မြန်မာတို့ရဲ့  အထွတ်အမြတ်

ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေရဲ့  တန်ဖိုးဖြတ်လို့မရနိုင်တဲ့ ရွှေတိဂုံဘုရား၏ ကျက်သရေ

ရွှေတိဂုံ စေတီ

၁၈၅၅ ခုနှစ် ဝန်းကျင်လောက်က မြင်တွေ့ရတယ့် ရွှေတိဂုံစေတီတော်

ဂျပန်နိုင်ငံတွင် ဂျပန် စစ်ဘက် ခေါင်းဆောင်များနဲ့ အတူ ဗိုလ်ချုပ် အောင်ဆန်း ...

Yangon Su Lay pagoda

မြန်မာပြည် မြို့တော် ရန်ကုန်မြို့ ရဲ့ ရှူခင်း

Showing posts with label I Device Knowledge. Show all posts
Showing posts with label I Device Knowledge. Show all posts

Monday, 23 September 2013

How to Go Back to iOS 6 [iOS 6 ကို ပြန်ဆင်းနည်း]





ပြီးခဲ့တဲ့ ရက်တွေက iOS 7 တင်ခဲ့ ကြတဲ့ သူတွေ မှာ ပြဿလေးတွေ ကြုံတွေ့ တယ်လို့ သိရပါတယ်။

အဓိက ကတော့ iPhone 4 သမား Keyboard ပြဿနာ ဖြစ်ကြတာလေးပါ။ အဲ့ဒီတော့ iOS 7
ဟာ Bugs ရှိနေတဲ့ အတွက် ကျွန်တော်တို့ ဟာ ခဏတဖြုတ် အလှခံစားပြီး
ပြန်ဆင်းချင်လာ ကြပါတယ်။



ကျွန်တော့် အနေနဲ့ ကတော့ iOS 7 တင်ထားတဲ့ မိတ်ဆွေ တို့ကို ဆင်းပါ လို့
မတိုက်တွန်းလိုပါဘူး။ အကယ်လို့ မိမိ တစ်စုံ တစ်ရာ မနှစ်သက်ခဲ့ သည် ရှိသော်
တစ်ချိန် မှ သင့် အတွက် ဒါလေးက အသုံးဝင်ပါလိမ့်မယ်။



အကယ်လို့ သင် iOS 6 ကို ပြန်ဆင်း ချင်တယ်ဆိုရင်တော့ ဒီနည်း လမ်းဟာ အရမ်းကို လွယ်ယူပါတယ်။

Hack တာလဲ မပါဝင်ပါဘူး။ သင့်မှာ သင် iOS 6 ကို ဆင်းချင်တဲ့ iDevice  နဲ့
iTunes အပြင် သင် Download ဆင်းချင်တဲ့ မိမိ Device နဲ့သက်ဆိုင်တဲ့ iOS 6
ရဲ့ နောက်ဆုံး IPSW firmware ရှိရင် ရပါပြီ။ ကဲ ဒီတော့ ကျွန်တော်တို့ စလိုက် ကြရအောင်..





Downgrading to iOS 6 (from iOS 7)







အဆင့် (၁)

  သင့် iDevice အတွက် Downgrade ဆင်းဖို့ လိုအပ်တဲ့ IPSW Frimware ကို
Google ကနေ ရှာဖွေပါ။ Security ကြောင့် မို့လို့ ရယ် ၊ iDevice က ရွေးရ
ဦးမှာ မို့လို့ ကျွန်တော့် အနေဲ့ နဲ့ Direct Link ချမပေး နိုင်တာ
နားလည်ပေးပါ။



ကျွန်တော့ အနေနဲ့ ကတော့ iPhone 5 ကနေ့ စမ်းပြပါ့မယ်။ iOS 7 မတိုင်ခင် iOS 6
ရဲ့ နောက်ဆုံး Version က iOS 6.1.4 ဆိုတော့ ကျွန်တော့ အနေနဲ့ Google မှာ
အောက်ပါအတိုင်း ရိုက်ထည့်ပြီး ရှာလိုက်တယ်။ “iPhone5,2_6.1.4_10B350_Restore.ipsw” ဆိုပြီးတော့ ပေါ့။
အကယ်လို့
သင့်ဟာ ဘယ်လို လုပ်ရမလဲ ဆိုတာ မသိရင်တော့ " Download Latest iOS 6 IPSW
firmware Of iPhone 4S" စသည်ဖြင့် သင့် Device အတွက် Google မှာ ရှာ ဖွေ
Download ပြုလုပ်နိုင်ပါတယ်။








