မြန်မာတို့ရဲ့  အထွတ်အမြတ်

ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေရဲ့  တန်ဖိုးဖြတ်လို့မရနိုင်တဲ့ ရွှေတိဂုံဘုရား၏ ကျက်သရေ

ရွှေတိဂုံ စေတီ

၁၈၅၅ ခုနှစ် ဝန်းကျင်လောက်က မြင်တွေ့ရတယ့် ရွှေတိဂုံစေတီတော်

ဂျပန်နိုင်ငံတွင် ဂျပန် စစ်ဘက် ခေါင်းဆောင်များနဲ့ အတူ ဗိုလ်ချုပ် အောင်ဆန်း ...

Yangon Su Lay pagoda

မြန်မာပြည် မြို့တော် ရန်ကုန်မြို့ ရဲ့ ရှူခင်း

Showing posts with label android နှင့် ဆိုင်သောသတင်းများ. Show all posts
Showing posts with label android နှင့် ဆိုင်သောသတင်းများ. Show all posts

Sunday, 1 September 2013

Android ဖုန်း ၀ယ် မည့် သူများ အဝယ်မမှားရလေအောင်










ဖုန်း တစ် လုံး ၀ယ် ပြီး
အနည်း ဆုံး ၆လ က နေ ၁ နှစ် ၂ နှစ် ထိ သုံး ကြပါတယ် ။ အဲ့ တော့ ၀ယ်ပြီး တဲ့
အချိန် မှဟိုဟာ မရ ၊ ဒီဟာ မရ ၊ စက်က လေး ၊ ဟန်း ၊ နဲ့ စိတ်ညစ် ရတာ တွေ များ
ပါတယ် ။ အဲ့ တော့ ကိုယ်ပေး တဲ့ ဈေး နဲ့ ရသင့် သလောက် မရ တာမျိုး တွေ
ကြုံနေ ကြရပါတယ် ။







အကြောင်းတစ်ခုခု ကြောင့်
ဖုန်း ပျက် ခဲ့ ပြီ ဆိုလျှင် ပြင် ဖို့ အတွက် လဲ ကြို မစဉ်းစား ပဲ ၀ယ်
ကြတာကြောင့် ပျက် တဲ့ ချိန်ကြ မှ ပြင်မရ လို့ ဒုက္ခ ရောက် ကြတဲ့ သူတွေ လဲ
မနည်း ပါဘူး ။







အဲ့ တော့ Android ဖုန်း တစ်လုံး ၀ယ်မည် ဆို ရင် ဘာတွေ ကြည့် သင့် လဲ ??




1. CPU speed

Brand များဖြစ် တဲ့ Sony ,
Samsung , HTC ,Huawei ,LG ,Moto စတာ တွေ က တော့ အချို့ ဆိုင်တွေ မှာ မေး
နိုင်ပါတယ် ။ဆိုင်တိုင်း တော့ မသိကြဘူး ပေါ့ ဗျာ ။ အဲ့ တော့ ကိုယ် ၀ယ်
ဖို့ ဆုံးဖြစ် ပြီး ရင်


Brand ထဲ က ဆို ရင် ဆိုင်
မသွားခင် အရင် အောက်ကပေးထားတဲ့ လင့် မှာ ၀င် ရောက် ပြီး မိမိ ဖုန်း ရဲ့
အသေးစိတ် အချက် လက် တွေ နဲ့ CPU speed ကို သက်ဆိုင်ရာ Link တွေကတဆင့် လေ့ လာနိုင်ပါတယ်....




အနိမ့် ဆုံး ၀ယ်ယူ သင့် သည့် CPU speed က တော့ 800 ဖြစ်ပါတယ် ။ များလေ ကောင်းလေ ပဲ ပေါ့ ။CPU speed 800အောက် နည်း
လျှင် ဂိမ်း များ ဆော့ မရခြင်း၊ ထစ်ခြင်း များ ။ဖုန်း သုံး လျှင် လေးခြင်း
၊ဟန်း ခြင်း များ ဖြစ် ပါတယ် ။ တရုတ်ဖုန်း များ မှာ တော့ application တစ်ခု
သွင်းပြီး မှ ကြည့် ရှု နိုင်မည် ဖြစ် သည် ။ဆိုင် တွေ က တရုတ်ဖုန်း တော့
မသိတာ များပါတယ် ။



တကယ် လို့ ကြိုက်ပြီ ၀ယ်မယ် သေချာ ပြီ ဆိုလျှင် CPU speed
မေးပါ မသိ လျှင်  ဒီဆော့ဝ် သွင်းပြီး စစ် ကြည့် လိုက်ပါ ။ များသော
အားဖြင့် ဈေး နည်း လျှင် CPU speed နည်းတက်ပါတယ် ။တရုတ် ဖုန်း တွေ ကတော့
တချို့ ဟာ က ဟန်ပြ ပဲ  ပါတာတွေ ရှိပါတယ် ။ ဘယ်ဖုန်း ဖြစ်ဖြစ် သုံးတာကြာ
လျှင် တော့ CPU speed ကျ လာပါတယ် ။ Brand နဲ့ တရုတ် ဖုန်း မှာ ကွာ တာက တော့
China ဖုန်း တွေ က ၆လ လောက် အတွင်း မှ CPU speed ကျ သွားပါတယ် ။


ဥပမာ -၀ယ် ချိန်က ၈၀၀ ဆိုပါတော့ ၆ လ အတွင်း 670 ,560 စသဖြင့် ကျ သွားတက် ပါတယ် ။







2. Internal storage




Internal storage က လဲ
Android ဖုန်း တစ်လုံး အတွက် အရမ်း ရေးပါပါတယ် ။ အများ စု က မန်မိုရီ 8Gb
ပါတယ် တို့ ၊ sd card 8Gb ဆိုဒ် လို့ ရတယ် ဆို တာ နဲ့ လုံလောက် ပြီ မှတ်နေ
ကြပါတယ် ။


တကယ် က Internal storage
နှင့်Phone stoage or Memory storage နှင့် sd card storage ဆို ပြီး ၃
မျိုးပါတက်ပါတယ် ။များသော အားဖြင့် Internal storage နှင့် sd card storage
နှစ်မျိုး တော့ ပါပါတယ် ။


