မြန်မာတို့ရဲ့  အထွတ်အမြတ်

ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေရဲ့  တန်ဖိုးဖြတ်လို့မရနိုင်တဲ့ ရွှေတိဂုံဘုရား၏ ကျက်သရေ

ရွှေတိဂုံ စေတီ

၁၈၅၅ ခုနှစ် ဝန်းကျင်လောက်က မြင်တွေ့ရတယ့် ရွှေတိဂုံစေတီတော်

ဂျပန်နိုင်ငံတွင် ဂျပန် စစ်ဘက် ခေါင်းဆောင်များနဲ့ အတူ ဗိုလ်ချုပ် အောင်ဆန်း ...

Yangon Su Lay pagoda

မြန်မာပြည် မြို့တော် ရန်ကုန်မြို့ ရဲ့ ရှူခင်း

Showing posts with label EME. Show all posts
Showing posts with label EME. Show all posts

Friday, 28 June 2013

{ TRC on/off }

TRC /TCS / ABS / EBD/ VDC စသဖြင့် ဒီ System တွေအားလုံးနဲ့ ပတ်သက်နေတဲ့
ABS Module or motor --
{ TRC on/off }

ကိုလူရှိန်အောင်နဲ့ ကိုkaung myatရေ Celsior တို့ Camry Lexus Avalon
တို့နဲ့ တခြားကားတွေမှာလဲ မှာပါပါတယ် TRC ဆိုတာ Traction
control ကိုပြောတာပါ သူ့ရဲ့လုပ်ဆောင်ချက်ကတော့ safety ပါပဲ ABS
VDC TCS EBD TRC စသဖြင့်ပေါ့ ဒါတွေအကုန်လုံးဟာ လုပ်ဆောင်မှု့မှာ
ခပ်ဆင်ဆင်ပါပဲ ကားထုတ်တဲ့ Company တွေက သူ့တို့ ကိုယ်ပိုင်
နာမည်လေးတွေပေးထားကြတာပါ အားလုံးဟာ ကားမောင်းနေရင်း လမ်းချော်လို့
ဟန်ချက်ပြက်ထဲ့အခါမှာ ကားရဲ့ Computer စနစ် နဲ့ ဘီးလေးဘီးမှာ ရှိတဲ့
brake system တွေကို လိုအပ်သလိုထိန်းချုပ်ပေးတာပါ ဥပမာ နောက်ဆွဲကို drift
လုပ်ချင်ရင် ဒီ switch တွေကိုပိတ်ပြီးမှ လုပ်ရင်ပိုပြီး drifting
လုပ်ရတာလွယ်ကူစေပါတယ် ဒီ switch တွေကို မပိတ်ပဲ လုပ်ရင် သူတို့က
ကားဘီးမချော်အောင်ထိန်းချုပ်ပေး
နေမှာ ဖြစ်လို့ drift ဖြစ်ဖို့မလွယ်လို့ပါ ။
အသေးစိတ်လုပ်ဆောင် ချက်ကတော ကားက speed နဲ့ မောင်းနေရင်း လမ်းပေါ်မှာ
ပစ္စည်းတခုကို ရုတ်တရက်ရှောင်လိုက်ရင် ကားကဘယ်လိုဖြစ်သွားမလဲ ? ဟိုဘက်ဒီဘက်ရန်း
ခါပြီး ဟန်ချက်ပျက်သွားမှာပါ ဒီအချိန်မှာ TRC system ပါတဲ့ကားတွေဟာ လည်နေတဲ့ဘီးလေးဘီးရဲ့ speed တွေကို လိုသလို
အနှေးအမြန် ထိန်းချုပ်ပေးပါတယ်

ဥပမာ ကားက speed မနိုင်လို့ဘယ်ဘက် ဆွဲသွားတဲ့အချိန်မှာ
ဘယ်ဘက်ကဘီးတွေကို အရှိန်လျှော့ချပြီး ညာဘက်ဘီးတွေကို
ပုံမှန်လည်ပတ်စေခြင်းအားဖြင့် ကားကို လမ်းလယ်ပုံမှန်ပြန်ရောက်စေနိုင်
ပါတယ် ဒါကြောင့် မလိုအပ်တဲ့ အချိန်မှာ TRC TCS
VDC EBD စတဲ့ Switch တွေကို off မလုပ်သင့်ပါကြောင်း ။
Jong Su Kim .....့ 

TRC /TCS / ABS / EBD/ VDC စသဖြင့် ဒီ System တွေအားလုံးနဲ့ ပတ်သက်နေတဲ့
ABS Module or motor --
{ TRC on/off }