အဆင့် (၂)

  သင့်ရဲ့ Latest iOS 6
IPSW Firmware ဒေါင်းလို့ရပြီဆိုရင်တော့ Desktop ပေါ်ဖြစ်ဖြစ်
ခဏရွှေ့ပြီးတော့ သင့် ရဲ့ Mac ဒါမှ မဟုတ် PC က iTunes ကို ဖွင့်လိုက်ပါ။


 





အဆင့် (၃)

  ကဲ သင့် iOS 7 က
Error ကို မုန်းတီးတဲ့ အတွက် ဆင်းချင်တဲ့ iDevice ကိုယူ ပြီး Apple က
တရားဝင်ထုတ်ပေးထားတဲ့ USB Cable နဲ့ PC Or Mac နဲ့ ဆက်သွယ်လိုက်ပါ။



 





အဆင့် (၄)

  သင့် ရဲ iDevice လေး ဟာ iTunes ထဲမှာ အောက်ကပုံ လိုမျိုးပေါ်လာပါလိမ့်မယ်။ ပြီးတော့ ဘယ်ဘက်နားလေးမှာ “Check for Update” နဲ့ “Restore iPhone…” ဆိုတာလေး ကို တွေ့ရပါ လိမ့်မယ်။














အဆင့် (၅)

  Mac မှာ ဆိုရင် Alt / Option key ကို နှိပ်ထားပြီး ၊ PC မှာဆိုရင် Shift key ကို နှိပ်ထားပြီး

“Restore iPhone…” ဆိုတာလေးကို ကလစ်လိုက်ပါ။



အကယ်လို့ သင်ဟာ Find My Phone ကို ဖွင့်ထားခဲ့မယ်ဆိုရင်တော့ iTunes ကနေပြီး "

“Go to iCloud Settings on your iPhone and turn off
Find My iPhone before restoring your iPhone.” ဆိုတဲ့ အရာလေး Pop Up
ပေါ်လာပြီး ခိုင်းစေပါလိမ့်မယ်။ သင့် Setting ထဲ သွားပြီး Find My Phone
feature ကို ပိတ်လိုက်ပါ။ ပြီးသွားရင်တော့ အဆင့် (၅)  ကို ပြန်လုပ်ပါ။

















အဆင့် (၆)

  Find My Phone
feature ကို ပိတ်ထားတယ် ဆိုရင်တော့ သင့်ကို နောက်တစ်ဆင့် အနေနဲ့  Finder
Window လေး ပေါ်လာပါလိမ့်မယ်။ သင့် Restore လုပ်မဲ့ IPSW ကို ရွေးပေးပြီး
Open နှိပ်ပေးလိုက်ပါ။ ကျွန်တော့် အတွက် ကတော့
“iPhone5,2_6.1.4_10B350_Restore.ipsw” ဆိုတာလေးကို ရွေးပေးလိုက်ပါတယ်။



 



အဆင့် (၇)

 အကယ်လို့ သင် Download ပြုလုပ်ခဲ့တဲ့ IPSW File ဟာ
အပြည့်အစုံ မပါရင်သော်လည်းကောင်း၊ သင့်ရဲ့ IPSW Firmware နဲ့ သင့်ရဲ့
iDevice မကိုက်ညီဘူး ဆိုလျှင်သော်လည်းကောင်း အောက်ပါ Message လေး
ပြလာပါလိမ့်မယ်။ အဲ့ဒီအခါ သင့် Google ထပ် ခေါက်ပြီး နောက်ထပ် တခြား
သင့်တော်တဲ့ IPSW File ကို ထပ်ပြီး ရှာဖွေရပါလိမ့်မယ်။








 



အဆင့် (၈)