အဓိက စစ်ရမှာ က internal storage ပါ ။ တခြား ဟာ တွေ က အရေး မကြီး ပါဘူး ။

Game တွေ သွင်း ရင် sd
storage  ထဲ သွင်းသွင်း Phone stoage or Memory storage ထဲ  သွင်းသွင်း
Internal ထဲ မှာ တော့ run ဖို့ အတွက်  ၃ပုံ ပုံ ၁ ပုံ လောက် တော့ နေရာ
ယူပါတယ် ။


ဥပမာ - 3Mb game တစ်ခု ဆိုပါ တော့ sd ထဲကို သွင်း တယ် သို့ ပေ မဲ့ Internal storage ထဲ မှာ 1 Mb Run နေ တာ ကို တွေ့ ရပါမယ် ။




 

Internal storage စစ်ဆေး နည်း






2.3.x version တွေ မှာ

settings - SD card and
Phone storage သို့ Phone storage သို့ storage ထဲဝင်ပါ ။ အထဲ မှာ sd card
နှင့် Internal Phone Storage ဆို တာပါပါတယ် ။Internal storage ဆို တာကို
ကြည့် ရမှာပါ ။ Available Space ကို ကြည့် ပါ ။သို့ Total Space ကို ကြည့်
ပါ ။ဖုန်း အသစ်မှာ တော့ Available Space ကို ကြည့် လိုက်ပါ ။





 


 4.0.x , 4.1 , 4.1.2 version တွေ မှာ


 settings - storage
ထဲဝင်ပါ ။ အထဲ မှာ sd card နှင့် Internal Phone Storage နဲ့ အချို့ ဖုန်း
တွေ မှာ Phone storage or Memory Storage ဆိုပါပါတယ် ။Internal storage ဆို
တာကို ကြည့် ရမှာပါ ။ Available Space ကို ကြည့် ပါ ။သို့ Total Space ကို
ကြည့် ပါ ။ဖုန်း အသစ်မှာ တော့ Available Space ကို ကြည့် လိုက်ပါ ။




 






3. ဈေးနှုန်း




ဈေး က တော့ များလား နည်း
လား ဆိုတာ ထက် မိမိ ၀ယ်ယူ မည့် ဆိုင် က service ဘယ်လောက်ပြန် ပေး နိုင်လဲ
ကြည့် ပါ ။ ဥပမာ - ၁ နှစ် အာမခံ မရတောင် ၃ ရက်အာမခံ တော့ ပေး ရပါမယ် ။ ၃
ရက် အတွင်း ချို့ ယွင်းချက် တစ်ခုခု တွေ့ ရင်ပြန်လည် လဲလှယ် နိုင် စေ ရန်
အတွက် ပါ။ ကျွှန်တော် တို့ လဲ အာမခံ ၁ နှစ် မပေး ပါဘူး ။ဘာလို့ လဲ ဆိုတော့
ကျွှန်တော် တို့ ရတဲ့ အမြတ်က တစ်လုံး မှ ၂ ထောင် ၃ ထောင် မြတ် တာဖြစ် တဲ့
အတွက် အာမခံ ပေးဖို့ ဆို တာ မလွယ် ပါဘူး ။




 ယခု ဆိုင် အများ စု ပေး နေတဲ့
အာမခံ ဆို တာ ကြုံ ဖူးသူ တိုင်း သိပါတယ် ။နည်းနည်း ပါးပါး လောက် ပျက်တာ
လောက် ပဲ တာဝန် ယူပါတယ် ။ကျန် တာ က User false ပါ ပဲ ။ အဲ့ တော့ အာမခံ
ပေးသည် ဖြစ် စေ မပေး သည်ဖြစ် စေ ၃ ရက် တော့ အာမခံ တောင်း ပါ ။ ပြီးတော့
မိမိ ၀ယ် မည့် ဖုန်း က ဥပမာ samsung galaxy Y ဆိုပါတော့ 90000 လောက်ပေး
ရတဲ့ ချိန်မှာ ရတဲ့ ဖန်ရှင် တွေ ။ ကင်မရာ 3 Mag , internal storage 512 ,
cpu 800 စသဖြင့် ပေါ့ တခြား ဖုန်း နဲ့ နှိုင်း ယှဉ် ကြည့် ပါ ။ ဥပမာ huawei
မှာ 90000 ၀န်း ကျင် မှာ ကင်မရာ 5 Mag ရချင်ရမယ် , internal 1Gb ရရင်ရမယ်
,cpu ၁၀၀၀ ဖြစ်ချင် ဖြစ်မယ် ။ အဲ့ လို မျိုး ချိန်ကြည့် ပါ ။ပြီး မှ
နှစ်သက် ရာ ကို ၀ယ်ယူ ပါ ။







4. ပြုပြင် လို့ ရမရ




ဒါ လဲ အရေး ပါပါတယ် ။ဖုန်း
ကိုင် ပြီ ဆို မှ တော့ ပျက် မှာ ပါပဲ ။ ပျက် ရင် ပြင် မရ ရင် ဘာ လုပ် မလဲ
3,4 သောင်းတန် က ထား ပြင် လဲ မတန် ဘူး ။ ၁ သိန်း ကျော် တွေ ဆို   တော့ 
၂၀၀၀၀ လောက် ထိ ပြင် လို့ သင့် သေးပါတယ် ။အဲ့ တော့ ပြင် ဖို့ အတွက်
အပိုပစ္စည်းလာမလာ ၊ ဆော့ဝ် ပိုင်း ဆို လဲ ရေးရမရ စ တာ တွေ ကို ဆိုင် မှ မ၀ယ်
ခင် မေး ပါ ။အချို့ ဆိုင် တွေ က ရောင်းရပြီး ရော မလိမ့် တပတ် ပြောတက်ပါတယ်
။ဒီမှာ ရလား မရ ရင် ကော ဆို ပြီးသေချာ မေးပါ ။၅သောင်း အောက် ၀ယ် မယ် ဆို
ရင် တော့ ၁၀၀၀၀ အောက် ပျက် တာ လောက် ပဲ ပြင်သင့် တဲ့ အတွက် အပို ပစ္စည်း
မလာလဲ ကိစ္စ မရှိပါဘူး ။ Touch ဖြစ်ဖြစ် LCD ဖြစ်ဖြစ် တရုတ် Android ဖုန်း က
လာ ရင် ၁၅၀၀၀ နှင့် အထက် ဈေး ရှိပါတယ် ။







