မြန်မာတို့ရဲ့  အထွတ်အမြတ်

ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေရဲ့  တန်ဖိုးဖြတ်လို့မရနိုင်တဲ့ ရွှေတိဂုံဘုရား၏ ကျက်သရေ

ရွှေတိဂုံ စေတီ

၁၈၅၅ ခုနှစ် ဝန်းကျင်လောက်က မြင်တွေ့ရတယ့် ရွှေတိဂုံစေတီတော်

ဂျပန်နိုင်ငံတွင် ဂျပန် စစ်ဘက် ခေါင်းဆောင်များနဲ့ အတူ ဗိုလ်ချုပ် အောင်ဆန်း ...

Yangon Su Lay pagoda

မြန်မာပြည် မြို့တော် ရန်ကုန်မြို့ ရဲ့ ရှူခင်း

Showing posts with label Virus အမျိုးမျိုးသတ်နည်းအကြောင်း. Show all posts
Showing posts with label Virus အမျိုးမျိုးသတ်နည်းအကြောင်း. Show all posts

Sunday, 20 October 2013

Computer System Care TOOL ပေါင်းချုပ် စုစည်းတင်ဆက်မှု (Internet သုံးသော Computer များအတွက် Virus, Malware, Keylogger ရန်တို့မှကင်းဝေးရန်)







၁) Virus, Keylogger, Malwarebytes, Hacking tool တွေ ရှင်းလင်းရှာဖွေပေးနိုင်သော အောက်က ကောင်လေးများကို ပထမဆုံးအကြံပြုပါရစေ....



(1) Microsoft Security Essential လိုအပ်ရင် ဒီမှာယူပါ

(2) Malwarebytes Download Here!

(3) USB Disk Security လိုအပ်ရင် ဒီမှာယူပါ

(4) CCleaner Download Here!

(5) www.virustotal.com







(1) Microsoft Security Essential ကတော့ အများလက်ခံထားတဲ့ Virus တော်တော်များများကို သတ်ပေးနိုင်တယ်။ ဥပမာ (Win 32...)







 (2) Malwarebytes ကတော့ Internet မှာ ပါလာသော Trojan, Malware များ,
Keylogger နှင့်

Hacking tools များကို Malwarebytes နဲ့ စစ်ရင် ပေါ်ပါတယ်။
မသင်္ကာဖွယ် Website တွေကိုလဲ ဖွင့်ခွင့်မပေးဘူး။







(3) USB Disk Security ကတော့ Computer သုံးသူတိုင်း USB stick/external Drive များ
SD Card များကို မလွဲမသွေ သုံးရမှာပါ။ သူက Virus အားလုံးကို
မသတ်နိုင်ပေမယ့် တကယ်ကို အသုံးဝင်ပါတယ်။ Window တင်ပြီးတိုင်း
သူ့ကို မပါမဖြစ်ကို ခေါ်ထားရတယ်။ တစ်ခုတော့ရှိတယ်နော် Activate လုပ်ထားမှ သူက
သတ်ပေးတာပါ။





(4) CCleaner ကို Recent file များ၊ Temp File များ၊ Recycle Bin မှ File
များ အားလုံးကို ရှင်းလင်းရန်၊ Registry Error များကို ရှင်းရန်၊
မိမိမလိုအပ်သော Program များကို Uninstall လုပ်ရန်အတွက် အဓိက သုံးပါတယ်။
ပုံမှန်အားဖြင့် တစ်ပတ်တစ်ကြိမ်လောက် CCleaner လေးနဲ့ ရှင်းပေးနိုင်ရင် ပိုကောင်းပါတယ် Registry Error ကိုတော့ မိမိစက်မှာ Virus
တွေ့ထားတဲ့အခါ Full Scan နဲ့ စစ်ပြီးရင်တော့ သုံးပါတယ်။

CCleaner လေးရဲ့ကောင်းကြောင်းကတော့ သုံးဘူးသူတိုင်းသိပါတယ်..ရိုးရိုးလေးနဲ့ သုံးရတာလည်းလွယ်ပါတယ်...





(5) www.virustotal.com ကို File များ Virus, Maleware, Keylogger, ...
တို့ပါမပါစစ်ရန်၊ ခု ဒီဘက်ခေတ်မှာ အကောင့်ဟက်ချင်သူတွေရဲ့ လက်စွဲ RAT,
Keylogger တွေခေတ်စားလာတယ် လင့်တွေကိုလည်း Download မလုပ်မီ
အရင် စစ်သင့်ပါတယ်။ မစစ်ပဲ Download လုပ်ပီးပါလာရင်

 အနှောက်အယှက်ဖြစ်တာပေါ့ဗျာ



အကြံပြုချက်လေး

အသုံးပြုနေရင်း စက်က ပုံမှန်ထက် ပိုလေးလာသည်ဖြစ်စေ၊ File တွေ Software တွေ
ဖွင့်ရတာ အနှောက်အယှက် တစ်ခုခု ဖြစ်လာရင် MSD (or other antivirus) update
ဖြစ်နေသော Software ဖြင့် Full Scan စစ်စေချင်ပါတယ်။ အချိန်ပေးရသလို တကယ်လည်း
ထိထိရောက်ရောက် ရှာပေးပါတယ်။ နောက်တဆင့် Malwarebytes နဲ့လည်း Scan
စစ်ပေးပါ။ အားလုံးစစ်လို့ပြီးရင် Compuer ကို Restart ချပေးပါ။ ပြီးရင်
CCleaner နဲ့ Clean လုပ်ပေးပါ။ (Virus effect ကြောင့် error
ဖြစ်နိုင်သဖြင့်) CCleaner နဲ့ Registry Error ကိုလဲ ရှင်းပေးပါ။
အားလုံးပြီးပြီဆိုရင် Computer ကို Restart ပြန်လုပ်ပေးပါ။