 အကယ်လို့ သင့် Download လုပ်ခဲ့တဲ့ IPSW Firmware
နဲ့ သင့်ရဲ့ iDevice နဲ့ ကိုက်ညီခဲ့မယ်ဆိုရင် အောက်ကလို Message လေး
ပြပါလိမ့်မယ်။ အဲ့ဒီအခါ သင့်စိတ်ကို ဒုန်းဒုန်းချ ပြီး iOS 6 ကို ပြန်လည်
ဆင်းသက် နိုင်ပါပြီ။





 



Congratulation ပါ.. သင့်ရဲ့ iDevice ဟာ အောင်မြင် စွာ အရင် iOS 6 Firmware ကို Downgrade ပြန်လည်ဆင်းသက်သွားပါပြီ။



အားလုံး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်..
အကယ်လို့ ကျွနှုပ်ရဲ့ How to Guide လေးဟာ အသုံးဝင်ခဲ့မယ်ဆိုရင် Comment
ပေးဖို့ မမေ့ပါနဲ့ ဦးနော်..




From Steel Jelly [Miloboy Inc.]

http://www.techmilo.tk/2013/09/how-to-succefully-go-back-to-ios6.html

Sunday, 25 August 2013

iPhone Tips Ebook ( မြန်မာလို )



ဆရာပေတလူ ရေးထားတဲ့ iPhone Tips စာအုပ်လေးပါခင်မျ...ကျတော်တို့
အိုင်ဖုန်းလေး သုံးနေပေမဲ့ တချို့ features လေးတွေကို သိသလိုလို
မသိသလိုလိုရှိတက်ကြပါတယ်။



ဥပမာဗျာ.. earphone လေးနဲ့ သီချင်းနားထောင်နေရင်
နောက်တစ်ပုဒ်ကျော်ချင်တယ်.. ဘောင်းဘီအိတ်ထဲက ဖုန်းကိုထုတ်ပီး forward
ခလုတ်လေးကို နှိပ်မှာလား.. မလိုပါဘူး original earphone မှာ အသံအတိုးအကျယ်
ခလုတ်လေးက အလယ်ခလုတ်လေးကို မြန်မြန် နှစ်ချက်နှိပ်လိုက်ပါ။
နောက်တစ်ပုဒ်ကျော်သွားပါမယ်။ အဲသလို အသုံးဝင်တဲ့ tips လေးတွေကို ရေးထားတဲ့
စာအုပ်လေးပါ။



ဖတ်ကြည့်ရင်တော့ တစ်ခုခု အကျိုးထူးမှာ ပါ။ ဒေါင်းနိုင်ကြပါပြီ
















Credit




Tuesday, 2 July 2013

ပိုက်ဆံ မကုန်ပဲ Garageband နှင့် မိမိ အကြိုက်ဆုံး သီချင်းတွေကို Ringtone လုပ်မည်(For Iphone)












no money garageband ringtone


ဒီဘက်ခေတ်ကြီးမှာ မိုဘိုင်းဖုန်းတွေက အသံပေါင်းစုံ မြည်တွန်နေကြတာ
အားလုံး နားဆင်ဖူးကြမှာပါ။ Dance, Pop, Rock တွေအစုံနဲ့ Bus ကားပေါ်မှာရော၊
စားသောက်ဆိုင်တွေမှာရော သံစုံ တီးဝိုင်းသဖွယ် ကြားမိနေကြမှာပါ။ သင်ဟာ
ထိုသို့ သံစုံမြည်တဲ့ Ringtone လေးကို Mobile ဆိုင်သို့
သွားမသွင်းခိုင်းပဲ အနုပည်ရှင်တစ်ယောက်သဖွယ် သင်ကိုယ်တိုင် ဖန်တီးပြီး
အသုံးပြုချင်တယ် ဆိုရင်တော့ အောက်ဖော်ပြသည်များကို ဆက်လက် ဖတ်ရှုဖို့
လိုပါလိမ့်မည်။


Apple ပစ္စည်းသုံးသူများရဲ့ Default Music Player တစ်ခုဖြစ်မည့် iTunes
နဲ့ စလိုက်ရအောင်။ iTunes မှာ မိမိ အကြိုက်ဆုံး သီချင်းတစ်ပုဒ် (သို့)
စကားသံ တစ်ခုကို ရွေးချယ်ပြီးပြီ ဆိုရင်တော့ ထိုသီချင်းကို Select လုပ်ပြီး
Right Click (သို့) လက်နှစ်ချောင်းနဲ့ TrackPad ကို ထိလိုက်ပါ၊
နှိပ်လိုက်ပါ။ ပေါ်ထွက်လာမည့် Contextual Menu ထဲက ‘Show in Finder’ ကို
ရွေးပါ။