5. အထွေထွေ




အထွေထွေ ဆိုတာ ကတော့ Wifi
,bluetooth , 3G internet , လိုင်းကောင်းမကောင်း စသဖြင့် ပေါ့ ။ ဒါ တွေက
တော့  သိပ်တော့ အရေး မပါပါဘူး ။ စစ် ချင် ရင် တော့ စစ် ကြည့် ပါ ။





ကဲ Android ဖုန်း သုံး မည့် Mobile House မန်ဘာ များ ၊ မိတ်ဆွေ များ ဒါ လေး တွေ ကို စစ်ဆေး ပြီး ၀ယ် ယူသင့် ပါတယ် ။






Credit :  Mobile House






Monday, 19 August 2013

အသစ်ထွက် ထိပ်တန်းအဆင့် LG G2 ဖုန်းအားလေ့လာကြည့်ခြင်း






၈.၈.၂၀၁၃ ရက်နေ့မှာ LG Mobile မှ နောက်ဆုံးထွက်ဖုန်းတစ်လုံးအနေနဲ့ LG G2
ဖုန်းအသစ်ကိုမိတ်ဆက်ပြသခဲ့ပါတယ်။ Screen အရွယ်အစား ၅.၂
လက်မနဲ့ပွဲထုတ်လာတဲ့ LG G2 ဖုန်းဟာ 1920 x 1080 pixels ရှိတဲ့
ရုပ်ထွက်အရည်အသွေးကို Screen ပေါ်မှာအပြည့်အ၀ဖော်ပြပေးနိုင်ပါတယ်။ ဖုန်းရဲ့
Screen တည်ဆောက်ပုံက ဒီဖုန်းမှာ တခြား Android ဖုန်းတွေထက်
ပိုပြီးထူးခြားပါတယ်။ ဘေး frame ပါးပါးလေးနဲ့ Screen
မြင်ကွင်းအပြည့်ထည့်သွင်းထားတဲ့ပုံစံမျိုးပါ။








LG G2 မှာ Android 4.2.2 ကိုအသုံးပြုထားပြီး Quad-core 2.3 GHz Krait
400 ရှိတဲ့ မြန်နှုန်းမြင့် Processor ကိုအသုံးပြုထားပါတယ်။ ဒါ့အပြင် ”
Adreno 330″ GPU Chipset နဲ့ Snapdragon 800 chipset
တို့ကိုတပ်ဆင်ထားတာကြောင့် ဖုန်းရဲ့ Graphic နဲ့ Video / Game processing
ပိုင်းတွေမှာအကောင်းဆုံး Performance
တွေနဲ့စွမ်းဆောင်ပေးနိုင်မှာဖြစ်ပါတယ်။











ဖုန်းရဲ့ RAM အနေနဲ့ကလည်း 2GB RAM တပ်ဆင်ပေးထားတာကြောင့်
ဖုန်းရဲ့လုပ်ဆောင်ချက်တွေကို ပိုပြီးလျင်မြန်သွက်လက်နေစေမှာဖြစ်ပါတယ်။
ဖုန်းရဲ့ Screen မျက်နှာပြင်ကိုတော့ အပွန်းအစင်း ၊ ခြစ်ရာ ခံနိုင်တဲ့
အကောင်းစားမှန်အမျိုးအစားဖြစ်တဲ့ Gorilla Glass 3 ကိုတပ်ဆင်ပေးထားပါတယ်။









ကင်မရာအနေနဲ့ 13 Mega Pixel ရှိတဲ့ auto-focus optically-stabilized camera
ကင်မရာကိုတပ်ဆင်ပေးထားပြီး ရှေ့ဘက်ခြမ်း front camera ကလည်း 2.1 Mega
Pixel အရည်အသွေးရှိတဲ့ Camera ဖြစ်ပါတယ်။ ဓာတ်ပုံရိုက်ရာမှာ Zoom
ဆွဲရိုက်ကူးတဲ့အခါမြင်ကွင်းမှုန်ဝါးသွားတာမျိုးမဖြစ်စေဖို့ 8X digital zoom
စနစ်ကိုထည့်သွင်းထားပြီး HDR Mode , panorama စတဲ့
စနစ်တွေနဲ့ဓာတ်ပုံရိုက်ကူးနိုင်ပါတယ်။ ကိုယ်ဓာတ်ပုံရိုက်ကူးတဲ့အခါ
ဘယ်နေရာမှာရိုက်ခဲ့တဲ့ဓာတ်ပုံလဲဆိုတာကို ပြန်လည်သိရှိနိုင်ဖို့အတွက်
ဓာတ်ပုံတစ်ပုံရိုက်လိုက်တာနဲ့ Location ကိုပါတွဲဖက် မှတ်သားပေးတဲ့ Geo
Tagging စနစ်ကိုလည်းထည့်သွင်းထားပါသေးတယ်။ ဖုန်းရဲ့ Battery အနေနဲ့
3,000mAh Li-Po unit ရှိတဲ့ Battery အမျိုးအစားကိုအသုံးပြုထားပါတယ်။
ထူးခြားချက်အနေနဲ့ကတော့ ဖုန်းရဲ့ Volume ခလုတ်တွေကို ဖုန်းရဲ့
နောက်ကျောဘက်ခြမ်းမှာထည့်သွင်းထားတဲ့အချက်ပါပဲ။









ခြုံငုံသုံးသပ်ရရင်တော့ LG G2 ရဲ့ Software / Hardware feature
တွေအားလုံးဟာ လက်ရှိထွက်ရှိထားတဲ့ / ထွက်ရှိတော့မယ့် ပြိုင်ဘက်ဖုန်းတွေကို
ကောင်းကောင်းကြီးယှဉ်ပြိုင်နိုင်စွမ်းအပြည့်ရှိတဲ့ ထိပ်တန်းအဆင့်
စမတ်ဖုန်းတစ်လုံးဖြစ်ပြီး Samsung ကထွက်ရှိလာမယ့် Samsung Galaxy Note III
ကိုအကောင်းဆုံးယှဉ်ပြိုင်မယ့်
ပြိုင်ဘက်ကောင်းဖုန်းတစ်လုံးလို့ဆိုရမှာဖြစ်ပါတယ်။


