jailbreak ဖြစ်သွားပြီးနောက် iDevice ကို Reboot တိုင်း PC မှတစ်ဆင့်
Redsn0w နှင့် ချိပ်ဆက်ပြီးမှသာလျှင် ပြန်လည် နိုးထနိုင်ပါလိမ့်မည်။



လုပ်ငန်းစဉ်


လိုအပ်သော Redsnow 0.9.15b3 နှင့် သက်ဆိုင်ရာ iDevice ၏ iOS 6.0 ကို ဦးစွာ Download ရယူထားပါ။



အဆင့် ၁)


Redsn0w ကို Run ပါ။



အဆင့် ၂)


"Extras" button ကို နှိပ်ပြီး "Select IPSW" ကိုရွေးပါ။



အဆင့် ၃)


အပေါ်တွင် Download ရယူခဲ့သော မိမိ Device နှင့် သက်ဆိုင်သည့် iOS 6.0 ကို ရွေးပေးလိုက်ပါ။



အဆင့် ၄)


Redsn0w ၏ Main screen သို့  Back နှင့် ပြန်သွားပြီး "Jailbreak" button ကို နှိပ်ပါ။ "Install Cydia" ကို ရွေးချယ်ခဲ့ရန် မမေ့ပါနှင့်။



အဆင့် ၅)


iDevice ကို PC နှင့် ချိပ်ဆက်ပြီးနောက် "Next" ကိုနှိပ်ပါ။


ဤနေရာတွင် Redsn0w မှ DFU mode သို့  ဝင်ရန် တစ်ဆင့်ချင်း ညွှန်ကြားပါလိမ့်မည်၊ အချိန်ကိုက် လုပ်ဆောင်ပါ။



အဆင့် ၆)


DFU mode သို့  ဝင်ရောက်သွားသည့် တစ်ပြိုင်နက် Redsn0w က အလိုလျှောက် Jailbreak စတင် လုပ်ဆောင်ပေးပါလိမ့်မည်။



**မှတ်ချက်**


အားလုံး အဆင်ပြေစွာ ပြီးဆုံးသွားပါက Device Reboot လုပ်ပါလိမ့်မည်။


Tethered jailbreak ဖြစ်သည့်အားလျှော်စွာ Reboot / Restart လုပ်သည့် အချိန်တိုင်း Apple logo တွင် ရပ်တန့် နေပါလိမ့်မည်။


ထိုအခါ အောက်ပါ အဆင့် တစ်ဆင့်ကို လုပ်ဆောင် ပေးရပါမည်။



>> Run Redsn0w -> Extras -> Just Boot






Credit to : ******

Jailbreak မပျက်ပဲ iOS ကို Restore လုပ်ကြရအောင် (iOS 4.x.x > iOS 6.x.x)



Jailbreak လုပ်ထားသော iPhone, iPad, iPod အစရှိသည့် iDevices များမှာ
အကြောင်းအမျိုးမျိုးကြောင့် ဘက်ထရီ အစားမြန်နေခြင်း၊ Safe mode တွင်
တစ်ဝဲလည်လည်ဖြစ်နေခြင်းနှင့် ဘာမှ လုပ်မရပဲ ပန်းသီး Logo မှာ ရပ်နေခြင်း
အစရှိသော ပြဿနာများ အခန့် မသင့်ပါက ဖြစ်လေ့ဖြစ်ထရှိတတ်ပါတယ်။



ဒီအခါမျိုးမှာ iDevice ကို Restore ပြန်လုပ်လိုက်ရင် Firmware update ဖြစ်သွားပြီး Jailbreak လည်းပြုတ်သွားပါတယ်။


မိမိ Update Restore လုပ်မိသော Firmware သည် လက်ရှိမှာ Jailbreak ရရှိနေပါက
Jailbreak ပြန်လုပ်ရန် လွယ်ကူသော်လည်း၊ Jailbreak မရရှိသေးတဲ့ Firmware
ဖြစ်ပါက ဘာမှ မတတ်နိုင်တော့ပါ။




အထူးသဖြင့် software ဖြင့် Unlocked လုပ်ထားသော Locked ဖုန်းများမှာ အကြီးအကျယ် ဒုက္ခရောက်ပါပြီ...


အဲဒီ ပြဿနာများကို Computer အကူညီမလိုပဲ တစ်ချက်ထဲနဲ့  ဖြေရှင်းနိုင်ဖို့  ဆိုရင်...


အထက်ပါပြဿနာများ ဖြစ်လာပါက မိမိလက်ရှိ အသုံးပြုနေသော Firmware version ကို
Jailbreak မပြုတ်စေပဲ Restore လုပ်နိုင်တဲ့ Tweak လေးတစ်ခု
ထွက်ပေါ်လာခဲ့ပါပြီ...



iLEX R.A.T လို့  အမည်ရပြီး Jailbreak သမားတိုင်း မရှိမဖြစ် ဆောင်ထားသင့်တဲ့ Tweak လေးတစ်ခု ဖြစ်ပါတယ်။




iLEX R.A.T က ဖြေရှင်းပေးနိုင်တဲ့ ပြဿနာတွေက..