ဤ post လေးဖန်တီးဖြစ်အောင် အသိပညာလေးရစေခဲ့သော မိုး(နည်းပညာများ) ကိုကျေးဇူးတင်ပါတယ်




Saturday, 31 August 2013

Malware Cleaner full version






Internet သုံးတဲ့ ကွန်ပျူတာစက်တိုင်း မျာ စောင်ထားတင့်တဲ့

Software လေးပါ အခုဆိုinternet ပေါ်မှာ Facebook တွေမှာ

Malware တွေ Spam တွေတော်တော် ဒုက္ခပေးနေတာတွေ့ရပါတယ်

အဲ့ဒါတွေကို ကွာကယ် နိုင်ဖို့ အတွက် Network Malware Cleanerကို တင်ထားလိုက်ပါ

ဆော့ဝဲလ်ကို အောက်မှာ ဒေါ်င်းလိုက်ပါ . .


Download link 


 Network Malware Cleaner

Sunday, 11 August 2013

Hunting Viruses (မြန်မာလို စာအုပ်)



Virus ၀င်နေတဲ့ စက်တွေထဲက ဖိုင်တွေ ပြန်ယူတတ်ဖို့၊ virus ကို Antivirus အနေနဲ့ကော၊ manual အနေ

နဲ့ပါ  သတ်တတ်ဖို့၊ စတစ်ထဲ virus မ၀င်အောင် ကာကွယ်တတ်ဖို့ ရေးထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

လိုအပ်သူများ Download ရယူနိုင်ကြပါပြီ။




Download=> Link 1 / Link 2 


 Credit>>http://www.mmithelper.com/2013/08/hunting-viruses.html

Monday, 5 August 2013

SVCHOST.EXE သတ်နည်း








mikesungpop: အကို svhost.exe အကြောင်း ပြောပြပါလား။ antivirus ကလည်း virus လိုမမြင်ဘူး။ ပြီးတော့ Window Defender ကိုဘယ်လိုသုံးရမလဲ ။ ပြောပြပေးပါ...




Window Defender  အကြောင်းကို နောက်ပို့စ်မှာ တင်ပေးပါ့မယ်...:)




 SVCHOST.EXE က Flash Drive များမှတဆင့် မိမိကွန်ပျူတာဆီသို့ အချိန်မရွေးရောက်နိုင်ပါတယ်..

သူတိုက်ခိုက်ခြင်းခံရရင် Signature တွေအနေနဲ့ ဒီလိုပြလေ့ရှိပါတယ်..

ကွန်ပျူတာစဖွင့်လိုက်တာနဲ့..




1. အဲဒီအချိန်က သုံးခဲ့တဲ့ Flash Drive ကိုပြန်တောင်းနေတတ်ပါတယ်..

2. Windows Directory ကိုမခေါ်ပဲနဲ့ တက်လာပါတယ်..

ဒါဆိုရင်တော့ SVCHOST.EXE ရဲ့ တိုက်ခိုက်ခြင်းကိုခံနေရပြီလို့ မှတ်ယူနိုင်ပါတယ်..





တကယ်တော့ SVCHOST ဆိုတာ ကျွန်တော်တို့ရဲ့ System ထဲမှာအမှန်တကယ်အလုပ်လုပ်နေတဲ့ File ပါ..

ခုပြောတဲ့ SVCHOST.EXE ကတော့ သူလို့ထင်ယောင်ထင်မှားဖြစ်အောင် ပုံမှားရိုက်တာပေါ့..

Process ထဲကနေ သူ့ကို Kill မယ်ဆို အမှန်တကယ်အလုပ်လုပ်နေတဲ့ System File နဲ့မှားယွင်းတတ်ပါတယ်..

အချို့ကတော့ သူ့ကို Process ကနေ Kill လိုက်ပေမယ့် ကွန်ပျူတာပြန်ဖွင့်လိုက်တာနဲ့ သူကပြန်တက်လာပါတယ်..

Antivirus ကလည်းသူ့ကိုရှာမတွေ့နိုင်ပါဘူး.. ဘာကြောင့်လဲဆိုတော့ သူက System File ယောင်ဆောင်ထားတာကိုး..



ကျွန်တော့်မှာတော့ သူ့ကိုသတ်စရာနည်းလေးရှိပါတယ်.. အကယ်လို့များ မိမိကွန်ပျူတာမှာ ၀င်နေရင်စမ်းကြည့်ကြပါလား..

အောက်ကအဆင့်လေးတွေတဆင့်ချင်းလုပ်ကြည့်ပါနော်..