Credit>>Thet Naing Soe (Myanmar Mobile App Store)

www.myanmarmobileapp.com

Thursday, 8 August 2013

Android Root နဲ့ပါတ်သက်သော သိထားသင့်တဲ့အခေါ်အဝေါ်များ









 Android နဲ့ပါတ်သက်တဲ့ Root လုပ်ရာမှာခေါ်တဲ့
အခေါ်အဝေါ်တစ်ခုချင်းစီကိုဖော်ပြပေးမှာဖြစ်ပါတယ်။ ဒီအခေါ်အဝေါ်တွေဟာ Android
Device တွေကို Root လုပ်ရာမှာအများဆုံးတွေ့ရတဲ့အပြင် Android လောက
မှာအများဆုံးသုံးကြပါတယ်။ ဒါပေမယ့် ဒီခေါ်အဝေါ်တွေကို သာမန်Android Device
တွေကိုအသုံးပြုတဲ့ လူတစ်ယောက်ကသိနိုင်ဖို့ခတ်ခဲပါတယ်။ ဒါကြောင့်အခု
လိုတစ်စုတစ်စည်းထဲဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။
အလွန်အကျိုးရှိမယ်လို့လဲထင်ပါတယ်ခင်ဗျာ ..။



1. ADB



ADB လို့ခေါ်တဲ့ Android Debug Bride (သို့) Android Debug Mode ဟာဆိုရင်
ကျွန်တော်တို့အသုံးပြုနေတဲ့ computer ကနေတစ်ဆင့် ကျွန်တော်တို့ရဲ့ Android
Device တွေကို ချိတ်ဆက်ပေးတဲ့ command line tool တစ်ခုဖြစ်ပါတယ်။ ADB ဟာ
Android SDK (Software Development Kit) ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး root
လုပ်ရာမှာအသုံးပြုတဲ့ tool တစ်ခုဖြစ်ပါတယ်။ ADB ကိုသုံးတဲ့အခါ Android
Commands တွေကိုထည့်သွင်းရမှာဖြစ်ပြီး အစောပိုင်း Android Device တွေကို
Root လုပ်ချင်တဲ့အခါ commands တွေကတစ်ဆင့်ပြုလုပ်ရပါတယ်။


2. AOSP




Android Open Source Project ရဲ့အတိုကောက်ဖြစ်ပါတယ်။ များသောအားဖြင့် ROM
(Read Only Memory) တွေရဲ့ ဖော်ပြချက်တွေမှာတွေ့ရှိရပါတယ်။ AOSP
ဟာများသောအားဖြင့် Android Device တွေမှာသုံးတဲ့ ROM တွေဟာ Google ကပေးတဲ့
ဘယ် Android Source Code ပေါ်မှာမူတည်ပြီးထုတ်ထားသလဲဆိုတာကိုဖော်ပြပါတယ်။



3. Bootloader



Bootloader ဆိုတာကတော့ ကျွန်တော်တို့အသုံးပြုနေတဲ့ Android Device
တွေမှာသုံးတဲ့ lowest level software တစ်ခုဖြစ်ပြီး Android Operating
System စတင်ဖို့အတွက်လိုအပ်တဲ့လုပ်ဆောင်ချက်တွေကိုပြုလုပ်ပေးပါတယ်။
များသောအားဖြင့် ထုတ်လုပ်သူတွေဟာ Bootloader ကို lock ပြုလုပ်ထားပါတယ်။
ဘာလို့ဒီလိုလုပ်သလဲဆိုတော့ Root
လုပ်ခြင်းကိုကြိုတင်ကာကွယ်ထားခြင်းဖြစ်ပါတယ်။ ဒီလိုပြုလုပ်ခြင်းက
ထုတ်လုပ်သူတွေဟာ သူတို့ရဲ့ပစ္စည်းတွေကိုထုတ်လုပ်လိုက်တုန်းကအတိုင်းပဲ
အသုံးပြုသူတွေကိုသုံးစေချင်လို့ဖြစ်ပါတယ်။



4. Bootloop

Bootloop ဆိုတာကတော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ Android Device ကို
Root လုပ်တာပဲဖြစ်ဖြစ် Custom ROM တင်တာပဲဖြစ်ဖြစ် ပြုလုပ်တဲ့အခါ
သူပြောထားတဲ့ အဆင့်တွေတိုင်းလိုက်မလုပ်ပဲ တစ်နေရာရာမှာတစ်ခုခုမှားခဲ့ရင်
Android OS ဟာ restart ချလိုက်တာနဲ့ Start Up Logo
မှာရပ်နေပြီးဘာမှဆက်တက်မလာတာ့ပါဘူး။ဒါကို Bootloop ဖြစ်တယ်လို့ခေါ်ပါတယ်။


5. BusyBox


BusyBox ဆိုတာကတော့ app တစ်ခုဖြစ်ပြီး UNIX Command Tools
များစွာကိုအသုံးပြုဖို့အတွက်ဖြစ်ပါတယ်။ ဆိုလိုချင်တာကတော့ Android OS ရဲ့
System File တွေကို
ကိုယ်ကြိုက်သလိုပြောင်းချင်တဲ့အခါမျိုးမှာဆိုရင်အခုပြောတဲ့ BusyBox
ကနေတစ်ဆင့် Commands တွေသုံးပြီးပြောင်းလဲလို့ရပါတယ်။



6. Dalvik cache



Dalvik cache ဆိုတာကတော့ Android OS မှာပါဝင်တဲ့ directory (folder)
တစ်ခုဖြစ်ပြီး ကိုယ့် device မှာ install လုပ်လိုက်လို့ရလာတဲ့ *.dex file
တွေအားလုံးကိုသိမ်းထားပေးတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဒီ *.dex file တွေဟာ
သွင်းထားတဲ့ app ကို update လုပ်လိုက်တာနဲ့ သူတို့ပါလိုက်ပြီး update
ဖြစ်ပါတယ်။



7. Flashing or Flash



Flash လုပ်တယ်ဆိုတာကတော့ ကျွန်တော်တို့ရဲ့ Device မှာတစ်ခုခုကို install
လုပ်လိုက်ခြင်းရဲ့နောက်ထပ်အခေါ်အဝေါ်တစ်ခုဖြစ်ပါတယ်။ ROM ပဲဖြစ်ဖြစ် Kernel
ပဲဖြစ်ဖြစ် install လုပ်လို့ရတဲ့မည်သည့် .zip file ကိုမဆို install
လုပ်ခြင်းကို flash လုပ်တယ်လို့ခေါ်ခြင်းဖြစ်ပါတယ်။