ရွေးလိုက်ပြီးပြီ ဆိုရင်တော့ ထိုသီချင်းရှိမည့် သင့်ရဲ့ Mac ထဲက Folder
ထဲကို တန်းပြီး ညွှန်ပြမည့် Finder Window တစ်ခု ပြသပါလိမ့်မည်။ ထိုအတိုင်း
ခဏ ထားလိုက်ပြီး GarageBand App ကို ဖွင့်ပါ။ GarageBand မှာ File>New
(သို့) Command-N ကို သုံးပါ။ ‘Template Chooser’ ကို ရွေးချယ်ပါ။ ထိုအထဲမှ
အဆိုတော်တစ်ယောက်ရဲ့ သီချင်းကို Ringtone လုပ်မည်ဆိုရင် Example Ringtone
ကို ရွေးပြီး၊ စကားသံ Ringtone အတွက်ဆို Voice ကို ရွေးပါ။
ရွေးချယ်ပြီးပြီဆိုတာနဲ့ မိမိဖန်တီးတော့မည့် Ringtone အတွက် မှတ်မိမည့်
(သို့) ကြိုက်နှစ်သက်ရာ အမည်ပေးပြီး ‘Create’ ကို နှိပ်လိုက်ပါ။ Default
ပါလာတဲ့ Track ကို ဖျက်ဖို့အတွက် ‘Menu Bar’ မှ ‘Delete Track’ကို သုံးပါ။


အပေါ်မှာ ထားခဲ့တဲ့ ‘Finder Window’ ဆီ ပြန်သွားပြီး အသုံးပြုချင်တဲ့
သီချင်းကို GarageBand ထဲ ဆွဲထည့်လိုက်ပါ။ GarageBand မှာ ထိုသီချင်းအတွက်
Track တစ်ခု အလိုအလျောက် ဖန်တီးပေးမှာ ဖြစ်ပါတယ်။ ပြီးတဲ့အခါ GarageBand
App ရဲ့ အောက်နား အလယ်က ‘Cycle’ ခလုတ်ကလေးကို ‘On’ ထားမယ်ဆိုရင်တော့ 40 sec
စာလောက်ရှိတဲ့ Ringtone အတွက် အသုံးပြုမည်လို့ ဆိုလိုတဲ့ အ၀ါရောင် Loop
ဘားလေး Track အပေါ်မှာ ပေါ်လာပါလိမ့်မည်။ ထိုအ၀ါရောင်လေးရဲ့ အစအဆုံးကို
မိမိကြိုက်သလို Cursor နဲ့ ချိန်ညှိပြီး Loop လုပ်နေမည့် Ringtone ကို
ဖန်တီးလို့ ရပါပြီ။


iPhone ထဲကို သွင်းမယ်။


အရင်ဆုံး iPhone ထဲကို မသွင်းမီ iTunes ထဲမှာရှိတဲ့ Ringtoneတွေ
စုစည်းထားတဲ့ နေရာထဲကို ရောက်အောင် ပို့ရပါလိမ့်မည်။ အဓိပ္ပာယ်ကတော့ မိမိ
iPhone နဲ့ iTunes ‘Sync’ လုပ်မှ ထို Ringtone က မိမိရဲ့ iPhone ထဲ
ရောက်ရှိနိုင်လို့ပါပဲ။ iTunes ရဲ့ ဘယ်ဘက်ခြမ်းမှာ Ringtone ဆိုတာ
ရှိပါတယ်။

GarageBand App မှာ ဖန်တီးထားတဲ့ Ringtone ကို iTunes ရဲ့ Ringtone ထဲကို
ပို့ဖို့အတွက် GarageBand Menu Bar က Share ဆိုတဲ့ Option မှာ ‘Send
Ringtone to iTunes’ ဆိုတာကို ရွေးချယ်ရပါလိမ့်မည်။