ကိုလူရှိန်အောင်နဲ့  ကိုkaung myatရေ  Celsior တို့  Camry  Lexus  Avalon                တို့နဲ့ တခြားကားတွေမှာလဲ မှာပါပါတယ်  TRC  ဆိုတာ Traction control  ကိုပြောတာပါ  သူ့ရဲ့လုပ်ဆောင်ချက်ကတော့   safety  ပါပဲ   ABS  VDC  TCS EBD TRC  စသဖြင့်ပေါ့  ဒါတွေအကုန်လုံးဟာ  လုပ်ဆောင်မှု့မှာ ခပ်ဆင်ဆင်ပါပဲ ကားထုတ်တဲ့ Company တွေက သူ့တို့ ကိုယ်ပိုင် နာမည်လေးတွေပေးထားကြတာပါ   အားလုံးဟာ  ကားမောင်းနေရင်း  လမ်းချော်လို့  ဟန်ချက်ပြက်ထဲ့အခါမှာ  ကားရဲ့  Computer စနစ် နဲ့  ဘီးလေးဘီးမှာ ရှိတဲ့  brake system တွေကို လိုအပ်သလိုထိန်းချုပ်ပေးတာပါ  ဥပမာ နောက်ဆွဲကို  drift လုပ်ချင်ရင် ဒီ switch တွေကိုပိတ်ပြီးမှ  လုပ်ရင်ပိုပြီး drifting လုပ်ရတာလွယ်ကူစေပါတယ်   ဒီ switch တွေကို မပိတ်ပဲ လုပ်ရင်  သူတို့က  ကားဘီးမချော်အောင်ထိန်းချုပ်ပေးနေမှာ ဖြစ်လို့  drift ဖြစ်ဖို့မလွယ်လို့ပါ ။
အသေးစိတ်လုပ်ဆောင်  ချက်ကတော ကားက speed နဲ့ မောင်းနေရင်း လမ်းပေါ်မှာ
ပစ္စည်းတခုကို ရုတ်တရက်ရှောင်လိုက်ရင် ကားကဘယ်လိုဖြစ်သွားမလဲ ? ဟိုဘက်ဒီဘက်ရန်း
ခါပြီး  ဟန်ချက်ပျက်သွားမှာပါ ဒီအချိန်မှာ   TRC system ပါတဲ့ကားတွေဟာ လည်နေတဲ့ဘီးလေးဘီးရဲ့ speed တွေကို လိုသလို
အနှေးအမြန် ထိန်းချုပ်ပေးပါတယ်
ဥပမာ  ကားက speed မနိုင်လို့ဘယ်ဘက် ဆွဲသွားတဲ့အချိန်မှာ ဘယ်ဘက်ကဘီးတွေကို  အရှိန်လျှော့ချပြီး  ညာဘက်ဘီးတွေကို  ပုံမှန်လည်ပတ်စေခြင်းအားဖြင့်  ကားကို လမ်းလယ်ပုံမှန်ပြန်ရောက်စေနိုင်ပါတယ်     ဒါကြောင့် မလိုအပ်တဲ့ အချိန်မှာ   TRC  TCS
VDC  EBD စတဲ့ Switch တွေကို off မလုပ်သင့်ပါကြောင်း ။
Jong Su Kim    .....့ 

Like

Car

6p
နဲ့ 17" disc နှစ်ဘက်လုံးတပ်ထားပြီးတော့ နောက်ဘီးမှာ brambo 2p
တပ်ထားပါတယ် ကားကမြန်လာတာနဲ့ brake က အချိန်အတိုလေးအတွင်းမှာ
ချက်ချင်းရပ်နိုင်ဖို့အရေးကြီးပ
ါတယ်

နောက် suspension ပိုင်းမှာတော့ original ရှော့ဘားတွေဖြုတ်ပြီး HKS
Adjust လုပ်လို့ရတဲ့ hard type tuning ရှော့ဘားလေးလုံး နဲ့ Link နဲ့
bush တွေကို TTC urethane တွေနဲ့ ပြောင်းတပ်ထားတယ်
ဒါမှအောက်ပိုင်းတွေက ပိုညိမ်တာ ။
နောက် original manual gear box က big turbo တပ်လိုက်ရင် အင်ဂျင်ရဲ့ဆွဲအားကိုမခံနိုင်လို
လေးငါးလလောက်ဆိုရင် ဂီယာတွေ ကျွေကုန်တာများတယ် ဒါကြောင့် Taxi တွေမှာအထူးလာတဲ့ ဂီယာပေါက်နဲ့ပြောင်းပြီး
clutch disc နဲ့ fly wheel တွေလဲ HKS tuning သုံးတွေနဲ့ပြောင်းထားတယ် original clutch disc ဆိုရင် ခဏနဲ့ ကျွေကုန်တယ်