1. Task Manager ခေါ်ပြီး Process Tab အောက်က svchost.exe ကို End Process
လုပ်လိုက်ပါ… svchost.exe တွေကတော့အများကြီးဖြစ်နေပြီ.. ဘယ်တစ်ခုကို End
ရမှန်းမသိဖြစ်နေကြပြီထင်ပါရဲ့.. လွယ်ပါတယ်.. ကျွန်တော်တို့ ကွန်ပျူတာထဲကို
ဘယ် User Name နဲ့ဝင်သလဲဆိုတာအရင်ဆန်းစစ်ကြည့်ဖို့တော့လိုပါတယ်..
မိမိဝင်ထားတဲ့ User Name အောက်မှာ run နေတဲ့ svchost.exe ကို End Process
လုပ်ရမှာပါ… မိမိဘယ် User Name မှာဝင်နေသလဲဆိုတာ Task Manager Windows ရဲ့
User ဆိုတဲ့ Tab အောက်မှာ ကြည့်နိုင်ပါတယ်..



2. Run Command (Windows+R) ကိုခေါ်ပြီး Restore လို့ ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ.. ပြီးရင် Tool>Folder Options ကိုသွားပါ…

ပြီးရင် View Tab အောက်မှာ Show Hidden Files & Folders ကို Check လုပ်ပါ..

နောက်တဆင့်အနေနဲ့ Hide Protected Operating Files System ကို Uncheck လုပ်ပေးပါ..

Operating Files System ကိုဖော်မှာဖြစ်တဲ့အတွက်ကြောင့် သူကအတည်ပြုချက်တောင်းပါလိမ့်မယ် Yes ကိုနှိပ်ပါ..

အဲဒီအခါ Restore Folder အောက်မှာ svchost ဆိုတဲ့ Fileရယ်၊ Data ဆိုတဲ့ Folder လေးရယ် မှိန်မှိန်လေးပေါ်လာပါလိမ့်မယ်..

ရဲရဲသာဖျက်လိုက်ပါ.. Shift+Del နဲ့နော်.. သင့်ရဲ့ စက်ကိုဒုက္ခပေးနေတာ အဲဒီကောင်ပေါ့..



3. နောက်ဆုံးအဆင့်အနေနဲ့ Run Command ကိုခေါ်ပြီး msconfig ကိုရိုက်ထည့်ပါ.. Enter နှိပ်ပါ

startup Tab ကိုသွားပါ.. အဲဒီအောက်မှာလည်း svchost ဆိုတာရှိနေပါလိမ့်မယ်..
Uncheck လုပ်ပေးပါ.. သူက သင့်ကွန်ပျူတာဖွင့်တိုင်း svchost
အလုပ်လုပ်နေအောင် အဲဒီကနေခိုင်နေတာပါ.. ပြီးရင် OK နှိပ်ပါ.. Restart
ပြုလုပ်ပေးဖို့လိုကြောင်းပြောပါလိမ့်မယ်.. Restart ကိုနှိပ်ပါ..

စက်ပြန်တက်လာရင်အားလုံးအဆင်ပြေသွားပါလိမ့်မယ်..






 Credit : http://naing-diary.blogspot.com

Sunday, 28 July 2013

Malwarebytes Anti-Malware v1.75.0.1100 + Keygen



http://techhelplinebd.com/wp-content/uploads/2013/06/fa66d8a19e6c52f17f2cd9a.jpg


MalwareByets
Anti-Malware ကလည်း တော်တော်များများသိပြီးသား နာမည်ကြီး Anti-Malware
တစ်ခုပါဗျာ။အခု Version အသစ်လေးထွက်လာလို့ တင်ပေးလိုက်ပါတယ်။
အမြဲတမ်းသုံးနိုင်အောင်လည်း Keygen ကိုထည့်ပေးထားပါတယ်။ အသုံးပြုရတာ
ပေါ့ပေါ့ပါးပါးနဲ့ အခြား Antivirus များနဲ့တွဲဖက်အသုံးပြု နိုင်ပါတယ်ဗျာ။
အင်တာနက်မှာ အမှန်အကန်မွှေနှောက်တော့မယ်ဆိုရင်တော့ မိမိရဲ့ Personal Data
တွေ လုံခြုံမှုရှိဖို့ ဒီကောင်လေးကိုတော့ ဆောင်ထားသင့်ပါတယ်ဗျာ။
Malwarebytes Anti-Malware v1.75.0 ကို
Windows 2000, XP, and Vista/Win7 (32-bit and 64-bit) များမှာအသုံးပြုနိုင်ပါတယ်ဗျာ။


Malwarebytes
Anti-Malware is considered to be the next step in the detection and
removal of malware. In our product we have compiled a number of new
technologies that are designed to quickly detect, destroy, and prevent
malware. Malwarebytes Anti-Malware can detect and remove malware that
even the most well known anti-virus and anti-malware applications fail
to detect. Malwarebytes Anti-Malware monitors every process and stops
malicious processes before they even start. The Realtime Protection
Module uses our advanced heuristic scanning technology which monitors
your system to keep it safe and secure. In addition, we have implemented
a threats center which will allow you to keep up to date with the
latest malware threats.





Features:


Support for Windows 2000, XP, and Vista/Win7 (32-bit and 64-bit).


Light speed quick scanning.


Ability to perform full scans for all drives.


Malwarebytes Anti-Malware Protection Module. (requires registration)


Database updates released daily.


Quarantine to hold threats and restore them at your convenience.


Ignore list for both the scanner and Protection Module.


Settings to enhance your Malwarebytes Anti-Malware performance.


A small list of extra utilities to help remove malware manually.


Multi-lingual support.


Works together with other anti-malware utilities.


Command line support for quick scanning.