အားလုံးပြီးပြီဆိုရင်တော့ iPhone ကို USB နှင့် ချိတ်ဆက်ပြီး iTunes ရဲ့
ဘယ်ဘက်ခြမ်းမှာ ပေါ်လာမည့် သင့်ရဲ့ iPhone Device ကို ရွေးချယ်ပါ။
ပြီးတာနှင့် ထို iTunes Screen အပေါ်နားလေးမှာ ‘Tones’ ဆိုတာကို
ရွေးချယ်ပြီး ‘Sync Tunes’ ကို Tick လုပ်ပြီး iPhone တစ်ခုလုံးကို
သာမန်ရိုးကျ Sync လုပ်သလို Sync လိုက်တယ် ဆိုရင်ဖြင့် သင့်ရဲ့ iPhone ထဲကို
သင်ဖန်တီးထားတဲ့ Ringtone ရောက်သွားပါပြီ။ iPhone ထဲ ရောက်ရှိမှုကို
Setting>Sounds>Ringtoneမှာ ကြည့်နိုင်ပြီး သင့်ရဲ့ ဖုန်းအ၀င်
ခေါ်ဆိုမှု အသံကို ပြောင်းလဲစေချင်ရင်တော့ ထို Ringtoneကို
ရွေးချယ်လိုက်ရုံပါပဲ။ GarageBand Appနှင့် ကြိုက်နှစ်သက်သည့်
သီချင်းတွေကို Ringtone အဖြစ်သော်လည်းကောင်း၊ မိမိ ကိုယ်ပိုင်အသံကို
ကွန်ပျူတာထဲ သွင်းပြီး Ringtone အဖြစ်သော်လည်းကောင်း ၄င်း App နှင့်
ပါလာသော စန္ဒရား၊ Drum အစရှိသည့် တူရိယာများဖြင့်သော်လည်းကောင်း Ringtone
များစွာကို ဖော်ပြပါအတိုင်း ဖန်တီးလို့ ရပါတယ်။


iPhone ထဲမှာ ကိုယ်ပိုင် ဖန်တီးထားတဲ့ Own Ringtone တွေနှင့် ပျော်ရွှင်နိုင်ပါစေလို့…

Sunday, 30 June 2013

iPhone/Pad/Pod app,game များကို iPhone/Pad/Pod ထဲသို့ ကွန်ပျူတာမှတစ်ဆင့်သွင်းနည်း









iOS app များကိုရယူရန် => http://www.myanmarmobileapp.com/category/iosapp/

iOS game များကိုရယူ၇န် => http://www.myanmarmobileapp.com/category/iosgame/

iPhone/Pad/Pod app,game များကို iPhone/Pad/Pod ထဲသို့
ကွန်ပျူတာမှတစ်ဆင့်သွင်းနည်းကို iDevice Beginner Users
တွေအတွက်တင်ဆက်ပေးလိုက်ပါတယ်။ အခုပြောပြမယ့်နည်းက Jailbreak လုပ်ထားတဲ့
iDevices တွေအတွက်ပဲဖြစ်ပါတယ်။ Cracked app တွေသွင်းဖို့ပါ။ အရင်ဆုံး
iPhone/pad/pod ထဲသို့ဆော့ဝဲလှမ်းသွင်းဖို့အတွက် ကွန်ပျူတာမှာ iTools
လို့ခေါ်တဲ့ ဆော့ဝဲလေးရှိရပါမယ်။ အောက်က link မှာရယူပါ။




Download Here:




Mirror Download link: iTools Download

download ရယူပြီးပြီဆိုရင်တော့ ရလာတဲ့ zip ဖိုင်လေးကိုဇစ်ဖြည်ထားပြီး
အတွင်းထဲကရလာတဲ့ folder လေးကို desktop ပေါ်မှာထားလိုက်ပါ။ ပြီးရင် အဲဒီ
folder ထဲက iTools .exe ကို run လိုက်ပါ။ run ပြီးရင် မိမိရဲ့
iPhone/Pad/Pod touch ကို usb ကြိုးကိုအသုံးပြု၍ကွန်ပျူတာဖြင့်ချိတ်ဆက်ပါ။
ချိတ်ဆက်လိုက်တာကို iTools ဆော့ဝဲကသိပြီး iTools ဆော့ဝဲထဲမှာ မိမိရဲ့
device ပေါ်လာပါမယ်။ iTools ရဲ့ မိမိ device ကဏ္ဍအောက်က Apps ထဲကိုဝင်လိုက်ပါ။
အောက်ပုံအတိုင်းပါ။