  • Battery အစားမြန်ခြင်း

  • Safe Mode မှာ ပါတ်နေခြင်း

  • Apple Logo မှာ တစ်နေခြင်း နှင့် အခြား ပြဿနာများလည်း ရှင်းပေးနိုင်ပါတယ်





iLEX R.A.T ကို iOS 4.x.x ကနေ iOS 6.x.x အထိ အသုံးပြုနေကြသော iPhone, iPad, iPad တို့ အားလုံးမှာ အလုပ်လုပ်နိုင်ပါလိမ့်မယ်..



iLEX R.A.T ၏ လက်ရှိနောက်ဆုံး Version အသစ်ဟာ (1.10-125) ဖြစ်ပြီး အရင်
Version အဟောင်းနှင့် ကွာခြားချက်ကတော့ "Mobile Terminal" ရှိထားရန်
မလိုတော့ပဲ တိုက်ရိုက် Restore လုပ်နိုင်သွားပါပြီ..


iLEX R.A.T ကို Run လိုက်တာနဲ့  "iLEX R.A.T" နှင့် "iLEX RESTORE" option နှစ်ခုကို တွေ့ မြင်ရမှာ ဖြစ်ပါတယ်။







ယင်း Option နှစ်ခုက တစ်ခုနှင့် တစ်ခု လုပ်ဆောင်ချက် အနည်းငယ် ကွားခြားပါတယ်။



"iLEX R.A.T"

  • မိမိ iDevice ထဲမှာ Install လုပ်ထားသော Cydia Tweaks တွေ အားလုံးကိုသာ ဖျက်ပစ်မှာဖြစ်ပါတယ်။

  • Settings နှင့် တစ်ကွ အခြားအရာများအားလုံး အရင်အတိုင်းပဲ မပျက်ပါ။

  • Jailbreak မပျက်ပါ (Cydia) icon ကို Home screen တွင် တွေ့ ရပါလိမ့်မည်။








"iLEX RESTORE"

  • မိမိ iDevice ထဲက အရာများများအားလုံးကို ဖျက်ပစ်ပြီး Stock firmware ဖြစ်အောင် Restore ပြန်လုပ်မှာ ဖြစ်ပါတယ်။

  • Reboot ပြန်တက်လာသည့် အခါ "Activation" ပါ အစ/ဆုံး ပြန်လုပ်ရန် လိုအပ်ပါတယ်။

  • Jailbreak မပျက်ပါ (Cydia) icon ကို Home screen တွင် တွေ့ ရပါလိမ့်မည်။








iLEX R.A.T ၏ Source " http://cydia.myrepospace.com/iLEXiNFO/ " ကို Cydia -> Edit -> Add နှင့် ထည်းသွင်းပြီး "iLEX R.A.T." ကိုသာ Install လုပ်ပါ။



"iLEX R.A.T" အသုံးပြုနည်း



နှစ်မျိုးရှိပါတယ် ပထမနည်းကတော့ မိမိ iDevice ၏ Home screen ရှိ "iLEX R.A.T" App ကိုနှိပ်ပြီး စိတ်ကြိုက် Option တစ်ခု ရွေးချယ်ပါက အလိုလျှောက် လုပ်ဆောင်သွားပါလိမ့်မည်။



ဒုတိယနည်းကတော့ PC ရှိ iFunBox ကို အသုံးပြုနည်းဖြစ်ပါတယ်..



၁) iDevice ကို PC နှင့် ချိပ်ဆက်လိုက်ပြီး "iFunBox" ကို Run ပါ။



၂) မိမိ Device ကို detect သိပါက ပုံတွင်ပြထားသည့်အတိုင်း (Quick Toolbox) tab ကို ရွေးလိုက်ပါ။







၃) ထို့ နောက် "SSH Terminal" ကို ဖွင့်လိုက်ပါ။ အောက်ပါအတိုင်း Box တစ်ခုတက်လာပါက အနီနှင့် ပြထားသော နေရာတွင် " rat " ဟုရိုက်ပါ။







၎) နောက်ဆုံးမှာ (Option 1) " 1 " ဟုရိုက်ပါ (Apple Logo မှာ တစ်နေသူများအတွက်)



အခြား Option များကိုတော့ လိုအပ်သလို ရွေးချယ်ပါ။ Fully Restore လုပ်လိုလျှင် (Option 12) " 12 " ဟုရိုက်ပါ။



၅) ပြီးလျှင် "Enter" နှိပ်ပါ။



၆) " Y " ဟုရိုက်ပါ။



ဒါဆိုရင် လုပ်ငန်းစဉ်အားလုံးကို အလိုလို လုပ်ဆောင်သွားမှာ ဖြစ်ပြီး နောက်ဆုံးမှာ ပြဿနာအားလုံး ပြေလည်းသွားပါလိမ့်မည်။



** မှတ်ချက်။ ။ Restore လုပ်ပါက မိမိ Device တွင်းရှိ Data များအားလုံး ပျက်သွားမည်ကို သတိရှိပါ။ **










Credit to : iLEX R.A.T.