Context menu integration to scan files on demand.









**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  




**  Step-2. "5sec". လောက်စောင့်ပေးပါ။




**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။





**  Step-4. Download Link ကျလာပါလိမ့်မယ်။




**  အဆင်ပြေပါစေဗျာ။








Sunday, 21 July 2013

Hunting Viruses (Virus သတ်နည်း မြန်မာလို စာအုပ်)






ဒီစာအုပ်လေးကိုဖတ်ပြီး Beginner တွေတောင် သုံးတတ်ပါလိမ့်မယ်.. အတော်စုံတဲ့
စာအုပ်လေးပါ.. ကွန်ပျူတာသုံးနေသူများအတွက် Virus ဆိုတာ
မဖိတ်ခေါ်ဘဲရောက်လာတတ်တဲ့ အဓိကရန်သူပါ.. ဒီတော့ ရန်သူကိုနှိမ်နင်းဖို့
နည်းလမ်းပေါင်းစုံကို လေ့လာထားမှ အဆင်ပြေနိုင်ပါလိမ့်မယ်..
ဒီစာအုပ်လေးကတော့ ရန်သူ Virus ရဲ့ သဘာဝနဲ့ တိုက်ထုတ်ရမယ့်နည်းလမ်းတွေကို
ဖေါ်ပြထားတာပါတယ်. Computer လောကမှာတော့ Virus အမျိုးအစားပေါင်း
မရေမတွက်နိုင်လောက်အောင်များပြားလှပါတယ်.. ဒါပေမယ့် ဒီစာအုပ်လေးမှာ
အဖြစ်အများဆုံးသဘောသဘာဝနဲ့ ဘယ်လို သတ်မလဲဆိုတာရေးထားလို့ သဘောကျတာနဲ့
မောင်ပေါက်ရဲ့ မိတ်ဆွေများကို ပြန်လည်မျှဝေလိုက်ပါတယ်..


အဆင်ပြေပါစေ..

Download Here !

Credit to : IT Field Network

Tuesday, 16 July 2013

Virus အမျိုးမျိုးသတ်နည်းအကြောင်း










SVCHOST.EXE သတ်နည်း



SVCHOST.EXE က Flash Drive များမှတဆင့် မိမိကွန်ပျူတာဆီသို့အချိန် မရွေးရောက်နိုင်




ပါတယ်..သူတိုက်ခိုက်ခြင်းခံရရင် Signature တွေအနေနဲ့ ဒီလိုပြလေ့ရှိပါတယ်..


ကွန်ပျူတာစဖွင့်လိုက်တာနဲ့..




1. အဲဒီအချိန်က သုံးခဲ့တဲ့ Flash Drive ကိုပြန်တောင်းနေတတ်ပါတယ်..

2. Windows Directory ကိုမခေါ်ပဲနဲ့ တက်လာပါတယ်..




ဒါဆိုရင်တော့ SVCHOST.EXE ရဲ့ တိုက်ခိုက်ခြင်းကိုခံနေရပြီလို့ မှတ်ယူနိုင်ပါတယ်..



တကယ်တော့ SVCHOST ဆိုတာ ကျွန်တော်တို့ရဲ့ System ထဲမှာအမှန်တကယ်အလုပ် လုပ်နေတဲ့ File ပါ..ခုပြောတဲ့ SVCHOST.EXE ကတော့ သူလို့ထင်ယောင်ထင်မှားဖြစ်အောင် ပုံမှားရိုက်တာပေါ့..Process ထဲကနေ သူ့ကို Kill မယ်ဆို အမှန်တကယ်အလုပ်လုပ်နေတဲ့ System File နဲ့မှားယွင်းတတ်ပါတယ်..အချို့ကတော့ သူ့ကို Process ကနေ Kill လိုက်ပေမယ့် ကွန်ပျူတာပြန်ဖွင့်လိုက်တာနဲ့ သူကပြန်တက်လာပါတယ်..Antivirus ကလည်းသူ့ကိုရှာ မတွေ့နိုင်ပါဘူး.. ဘာကြောင့်လဲဆိုတော့ သူက System File ယောင်ဆောင်ထားတာကိုး..



ကျွန်တော့်မှာတော့ သူ့ကိုသတ်စရာနည်းလေးရှိပါတယ်.. အကယ်လို့များ မိမိကွန်ပျူတာမှာ ၀င်နေရင်စမ်းကြည့်ကြပါလား..




အောက်ကအဆင့်လေးတွေတဆင့်ချင်းလုပ်ကြည့်ပါနော်..






1. Task Manager ခေါ်ပြီး Process Tab အောက်က svchost.exe ကို End Process

လုပ်လိုက်ပါ... svchost.exe တွေကတော့အများကြီးဖြစ်နေပြီ.. ဘယ်တစ်ခုကို End

ရမှန်းမသိဖြစ်နေကြပြီထင်ပါရဲ့.. လွယ်ပါတယ်.. ကျွန်တော်တို့ ကွန်ပျူတာထဲကို

ဘယ် User Name နဲ့ဝင်သလဲဆိုတာအရင်ဆန်းစစ်ကြည့်ဖို့တော့လိုပါတယ်..

မိမိဝင်ထားတဲ့ User Name အောက်မှာ run နေတဲ့ svchost.exe ကို End Process

လုပ်ရမှာပါ... မိမိဘယ် User Name မှာဝင်နေသလဲဆိုတာ Task Manager Windows

ရဲ့ User ဆိုတဲ့ Tab အောက်မှာ ကြည့်နိုင်ပါတယ်..