8. Fastboot




Fastboot ဆိုတာကတော့ boot menu တစ်ခုဖြစ်ပြီး Android OS မစတင်ခင်မှာ
Recover Mode နဲ့အခြား Download Mode တွေကို ဒီ boot menu
ကနေတစ်ဆင့်ဝင်လို့ရနိုင်တဲ့ Android Boot Menu တစ်ခုဖြစ်ပါတယ်။



9. Firmware

Phone သို့မဟုတ် Tablet ရဲ့ Firmware ဆိုတာကတော့ များသောအားဖြင့် Operating
System ကိုပဲညွှန်းဆိုခြင်းဖြစ်ပါတယ်။ Firmware Update လုပ်တယ်ဆိုတာကလည်း
OS ကို Update ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။



10. IMEI



International Mobile Equipment Identity (IMEI) number လို့ခေါ်တဲက number
တစ်ခုဖြစ်ပြီး GSM, WCDMA, and iDEN mobile device တွေနဲ့အခြား satellite
device တွေမှာသုံးတဲ့ unique number တစ်ခုဖြစ်ပါတယ်။ ဒီ number ကို device
တွေရဲ့ settings ထဲမှာကြည့်ရှုနိုင်ပါတယ်။



11. Kernel



Kernel ဆိုတာကတော့ Operating System ရဲ့အသဲနှလုံးပဲဖြစ်ပြီး Hardware နဲ့
Software (ဒီနေရာမှာတော့ App) ကြားဆက်သွယ်ပေးတဲ့
အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။



12. Opensource



Opensource ဆိုတာကတော့ software တစ်ခုကိုထုတ်လုပ်ပြီးလို့ဒီ software ဟာ
opensource လို့ပြောလိုက်ပြီဆိုတာနဲ့ဒီ software ရဲ့ codes
တွေကိုလိုသလိုပြုပြင်ပြောင်းလဲလို့ရပြီး
အများတကာအသုံးပြုနိုင်ခြင်းကိုဆိုလိုပါတယ်။



13. Recovery



Recovery ဆိုတာကတော့ ကျွန်တော်တို့ Android Device တွေမှာရှိတဲ့ Internal
Storage အတွင်းက အခန်းငယ်လေးတစ်ခု (Partition) ဖြစ်ပြီး Custom ROM
ထည့်သွင်းခြင်း system-level
လုပ်ဆောင်ချက်တွေပြုလုပ်တဲ့နေရာမှာအသုံးပြုပါတယ်။



14. ROM



Android အဝင်းအဝိုင်းမှာတော့ ROM ဆိုတာဟာ Read Only Memory ဖြစ်ပြီး
အသစ်ပြုပြင်ပြောင်းလဲထားတဲ့ Android Operating System
ကိုပဲခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။ Custom ROM လို့လည်းခေါ်ဝေါ်ပါတယ်။ Custom ROMs
တွေကတော့ CyanogenMod, Android Open Kang Project (AOKP) နဲ့ MIUI
တို့ပဲဖြစ်ပါတယ်။



15. ROM Manager



ROM Manager ဆိုတာတော့ အလွန်အသုံးဝင်တဲ့ app တစ်ခုဖြစ်ပြီး root
လုပ်ပြီးမှအသုံးပြုနိုင်မယ့် app တစ်ခုဖြစ်ပါတယ်။ ClockworkMod Recovery
ထည့်သွင်းခြင်း (သို့) CMW ထဲဝင်ခြင်း Custom ROM ထည့်သွင်းခြင်း
အစရှိတဲ့လုပ်ဆောင်ချက်တွေကို ဒီ ROM Manager
ကနေတစ်ဆင့်ဆောင်ရွက်လို့ရပါတယ်။



16. Root



Root ဆိုတာကတော့ Android Device တစ်ခုပေါ်မှာ Administrator (သို့) Full
Access ဖြင့်အသုံးပြုခြင်းဖြစ်ပါတယ်။ (Root အကြောင်းအသေးစိတ်ဆောင်းပါးကို
ရှာဖွေလေ့လာနည်းပညာ Album ထဲမှာသွားရောက်ဖတ်ရှုနိုင်ပါတယ်။)



17. Superuser



Superuser ဆိုတာကတော့ Android OS အတွက် special user account တစ်ခုဖြစ်ပြီး
root account လို့လည်းခေါ်ပါတယ်။ Superuser ကနေမှတစ်ဆင့် Device
ကိုလိုသလိုစီမှန်ခန့်ခွဲလို့ရပါတယ်။



18. Wipe

Wipe လုပ်တယ်ဆိုတာကတော့ Device ထဲမှာ ရှိတဲ့ data တွေကိုဖျက်ထုတ်ပစ်ခြင်းပဲဖြစ်ပါတယ်။



အခုပြောပြခဲ့တဲ့အခေါ်ဝေါ်တွေအားလုံးနီးပါးကို စာဖတ်သူတို့  Android Device တွေရဲ့လောကထဲမှာ မှာတွေ့ဖူးမြင်ဖူးကြမှာဖြစ်ပါတယ်။





ဒီအကြောင်းအရာလေးကတော့ ကျွန်တော်ရေးတာမဟုတ်ပါဘူးခင်ဗျာ ဆိုက်လိပ်စာလေး
မမှတ်မိတော့လို့ ရေးမပေးလိုက်တာပါ။ ရေးသားသူကိုလည်း ဒီနေရာလေးကပဲ
ခွင့်ပြုပေးပါလို့တောင်းဆိုပါတယ်ခင်ဗျာ။



 

 Credit : http://www.pyayblogger.com/2013/01/android-root.html

Saturday, 3 August 2013

Android Touch ဖုန်းတော်တော်များရဲ့အားနည်းချက်က Battery အကြောင်း




Android Touch ဖုန်းတော်တော်များရဲ့အားနည်းချက်က Battery ခံနိုင်မှု့

သက်တမ်းလို့ပြောရင်ရနိုင်ပါတယ်။ ဒါကလည်း LCD Display ရဲ့အဓိကသုံး

စွဲနေမှု့အပိုင်းပါပဲ၊ အဲဒီတော့ ဒီ Post မှာဘယ်အပိုင်းတွေကြောင့် Battery

စားနေသလဲဆိုတာကို ကိုယ်ဘာကိုယ် Monitor လုပ်တဲ့အပိုင်းရယ် .