Apps ကဏ္ဍထဲသို့ရောက်သွားပြီဆိုပါက Install ကိုနှိပ်၍ မိမိတို့ install
လုပ်လိုသော ကွန်ပျူတာထဲမှ iOS app,game ဖိုင်ကိုရွေးချယ်ရပါမယ်။
အောက်ပုံအတိုင်းပါ။









ကွန်ပျူတာထဲရှိ မိမိတို့သွင်းလိုသော iOS app (.ipa)
ဖိုင်ရှိသောနေရာကိုသွားပြီး မိမိတို့သွင်းလိုသော app ပေါ်တွင် click
တစ်ချက်နှိပ်၍ Import ခလုတ်ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။









iPhone/Pad/Pod touch ထဲသို့ app/game စတင်သွင်းနေပြီကိုမြင်ရပါမယ်။









100% ပြီးသွားပါက မိမိတို့ iPhone/Pad/Pod touch ထဲတွင်ယခုသွင်းလိုက်သော iOS app,game လေးရောက်နေပြီဖြစ်ပါတယ်။

Friday, 28 June 2013

iPhone ကို Lock ဖုန်းလား/Unlock ဖုန်းလားအလွယ်စစ်ကြည့်မယ်





မိမိတို့ဝယ်လာတဲ့ iPhone/ ၀ယ်မယ့် iPhone ဟာ Lock ဖုန်းဖြစ်နေသလား ဆိုတာကိုသံသယရှိနေသူတွေအတွက်စစ်ဆေးကြည့်နိုင်ဖို့နည်းလမ်းလေးပါ။
ဂျပန်ကနေပါလာတဲ့ဖုန်းတွေ
၊ အမေရိကန် ဖုန်းအများစုဟာ Lock ဖုန်းတွေပါပဲ။ ဒါကြောင့်
အဲဒီကဖုန်းတွေဝယ်မယ်ဆိုရင် ဒီနည်းလေးနဲ့အရင်စစ်ဆေးကြည့်ပါ။
အောက်မှာဆက်လက်ဖတ်ရှုကြရအောင်။

- ဖုန်းရဲ့ Setting > General > About ထဲကိုဝင်ပါ။
- About ထဲကိုရောက်ပြီဆိုရင် အောက်ဘက်ကိုအနည်းငယ် Scroll ဆွဲပါ။ IMEI ဆိုတာလေးတွေ့ပါလိမ့်မယ်။ အောက်ပုံမှာပြထားတဲ့အတိုင်းပါ။








IMEI number ကိုသိရပြီဆိုရင် အဲဒါကိုမှတ်ထားပြီး အောက်မှာပေးထားတဲ့ link ထဲကိုဝင်ပါ။
=>iPhone Lock/Unlock စစ်ရန် <=

အောက်ပါအတိုင်းပေါ်လာပါမယ်။





Enter iPhone IMEI number ဆိုတဲ့နေရာမှာ ခုနတုန်းက
ဖုန်းထဲမှာကြည့်ခဲ့တဲ့ IMEI number တွေကိုရိုက်ထည့်ပေးလိုက်ပါ ။ ပြီးရင်
Enter ခေါက်ပါ။





ကိုယ့်ဖုန်းနဲ့ပတ်သက်တဲ့ Information အပြည့်အစုံပေါ်လာပါမယ်။
ပေါ်လာတဲ့အထဲကအောက်ဆုံးစာကြောင်းမှာ SIM Lock : ဆိုပြီး ဖုန်းက lock/unlock
ဖြစ်ကြောင်း တွေ့ရပါလိမ့်မယ်။ အောက်ပုံအတိုင်းပါ။






ဒီလောက်ဆိုရင် ကိုယ်ဝယ်မယ့် iPhone ဟာ Lock ဖုန်းလား / Unlock ဖုန်းလား ဆိုတာကိုသိရှိနိင်ကြပါပြီ။
အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

(Myanmar Mobile App)