2. Run Command (Windows+R) ကိုခေါ်ပြီး Restore လို့ ရိုက်ထည့်ပြီး Enter

နှိပ်လိုက်ပါ.. ပြီးရင်




Tool>Folder Options ကိုသွားပါ...




ပြီးရင် View Tab အောက်မှာ Show Hidden Files & Folders ကို Check လုပ်ပါ..




နောက်တဆင့်အနေနဲ့ Hide Protected Operating Files System ကို Uncheck လုပ်ပေးပါ..

Operating Files System ကိုဖော်မှာဖြစ်တဲ့အတွက်ကြောင့် သူကအတည်ပြုချက်တောင်း ပါလိမ့်မယ် Yes ကိုနှိပ်ပါ..အဲဒီအခါ Restore Folder အောက်မှာ svchost ဆိုတဲ့ Fileရယ်၊ Data ဆိုတဲ့ Folder လေးရယ် မှိန်မှိန်လေးပေါ်လာပါလိမ့်မယ်..

ရဲရဲသာဖျက်လိုက်ပါ.. Shift+Del နဲ့နော်.. သင့်ရဲ့ စက်ကိုဒုက္ခပေးနေတာ အဲဒီကောင်ပေါ့..






3. နောက်ဆုံးအဆင့်အနေနဲ့ Run Command ကိုခေါ်ပြီး msconfig ကိုရိုက်ထည့်ပါ.. Enter နှိပ်ပါ။startup Tab ကိုသွားပါ.. အဲဒီအောက်မှာလည်း svchost ဆိုတာရှိနေပါလိမ့်မယ်..

Uncheck လုပ်ပေးပါ.. သူက သင့်ကွန်ပျူတာဖွင့်တိုင်း svchostအလုပ်လုပ်နေအောင် အဲဒီကနေခိုင်နေတာပါ.. ပြီးရင် OK နှိပ်ပါ.. Restartပြုလုပ်ပေးဖို့လိုကြောင်းပြောပါလိမ့်မယ်.. Restart ကိုနှိပ်ပါ..စက်ပြန်တက်လာရင်အားလုံးအဆင်ပြေသွားပါလိမ့်မယ်..








Gtalk Virus






Gtalk virus ဆိုပြီး ခေတ်စားနေတဲ့ private cam အတွက် fix ရပါပြီ
ဒီနေရာမှာ
ယူလိုက်ပါ။ ဒီ file ကို run ပြီးရင်တော့ task manager ထဲမှာ private cam
နဲ့ စတဲ့ process တွေကို end task လုပ်ပြီး ဒီ file ကို ပြန် run
လိုက်ပါ။Folder တွေအောက်မှာ ပုန်းခိုနေတဲ့ .exe တွေကိုတော့
သင်ဖြတ်ပြစ်ဖို့လိုအပ်ပါလိမ့်မယ်။ ဒါပြင် regedit ထဲက [HKCU \Software
\Microsoft \Windows\CurrentVersion \Run] ထဲမှာ ရှိနေတဲ့ မလိုအပ်တဲ့ file
တွေကိုလဲဖြတ်ပြစ်ပါ။ msconfig ထဲက setup မှာလဲ မလိုအပ်တဲ့ file တွေကို
uncheck
ပြုလုပ်ပေးပါ။ သင့် computer ကို restart ပြုလုပ်လိုက်ပါ။





Kill Autorun Virus





Folder
Option ထဲက View မှာ Show Hidden files and folders ကို Tip လုပ်ပါ။ Hide
extension for known file type နဲ့ Hideprotected operating system file
ကို tip ဖြုတ်ပါ။ ပြီးရင် တော့ Hard Driveထဲက Autorun.inf နဲ့ Virus file
ကိုဖြတ် ပစ်ပါ။ဖြတ်လို့မရရင် Task Managerထဲက process မှာ run နေတဲ့ Virus
file ကို kill process လုပ်လိုက်ပါ။
Computer ကို restart လုပ်လိုက်ပါ။ ရှင်းသွားပါပြီ။




Virus များအတွက် website





့http://www.scanwith.com scanwith
ဆိုတဲ့ website လေးကို လူသိများကြမှာပါ ဗိုင်းရပ် နဲ့ ပတ်သတ်ရင် တော်တော်
စုံပါတယ် update, removal tool,antivirus software အားကိုးလောက်တဲ့ site
လေးပါ။ မသိသေးသူများ အတွက်
မျှဝေလိုက်ပါတယ်




I love you Virus ကိုသတ်တဲ့ ဆော့ဝဲလ်...



i
love you Virus ကို သတ်တဲ့ ဆော့ဝဲလ်လေးပါ။ သိကြတဲ့ အတိုင်းပါပဲ...။ Memory
stick ကို ဘာထိပြီ ဆိုရင် ကြည့်လိုက်... ဒီ အိုင်လက်ဖြု ပဲ....။
အခုဟာလေးကတော့ HD ရော Memory stick ကိုရော ရှာသတ်ပေးနိုင်ပါတယ်။ ဒီ မှာဒေါင်းပါ။




Loikaw Virus ကိုရှင်းလင်းပေးနိုင်သည့် Removal Tool တစ်ခု..





