
 
အရင်တခေါက်ကရေးထားခဲ့တဲ့ ကား check light , ချက်မီးလင်းလာပြီးတော့ ဂီယာမတက် ၊လီဗာ မတက် ဖြစ်လာရတဲ့အကြောင်းရင်းကိုတိုတိုနဲ့လိုရင်းရောက်အောင်,အားလုံးနားလယ်လွယ်အောင်ပြောပြခြင်ပါတယ်။ 
 ကားပိုင်ရှင်တွေသိထားသင့်ပါတယ်။တော်တော်များများစက်ပြင်တွေလဲဒီဟာကိုမသိကြပါအဲဒါကြောင့်
 မလိုအပ်ဘဲ  ဂီယာဝိုင် လဲတာ တို့ ဂီယာဘောက် ချတာတို့ ၊ပန့် တွေ 
အင်ဂျက်တာတွေ ပလပ်တွေလဲ ပစ်တာတို့ကိုရှောင်နှိုင်မှာပါ။
 
အရင်ပို့(စ်) မှာတင်ထားခဲ့တဲ့ ECU ရဲ့  Primary Mode  မှာကားပုံမှန် 
အနေအထားနဲ့မောင်းနေရာကနေ sensor  တခုခုကနေ  malfunction signal   ကို ECU  
   ကရရှိခဲ့လို့ရှိရင် ပထမအနေနဲ့ warning  အနေနဲ့  check light   
လင်းလာပါတယ်။အဲဒါကိုမပြုပြင် ၊မစစ်စေးလို့အဲဒီ  sensor / part  လုံးဝ ပျက်စီး ၊ချွပ်ယွင်းကခဲ့ရင် ECU  ကနေပြီးအခြားသောအစိပ်အပိုင်းများကိုမထိခိုက်အောင်ရယ်၊ safety  အနေနဲ့ရယ်  ကားကိုပုံမှန်  ကနေပြီး Secondary Mode  သို့မဟုတ် Home Limp      ကိုအလိုအလျောက်ပြောင်းလဲပေးလိုက်ပါတယ် 
 Home limp mode ကဘာလုပ်သလဲဆိုတော့  အိမ် သို့မဟုတ်   work shop ကိုဖြေးဖြေးနဲ့ဘေးကင်းအောင်ရောက်အောင်   RPM ကိုကန့်သတ်လိုက်ပါတယ်။အဲဒီအတွက် ECT လို့ခေါ်တဲ့   electric control transmission    ကလဲလိုက်လျောညီထွေပြီးဂီယာကိုအသေးမပြောင်းပဲကားကိုဖြေးဖြေးသာရွေ့လျှားစေပါတယ်။ဘာဆက်လုပ်ရမလဲဆိုတာကတော့
 အပြစ်ကို ထိထိရောက်ရောက် ရှာဖွေရမှာပါ။ အဲဒီလိုအနေအထားမှာ 
ကွန်ပြူတာနဲ့စစ်ရင် အံ့ဩစရာကောင်းအောင် ပစ်ချက်တွေအများကြီးကိုတွေ့ရမှာဖြစ်ပါတယ်။
 ဒါပေမဲ့အဓီက home limp mode    ဖြစ်အောင် လုပ်တဲ့တရားခံကိုပဲကြည့်ရမှာပါ။အဲဒီမှာကျွမ်းကျင်တဲ့စက်ပြင်ပညာကအရေးကြီးပါတယ်။
 မှတ်ချက်။     ။ကားတိုင်း  Secondary mode ( or ) Home limp mode  မပါရှိပါ။
 
 နောက်ထပ် ဘာ sensor တွေ က  ဘာ လုပ်သလဲ ၊ သူတို့တွေပြက်ရင်ဘာရောဂါတွေဖြစ်တတ်သလဲဆိုတာ ကြိုးစားပြီးရေးပါအုန်းမည်။
 Autoboss Diagnostic authorised distributor
 We keep the vehicle moving.
 
 
 
 
          
      
 
  
 
 
 
  
ကျနော့်ကား ဒီအတိုင်း ECU မီးလင်းတာကစဖြစ်ပါသည်။
ReplyDeleteနောက် o/d မှိတ်တုတ် မှိတ်တုတ် ဖြစ်လာပြီး ဂီယာမပြောင်းလီဗာမတက်တော့ပါ
လာရောက်ပြုပြင်ချင်ပါသည်။ လိပ်စာသိပါရစေ။
(FB က Myanmar Hightech နှင့် တူပါသလား။ဒီအကြောင်း ရေးထားတာ တွေ့ရလို့ပါ)