အားခံအောင်ဘယ်လိုအချက်မျိုးတွေကိုရှောင်သင့်တယ်ဆိုတဲ့အချက်တွေ

ကိုပြောပြပေးသွားပါမယ်။

ဘယ်အပိုင်းတွေကြောင့် / ဘယ် App တွေကြောင့် Battery ပိုသုံးနေသလဲ?
.............................................................................................

တကယ်တော့ Android ဖုန်းတွေရဲ့ Setting ထဲမှာဘယ်အပိုင်းကဘယ်
လောက်အတိုင်းအတာအထိ Battery စားနေလဲဆိုတာကိုအမြဲတမ်းစောင့်
ကြည့်ပေးနေတဲ့ Function တစ်ခုပါဝင်ပါတယ်။ ကိုယ်တိုင်လေ့လာကြည့်

မယ်ဆိုရင် Setting ထဲကိုသွားပါ Battery ဆိုတဲ့အပိုင်းမှာ Battery
Informationအပိုင်းရှိပါတယ်။ အဲဒီနေရာမှာကြည့်လိုက်ရင် Screen က Battery
ကို
ဘယ်လောက်ရာခိုင်နှုန်းလောင်းသုံးထားတယ် Voice Call ကဘယ်လောက်
ရာခိုင်နှုန်းလောက်သုံးထားတယ် စသည်ဖြင့်ပြနေပါလိမ့်မယ်။
အပေါ်ဆုံးမှာရာခိုင်နှုန်းအများဆုံးနဲ့သုံးနေတဲ့ App တစ်ခုရှိနေတယ်
ဆိုရင်တော့ Uninstall လုပ်ပစ်လိုက်တာအကောင်းဆုံးပါပဲ။

Battery အားခံအောင်ဘယ်လိုထားကြမလဲ?
......................................................




Battery အားကိုတတ်နိုင်သမျှခံနိုင်ရုံကိုထိမ်းသိမ်းပေးတာကလွဲရင် ခံနိုင်တဲ့
အရေအသွေးထက်ပိုပြီးစွမ်းဆောင်နိုင်အောင်လုံးဝလုပ်လို့မရပါဘူး၊ ရခဲ့လျှင်
လည်း ၁နှစ်ခံမဲ့ Battery က ၅ လနဲ့ပျက်ပါပြီ။ အဲဒီတော့ အခုသုံးနေတဲ့
Battery Widget တွေ Battery App တွေက ပြောရရင်ပိုပြီးတော့တောင်
မိမိဖုန်းကိုအားကုန်စေပါတယ်၊ ဘာကြောင့်လဲဆိုတော့ အချိန်နဲ့အမျှဘယ်
လောက်အတိုင်းအတာကျန်သေးလဲဆိုတာကို Notification Bar မှာ Update
ဖြစ်အောင်စောင့်ကြည့်ပေးနေရလို့ပါပဲ၊ ဒါဟာ CPU ကိုပိုမိုသုံးစွဲစေပြီး
အားကိုပိုကုန်စေတယ်ဆိုတာကျိန်းသေးပါတယ်။ မည်သည့်ဖုန်းမဆို
ဝယ်တည်းက Battery အတိုင်းအတာဘယ်လောက်ရှိလဲဆိုတာကို
ပြသပေးတဲ့ဟာကပါထားပြီးသားပါ ဒါကိုမှထပ်တိုးပြီးနောက်ထပ် App
ထည့်တယ်ဆိုကတည်းက Battery ကိုပိုခိုင်းနေပြီဆိုတဲ့သဘောပါပဲ။
နောက်တစ်ခုက Battery Widget တွေတင်တာ ရှင်းလင်းရေး App
တွေတင်တာဟာ CPU ကိုပိုပြီးတော့ ခိုင်းစေနေတာဖြစ်တဲ့အတွက်
Battery Performance ကိုကျစေပါတယ်။ ဒီတော့ တတ်နိုင်သမျှမိမိ
ဖုန်းကိုအားခံအောင်ဘယ်လိုသုံးမလဲဆိုတာကတော့ အားသုံးစေမဲ့
အပိုင်းတွေကိုပိတ်ထားစေတဲ့နည်းပါပဲ။ အပေါ်ကပြောခဲ့သလိုဘယ်
အပိုင်းကြောင့် Battery စားနေလဲဆိုတာကိုကြည့်ပါ၊ ပြီးရင် အဲဒီအပိုင်း
တွေကိုပိတ်သင့်တဲ့အချိန်ပိတ်ထားပါ၊

ကျွန်တော်အနေနဲ့ကတော့အောက်ကအပိုင်းလေးတွေကိုအကြမ်းဖြင်း
ထိမ်းသိမ်းနိုင်မယ်ဆိုရင် Battery အားခံနိုင်ရည်ကိုပိုမိုကောင်းမွန်လာ
မယ်လို့ယူဆပါတယ်။