Loikaw
Virus ကိုရှင်းလင်းပေးနိုင်သည့် Removal Tool တစ်ခုပါ။ Loikaw Virus သည်
USB Drive များမှ အဓိကကူးပြီး ကွန်ပျူတာကို အသုံးပြုနေစဉ် အချိန်အတွင်း
Message Box များဖြင့် အနှောက်အယှက်ပေးခြင်း၊ အသုံးပြုနေသော Program သို့
စာကြောင်းများပေးပို့ခြင်း၊ bat file, cmd file များကို
အသုံးပြု၍မရအောင်ပြုလုပ်ခြင်း နှင့် အခြား အနှောက်အယှက် ဖြစ်စေ နိုင် သော
ကိစ္စများကို ဖြစ်စေပါသည်။ Loikaw Virus ၀င်ရောက်ခံရသော ကွန်ပျူတာ များ၏
Desktop တွင် Virus Information.txt ဟုသောဖိုင်ကိုတွေ့ရမှာဖြစ်ပါသည်။ ထို
Virus ၀င်ရောက်တိုက်ခိုက်ခြင်းခံရပါက ဒါလေး
ကို ဒေါင်းလိုက်ပါ။ Virus ၀င်ရောက်ထားသော ကွန်ပျူတာတွင် Loikaw Virus
Removal ကို Run လိုက်ခြင်းဖြင့် Virus ကို အပြီးတိုင်
ရှင်းလင်းနိုင်မည်ဖြစ်ပါသည်။





Virus အမျိုးအစားခွဲခြားခြင်း..








Computer
virus ဆိုတာ သူ့ကိုသူ attach လုပ်ထားတဲ့ program (သို့) file
တစ်ခုဖြစ်ပြီး ကွန်ပျူတာတစ်ခုကနေ တစ်ခုကို
ပြန့ှ်နှံ့ကူးစက်နိုင်ပါတယ်..လူတွေမှာ Virus ကူးသလိုပဲ ပြန့်နှံ့ပြီးတော့
ကွန်ပျူတာရဲ့ System ကိုပုံမှန်အလုပ်မလုပ်အောင် နှောက်ယှက်မယ်၊ Windows ကို
Error တွေများလာအောင်လုပ်မယ်၊ user data တွေကို ဖျက်ဆီးမယ်၊ Hardware တွေ
Software တွေ အရေးကြီးတဲ့ File တွေကို ဖျက်ဆီးမယ်... စတာတွေကို
လုပ်ဆောင်ပါတယ်..

ဒါပေမယ့် Virus အများစုဟာ executable file တွေဖြစ်ကြပါတယ်...

ဥပမာ..
chrome.exe, system.bat , flashy.com စသဖြင့်ပေါ့ ..
သူတို့ဟာကွန်ပျူတာထဲမှာ ရှိနေရင်တောင်မှ သင်ကိုယ်တိုင်မှ သွားမဖွင့်ရင်/
သွားမ run မိရင် ကွန်ပျူတာကို ဘာမှ မထိခိုက်နိုင်ပါဘူး... ဒါကြောင့်
မှတ်ထားရမှာက လူ၏ လုပ်ဆောင်ချက်မပါ ၀င်ပဲ Computer Virus သည် မပျံ့နှံ့
မကူးစက်နိုင်ပါ...Virus ပျံ့နှံ့နိုင်တဲ့ နည်းလမ်းတွေကတော့
အမျိုးမျိုးရှိပါတယ်...forward E-mail က attached file တွေ၊ memory
stick(flash/thumb drives) တွေ၊ Full sharing ကနေ virus infected file
ထည့်တာ တွေ၊ သူငယ်ချင်း အချင်းချင်း မသိပဲနဲ့ Virus infected file ကို
share လုပ်မိတာတွေ .. စသဖြင့်ပေါ့...ဗျာ




၂။ Malware




Malware ဆိုတာ အင်္ဂလိပ်စကား ၂
လုံး Malicious Software ကိုပေါင်းစပ်ပြီး ကွန်ပျူတာပညာရှင်တွေက
အလွယ်ခေါ်ကြတဲ့ virus လို program တွေပါပဲ.. အဲဒိ Malware
ကကွန်ပျူတာပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရပဲ ၊ မသိစေပဲ single computer /
server / computer network ထဲ ၀င်ပြီး ကွန်ပျူတာ System
ပျက်ဆီးစေနိုင်အောင် ၊ အနှောက်အယှက်ဖြစ်အောင် ရေးလေ့ရှိကြပါတယ်..
Malware
တစ်ခုမှာ Computer VIrus , worms, trojan horses, most rootkits, spyware,
dishonest adware, crimeware and other malicious and unwanted software
တွေပါဝင်လေ့ရှိပါတယ်..




၃။ Worm




worm ဆိုတာက virus
နဲ့ဆင်တူအောင်ရေးထားကြတာပါပဲ.. virus တစ်ခုရဲ့ Sub-class
လို့လည်းခေါ်လို့ရပါတယ်... သူကတော့ Virus လို လူကဖြန့်မှ ပျံ့တာမျိုးမဟုတ်ပဲ
သူပါသူ Computer network ထဲမှာရှိတဲ့ အခြားကွန်ပျူတာတွေကို
လူရဲ့လုပ်ဆောင်ချက်လုံးဝမပါပဲနဲ့ ပျံ့နှံ့စေတာဖြစ်ပါတယ်...သူ့ပါသူ
ဖြန့်နိုင်တဲ့ စွမ်းရည်ရှိတာပေါ့နော်...အကြီးမားဆုံး အန္တရာယ်ကတော့ သူ က
သူ့ပါသူ System file တစ်ခုလို အယောင်ဆောင်ပြီး သူ့ကိုယ်သူ သန်းပေါင်း ၁၀၀
လောက် copy ပွားနိုင်ပါတယ်၊ Hard disk ရဲ့ used space ကို
များလာစေတယ်..Computer ရဲ့ System memory usage တွေ များလာစေတယ်.. network
bandwidth တွေကိုတက်လာစေတယ်... Run ထားတဲ့ program တွေကို not responding
ခဏခဏဖြစ်လာစေတယ်.. လူသိများတဲ့ worm ကတော့ Blaster Worm
ပါ.. ထွင်လိုက်တဲ့လူကတော့ ၂၀၀၅ ခုနှစ်တုန်းက အသက် ၁၈နှစ် အရွယ် Jeffrey
Lee Parson ဖြစ်ပြီး ထောင် ၁၈ လ ကျသွားခဲ့ပါတယ်.. Blaster worm က windows
စတက်တာနဲ့ Registry ကီး
HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Run\windows
auto update = msblast.exe မှာ နေရာယူပါတယ် ၊ msblast.exe ဆိုတာက တော့
နာမည်တူပေးထားတာပေါ့


Blaster worm က
Computer System ထဲမှာ ရှိနေပြီဆိုတာနဲ့ Cracker တွေက ကွန်ပျူတာကို Remote
လုပ်ပြီး ထိန်းချုပ်နိုင်အောင် ရေးထားပါတယ်..





Trojan horse ကို Trojan
လို့လည်းခေါ်ပါတယ်.. Trojan ဆိုတဲ့ မြင်းရုပ်ကြီးအကြောင်း ငယ်ငယ်က
ကမ္ဘာ့သမိုင်းမှာ သင်ဖူးကြမှာ ပေါ့.. Tri ဇာတ်ကားလည်း ကြည့်ဖူးကြမှာပါ...
အဲဒိထဲကလိုပဲ အလုပ်လုပ်တယ်လို့ပြောလို့ရပါတယ်... ပုံမှန်အားဖြင့်
အသုံးဝင်တဲ့ Software တွေမှာ ထည့်ထားတတ်ကြပါတယ်... ဥပမာပေါ့ဗျာ... Game
တစ်ခုကို Install ပြီးဆော့နေပေမယ့် အခြားတစ်ဖက်မှာ Hacker တွေ Cracker တွေက
ကွန်ပျူတာထဲကို ၀င်မွှေနေလို့ရအောင်လုပ်ပေးနေတယ်.. အဲဒီတော့ အဲဒိ Game ကို
Trojan horse လို့ခေါ်တာပေါ့ .. တစ်ကယ်တော့ Game က တရားဝင်ထုတ်ထားတဲ့ Game
ပဲ.. ဒါပေမယ့် Virus infected ဖြစ်နေတဲ့ Game လို့ပြောရလိုဖြစ်နေတာပေါ့..
နမူနာ Trojan Horse ကတော့ waterfalls.scr ဆိုတဲ့ free waterfall screen
saver ပဲဖြစ်ပါတယ်..




Trojan horse တစ်ခုဟာ အောက်ပါအချက်များကို လုပ်ဆောင်ပေးနိုင်ပါတယ်...

* Remote Access

* Data Destruction

* Downloader/dropper

* Server Trojan(Proxy, FTP , IRC, Email, HTTP/HTTPS, etc.)

* Disable security software

* Denial-of-service attack (DoS)






၅။ Spyware




သူကတော့ သူခိုးပေါ့နော်..
Spy တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာသိကြမှာပါ.. သူလဲအဲလိုပါပဲ...သူက
ကွန်ပျူတာကို ထိခိုက် ဖျက်ဆီးချင်မှ ဖျက်ဆီးမယ်.. ဒါပေမယ့်
ကွန်ပျူတာမှာသုံးနေတဲ့ user ရဲ့ အမျိုးမျိုးသော အချက်အလက်တွေ၊ အရေးကြီး တဲ့
Data တွေကို သူ့ရဲ့ Main server တစ်ခုခုကို နေ့စဉ် သတင်းပို့ပေးနေတယ်...
Spyware တွေက များသောအားဖြင့် Web browser တွေကနေ ၀င်နိုင်ပါတယ်... ပြီးရင်
သူက Browser home page ကိုပြောင်းထားတတ်ပါတယ်..သင့်ကို Error message တွေ
အမျိုးမျိုးပြမယ်..(ဥပမာ- သင့်ကွန်ပျူတာမှာ problems
တွေများနေပြီ..အဲဒါတွေပြင်ချင်ရင် အောက်ကခလုတ်ကို နှိပ်ပါ) စသဖြင့်
ဆွဲဆောင်မယ်၊ သင်က link တစ်ခုကို click လိုက်ပေမယ့် သင်မဖွင့်ပဲနဲ့ အခြား
Porn Site တွေ အလိုလိုပွင့်လာ မယ် စသဖြင့်ပေါ့ဗျာ... တစ်ချို့ လူတွေက http cookie
တွေကို Spyware တွေလို့ ထင်ကြပါတယ်.. တကယ်တော့မဟုတ်ပါဘူး ဒါပေမယ့် အဲဒိ
cookie ထဲမှာ Spyware က track လုပ်နိုင်တဲ့ Data တွေပါလာတတ်တာကြောင့် 
Spyware Remover တော်တော်များများက Cookie တွေကို ဖျက်ပစ်ကြတာပါ. Spyware
ကို ကာကွယ်ချင်ရင်တော့ pop-ups ကျလာတဲ့ link တွေကို ရှောင်တာကောင်းပါတယ်...
Free Spyware Remover တွေနဲ့လည်းကာကွယ်နိုင်ပါတယ်...