၁) GPS ကိုအမြဲဖွင့်မထားပါနဲ့

GPS ဆိုတာက Connection ကိုအမြဲလိုက်ဖမ်းနေတာဖြစ်တဲ့အတွက်ကြောင့်

GPS ကိုအမြဲဖွင့်ထားမယ်ဆိုရင် ဖုန်း Battery ပိုစားစေမှာဖြစ်ပါတယ်။

၂) Wifi ကိုမသုံးရင်ပိတ်ထားပါ

Wifi ကိုချိတ်ပြီးသုံးနေတယ်ဆိုရင်တော့ဖွင့်ထားရမှာဖြစ်ပေမဲ့၊ Wifi ကိုချိတ်သုံး

နေခြင်းမဟုတ်ဘဲဖွင့်ထားမယ်ဆိုရင်တော့ Wifi ဆိုသည့်အတိုင်းအနီးနားမှာရှိတဲ့

Connection တွေကိုနောက်ကွယ်မှာလိုက်လံဖမ်းယူနေတာဟာလဲ Battery အား

ပိုကုန်စေပါတယ်။

၃) Bluetooth ကိုမသုံးရင်ပိတ်ထားပါ

တစ်ချို့သော User တွေကအမှတ်မထင်ဖွင့်ထားမိတတ်တာမျိုးရှိပါတယ်။ သဘော

ကတော့ Wifi နဲ့အတူတူပါပဲ အနီးမှာရှိတဲ့ Bluetooth တွေနဲ့ Connection အနေ

အထားကိုအလိုလျောက် Scan ဖတ်နေတာမို့ Battery ကိုသုံးနေမှာဖြစ်ပါတယ်။

၎) Screen Brightness ကိုအဆုံးထိတင်မထားသင့်ပါ

အပေါ်ဆုံးမှာပြောခဲ့သလိုပဲ Touch ဖုန်းတစ်လုံးရဲ့အဓိကသုံးစွဲတဲ့အပိုင်းဟာ

Screen ပဲဖြစ်ပါတယ်။ ဒါကြောင့် Screen အလင်းအမှောင်ကိုအဆုံးထိတင်

ထားမယ်ဆိုရင်တော့ Battery ကိုပုံမှန်ထက်ကိုပိုစားစေမှာဖြစ်ပါတယ်။

၅) Live Wallpaper များသုံးခြင်း

ဒါကတော့မိမိဖုန်းကိုအလှဆင်မှု့အပိုင်းဖြစ်တဲ့အတွက်မလုပ်သင့်ဘူးလို့တော့

ပြောလို့မရပါဘူး၊ ဒါမဲ့ ပြောလို့ရတာကတော့ Live Wallpaper ဟာ Battery

ကိုပိုသုံးစေတဲ့အထဲမှာ ထိပ်ဆုံးကပါဝင်ပါတယ်။ တစ်ချို့ Live Wallpaper တွေ

က Animation ကိုသိပ်သုံးမထားခဲ့ရင်တော့ပြသနာမကြီးပေမဲ့ တစ်ချို့ Live

Wallpaper တွေက animation ကိုတော်တော်များများကြီးသုံးတတ်ပါတယ်။

အဲလိုသုံထားပြီးဆိုရင်တော့ Battery Information ထဲမှာဝင်ကြည့်ကြည့်လိုက်

အားသုံးသည့် ရာခိုင်းနှုန်း ကိုအများဆုံးဆုံးမဟုတ်ရင်တောင် ဒုတိယနေရာ

တတိယနေရာလောက်မှာကျိမ်းသေရှိနေပါလိမ့်မယ်။

၆) အားကုန်ခမ်းအောင်အသုံးပြုခြင်း

ဒီအပိုင်းကတော့ Battery ပိုကုန်စေတာမဟုတ်ပါဘူး၊ Battery ရဲ့သက်တမ်းကို

တိုစေတာပါ။ Battery ရဲ့သက်တမ်းကိုကုန်ခမ်းသွားအောင်သုံးပြီးမှ အားပြန်သွင်း

တာကို ၁၀ ကြိမ်မှာတစ်ကြိမ်သက်သက်လုပ်ပေးသင့်ပါတယ်။ ဒါမဲ့အမြဲတမ်းဖြစ်

နေမယ်ဆိုရင်တော့ Battery သက်တမ်းကကျိန်းသေကျဆင်းသွားပါလိမ့်မယ်။

၁ နှစ်ကြာအောင်သုံးနိုင်တဲ့ Battery သက်တမ်းက ၅ လနဲ့ပျက်ဆီးပြီးလဲပစ်ရတာ

မျိုးရှိသလို၊ အားသွင်းလိုက်ရင်လည်းအရင်က ၁ နာရီခံတဲ့ဖုန်းက နာရီဝက်ပဲခံတော့

တာမျိုးပြသနာတွေကြုံလာရမှာဖြစ်ပါတယ်။

၇) Connection မရနိုင်တော့တဲ့နေရာ Airplane Mode ON ထားသင့်သည်

ဒါကတော့တစ်ခါတစ်ရံမှာကြုံရမှာပါ၊ အများဆုံးအဖြစ်များတာကတော့

ခရီးသွားတဲ့အခါမျိုးတွေမှာပေါ့၊ လိုင်းကမမိတော့ဘူးဆိုတဲ့အချိန်မှာ ဖုန်း Radio

ကလိုင်းဆွဲအားကိုပိုသုံးနေရပါတယ်။ လိုင်းလဲမိရောဖုန်းပြောစရာအားမရှိတာ

မျိုးကြုံတတ်ပါတယ်။ ဒါကြောင့်လိုင်းလုံးဝမမိတော့ဘူးဆိုရင် Airplane Mode

ON ထားလိုက်မျိုးပဲဖြစ်ဖြစ်၊ Power ပိတ်ပစ်လိုက်တာမျိုးပဲဖြစ်ဖြစ်လုပ်ထားရင်

အားကုန်သက်သာစေမှာဖြစ်ပါတယ်။

၈) Battery သုံးမဲ့ App တွေကိုလေ့လာစောင့်ကြည့်ခြင်း

တစ်ချို့တွေကမိမိဖုန်းထဲမှာ App များပြီးရောဆိုပြီးထည့်ထားတတ်ကြပါတယ်။

အဲလိုထည့်ထားလိုက်ရင် ဘယ် App တွေကဘာမှန်းမသိဘဲနောက်ကွယ်မှာ

Run နေတတ်တာမျိုးတွေရှိပါတယ်။ တစ်ချို့ App တွေဆိုနောက်ကွယ်မှာအမြဲ

တမ်း Run နေပြီးတော့ ဖုန်းတစ်လုံးရဲ့အခြေအနေကိုစောင့်ကြည့်နေတာမျိုး

တွေရှိပါတယ်။ ဥပမာ ရှင်းလင်းရေး လို App မျိုးပေါ့ သင့်ဖုန်းကိုအပြည့်အဝ

ကာကွယ်ပေးနေပါသည်ဆိုပြီး အပြည့်အ၀ Battery သုံးနေတာပါ။ သိသိသာကြီး

ဆွဲယူသုံးဆွဲနေတာမျိုးမဟုတ်ပေမဲ့ Battery အားကိုအသုံးပြုနေတာကတော့

အမှန်ပါပဲ။ အဲဒါတွေသုံးမှဖုန်းပိုလေးသွားတတ်ပါတယ်။ Android OS မှာကိုက

Memory Management တွေ Cache Management တွေပါပြီးသားပါ ဒါကို

App သုံးပြီးရှင်းတာဟာ မလိုအပ်တဲ့အချိန်မှာရှင်းရင်ပိုပြီးတော့လေးလံစေပါတယ်။

(ဒီအကြောင်းကိုဒီအပိုင်းမှာအကျယ်တပွင့်မရှင်းလိုပါ၊ သိလိုသူများရှိပါက

comment ထားခဲ့နိုင်ပြီး နောက်ပိုစ်တစ်ခုဖြင့်ရှင်းပြပေးပါမည်၊)