၆။ Adware




Adware ဆိုတာကတော့
Advertising-supported software (သို့) software package
တစ်ခုဖြစ်ပါတယ်.... သူကတော့ Screen မှာ Automatic ပေါ်လာအောင်ဖန်တီးထားပြီး
Download အတင်းလုပ်ခိုင်းပါတယ်... အချို့သော Adware များဟာ Spyware
များဖြစ်တတ်ကြပါတယ်...




၇။ Crimeware




Crimeware ဆိုတာကတော့
Spyware, Adware, Malware အမျိုးအစားတွေထဲမှာပါပါတယ်..
သူ့ရဲ့ရည်ရွယ်ချက်ကတော့ financial crime
တွေအတွက်ရည်ရွယ်ပြီးရေးကြတာများပါတယ်..


သူက
user password တွေ၊ links တွေ၊ အချက်အလက်တွေ ကို မှတ်သားထားနိုင်ပြီး
သူ့ကို Run ထားတဲ့လူက ပြန်ဖွင့်ကြည့်ပြီး user data တွေကို
ခိုးယူနိုင်တာပေါ့.... ဥပမာပြောရရင်


ခုခေတ်စားနေတဲ့ key logger တို့ .. keystroke logging software တို့ဟာ Crimeware အမျိုးအစားတွေပဲဖြစ်ပါတယ်...




Funny Virus သတ်နည်း




Funny ၀င်ပြီဆိုရင် Safe Mode ကနေလဲ ၀င်သတ်လို့ မရတော့ပါဘူး... Safe Mode မှာပါ Funny က Active ဖြစ်ပါတယ်....



အလွယ်ဆုံးနဲ့ အထိရောက်ဆုံးနည်းကို ပြောပြပါ့မယ်....



Funny က msiexec ဆိုတဲ့ Folder အဖြစ် စက်ထဲမှာ နေရာယူပါတယ်... Folder ထဲမှာတော့ msi.exe + update.exe ဖိုင် နှစ်ဖိုင် ရှိပါတယ်...



Funny ၀င်ဝင်ချင်းမှာ

C:\Documents and Settings\Administrator\Application Data

C:\Documents and Settings\LocalService\Application Data

အဲ့ဒီ့နှစ်နေရာမှာ အရင်ဆုံး နေရာယူပါတယ်...

ပြီးတော့ Autorun.inf ဖိုင်နဲ့လဲ ထောက်ပံ့ပေးထားပါတယ်... Autorun.inf က update.exe ကို ထောက်ပံ့တာပါ...



နောက်တစ်ခုအနေနဲ့

kill.exe ဖိုင်တစ်ဖိုင်က c:\Windows\system32\DirectX ထဲမှာ ရှိပြန်ပါတယ်....



ကဲ... နေရာတွေ လဲသိပြီ....



Boot CD တစ်ချပ်နဲ့ Boot တက်ပါ... Search >> msiexec ကိုရှာ Folder ကို Del လုပ်..

kill.exe ကို Del လုပ်..



autorun.inf ကို Del..လုပ်

မျိုးပြုတ်ပေါ့ funny ရေ....



တစ်ခုတော့ သတိပေးချင်ပါတယ်.. Funny ၀င်တာ ကြာနေတဲ့စက်...

မိန်းကလေးပုံပေါ်ပြီးတဲ့ စက်တွေအတွက်တော့ Dll ဖိုင်တွေ ပျက်သွားပါပြီ... Dll

icon ပုံစံနဲ့ စက်ထဲမှာ exe ဖိုင်တွေ ပွားပါတယ်... C:\ အောက်မှာ ရှိသော

Folder တွေ အကုန်လုံးကို Hidden လုပ်ပစ်ပါတယ်..



ကဲ သိနေပြီဆိုတော့ Boot CD ရဲ့ အသုံးဝင်ပုံကို လက်တွေ အသုံးချကြတာပေါ့ဗျာ....



Desktop ပေါ်က Funny Folder အတွက်တော့



Desktop properties >>> Desktop >>> Customize >>>Clean Desktop Now

ကို နှိပ်.. Funny ကိုရွေး... ပြီးရင်...Unuse Desktop ဖိုဒါကို Del လုပ်လိုက်...



အဆင်ပြေနိုင်ကြပါစေ...



Funny အချိန်ကြာလာတာနဲ့အမျှ နေရာယူမှု ပိုမို များပြားလာပါတယ်....





Desktop, Mycompter ထဲက Funny (Folder)ကို Register Editor ထဲ က ဖျက်ချင်ရင်တော့



HKEY_CLASSES_ROOT\CLSID\{FD4DF9E0-E3DE-11CE-BFCF-ABCD1DE12345}




ကိုဖျက်လိုက်ပါ။







အားလုံးအဆင်ပြေကြပါစေ...