ဆိုလိုချင်တာက ဘယ် App ကြောင့်ရယ်တော့တိုက်ရိုက်စွဲဆိုပြီး List ထုတ်ပေး

လို့မရပါဘူး၊ ကိုယ် Phone ထဲက Battery Information မှာဝင်စစ်ကြည့်လိုက်ရင်

ဘယ် App တွေက အားပိုစားစေတဲ့ဆိုတဲ့အချက်ကိုတွေ့ရပါလိမ့်မယ်။

ကောင်းပါပြီ ... အကြမ်းဖြင်းအားဖြင့် ဒီအချက်တွေကိုသေချာအမြဲတမ်းသတိထားမယ်

ဆိုရင်တော့ မိမိ Android ဖုန်းမှာ Battery အားသုံးစွဲမှု့ကိုထိမ်းချုပ်နိုင်ပါလိမ့်မယ်။

တကယ်တော့ Factory Default ထက်ပိုမိုပြီးအားကိုသုံးလို့မရနိုင်ပါဘူး၊ အဲလိုရနိုင်တဲ့

App တွေဆိုတာကလည်း အပေါ်ကပြောတဲ့အချက်တွေကို Setting ထဲမှာအလို

လိုလိုက်ပြင်ပေးတဲ့အဆင့်တွေပဲဖြစ်ပါတယ်။ ဒါကြောင့် မိမိဘာသာ Manage လုပ်မယ်

ဆိုရင်တော့ အကောင်းဆုံးနဲ့စိတ်အချရဆုံးမယ်ဖြစ်မယ်လို့ပြောချင်ပါတယ်။

အဆင်ပြေနိုင်ပါစေ





Credit To Lamin Maung

Friday, 2 August 2013

samsung galaxy tab များမြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လာမည်







Samsung Galaxy Tab 3 မြန်မာနိုင်ငံတွင် ရက်ပိုင်းအတွင်း စရောင်းမည်
ရန်ကုန်၊ သြဂုတ် ၂


ကမ္ဘာ့ မိုဘိုင်းလ်ဖုန်း ဈေးကွက်တွင် ဈေးကွက်ဝေစု အများဆုံး ရရှိထားသည့်
ဆမ်ဆောင်းက နောက်ဆုံး ထုတ်လုပ်လိုက်သော Samsung Galaxy Tab 3 ကို
မြန်မာနိုင်ငံတွင် သြဂုတ်လ ဒုတိယပတ်အတွင်း စတင် ရောင်းချ မည် ဖြစ်ကြောင်း
ဆမ်ဆောင်း မြန်မာ ကုမ္ပဏီမှ တာဝန်ရှိသူ ဦးဇာနည် ဝင်းထက်က ပြောကြားသည်။

“အခု မိတ်ဆက်တဲ့ Tab 3 တွေက အရင် ဆမ်ဆောင်း တက်ဘလက်တွေ ထက် ပိုပါးတယ်။ ပေါ့လည်း ပိုပေါ့တယ်” ဟု ၎င်းက ပြောဆိုသည်။


ဆမ်ဆောင်း ကုမ္ပဏီမှ နောက်ဆုံး ထုတ်လုပ်ထားသော Tab 3 အမျိုးအစား ၇ လက်မ၊ ၈
လက်မနှင့် ၁၀ ဒသမ ၁ လက်မ တက်ဘလက် သုံးမျိုးလုံးသည် 3G မိုဘိုင်းလ်ဖုန်း
စနစ် အသုံးပြုနိုင်ပြီး အသံစနစ် ကောင်းမွန်အောင် လုပ်ဆောင်ထားကြောင်း
အဆိုပါ ကုမ္ပဏီ၏ Channel Manager ဦးဇော်ကိုကိုထွန်းက ပြောဆိုသည်။

၇
လက်မအရွယ် Tab 3 တက်ဘလက်ကို ကျပ် သုံးသိန်း သုံးသောင်းနီးပါး၊ ၈ လက်မအရွယ်
Tab 3 ကို ကျပ် လေးသိန်း နီးပါးနှင့် ၁၀ ဒသမ ၁ လက်မ အရွယ် Tab 3 ကို ကျပ်
လေးသိန်း ငါးသောင်းခန့် ဖြင့် ရောင်းချဖွယ် ရှိပြီး ဈေးနှုန်း အတိအကျ
မသိရှိရသေးကြောင်း ဆမ်ဆောင်း မြန်မာ ကုမ္ပဏီမှ ဝန်ထမ်း တစ်ဦးက ပြောကြားသည်။


ဆမ်ဆောင်း မြန်မာ ကုမ္ပဏီသည် ဆမ်ဆောင်း ဆိုင်ခွဲများကို ရန်ကုန်တွင် ၁၁
ဆိုင်၊ မန္တလေးတွင် သုံးဆိုင်၊ တောင်ကြီးမြို့နှင့် မုံရွာမြို့တို့တွင်
တစ်ဆိုင်စီ ဖွင့်လှစ်ထားပြီး မကွေးမြို့တွင်လည်း ထပ်မံ ဖွင့်လှစ်မည်ဟု
အဆိုပါ ကုမ္ပဏီထံမှ သိရသည်။












 CREDIT TO-THE VOICE WEEKLY 





ကျွန်တော်
့ဘလော့ လေးကိုလာလည်ကျတဲ
့သူငယ်ချင်းများအားလုံးကိုကျေးဇူးတင်ပါတယ်။မိတ်ဆွေတို့ ရဲ
့ဖုန်းပြသနာများကို
saithu102@gmail.com/saithu777@facebook.com/saithu102.blogspot.com သို
့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။