အိတ်ဇောကိုလဲ full system အင်ဂျင် outlet manifold အထွက်ကစပြီး power
အိတ်ဇော အကြီးနဲ့ပြောင်းထားတယ် ဒါမှ မီးခိုးကိုမြန်မြန်ထွက်စေလို့
ကားရဲ့ hp ကပို မြင့်စေတာပါ
wheel ကတော့ Offset 8j 18"
တပ်ထားတယ်ဗျ tire ကတော့ ရှေ့ ဘီး 235/40/18 တပ်ပြီး နောက်ဘီးကိုတော့
255/40/18 တပ်ထားတယ် နောက်တာယာကဗျက်ပိုကျယ်တော့ slip အဖြစ်နဲတာပေါ့
ဒီအထိတော့ part တွေ ရှာဝယ်ပြီး လဲတပ်ရတာဆိုတော့ ဒီလောက်မခက်ပါဘူး အဓိက ကတော့ခုမှစတာလေ အင်ဂျင်ပိုင်းက

injector တို့ Plug တို့ fuel motor တို့ စသဖြင့်ပေါ့ ပြောင်းထားတဲ့အတွက်
ကားရဲ့ ECUနဲ့ ပြန်ချိန်ပေးရမယ်လေ tuning အခေါ်တော့ mapping ပေါ့
တကယ်လို့ mapping မလုပ်ပဲ ဒီတိုင်းစီးမယ်ဆိုရင် ကားက
အင်ဂျင်ကွဲချင်ကွဲမယ် ဒါမှမဟုတ် original လောက်ဆွဲချင်မှဆွဲတော့မယ်
ဒါကြောင့် mapping ကမဖြစ်မနေလုပ်ပေးရမှာပါ mapping က computer
စက်ပစ္စည်းလိုအပ်သလို ဒီစက်ကလဲဈေးကြီးပါတယ် စက်ရှိတယ်ဆိုတိုင်းလဲ
လူတိုင်းကျွမ်းကျင်တာမဟုတ်ပါဘူး

လွယ်၂ပြောရရင်တော့ ဆီ။လေ။မီး ရယ်ကို ဘယ်လို timing ကိုက်အောင် ဆီ် လေ
မီး အနဲအများကိုအဆင်ပြေဆုံး adjust လုပ်နိုင်မလဲဆိုတဲ့အပေါ်မှာမူတည်ပါတယ်
mapping လုပ်တဲ့ shop ဆယ်ဆိုင်ရှိရင် တကယ်တော်တာ တဆိုင်လောက်ပဲရှိတယ်ဗျ
ဒီ mapping ဘယ်လိုလုပ်လဲပေါ်မှုတည်ပြီး အားလုံးအတူတူ
ဆင်ထားတဲ့ကားနှစ်စီးမှာ တစီးက hp 300 ထွက်လာပြီး နောက်တစီးက hp 400 over
ထွက်လာနိုင်ပါတယ် ဆီစားနှုန်းလဲ တဆိုင်နဲ့တဆိုင်
အများကြီးကွာသွားနိုင်ပါတယ် mapping လုပ်တဲ့ shop ဟာ သူဆီမှာ mapping
လုပ်ခဲ့တဲ့
data တွေဘယ်လောက်ရှိလဲဆိုတာပေါ်မှုတည်ပြီး ပညာက ကွာသွားတာပါ ။

ဒါကြောင့် turbo မပါတဲ့ကားတစီးကို turbo တပ်မယ်ဆိုရင် အချိန်လဲပေးရမယ်
ငွေလဲကုန်မယ် parts တွေအကုန်ရပြီဆိုရင်လဲ mapping လုပ်ပေးနိုင်တဲ့ shop
ကိုရှာရပါမယ် ။
ဒါ ကျွန်တော့်ကားဆင်တာနဲ့ ပတ်သက်ပြီး မှတ်မိသလောက်နဲ့ နားလည်သလောက်ရေးလိုက်တာပါ ။

6p နဲ့ 17"  disc  နှစ်ဘက်လုံးတပ်ထားပြီးတော့  နောက်ဘီးမှာ brambo 2p  တပ်ထားပါတယ်  ကားကမြန်လာတာနဲ့  brake က  အချိန်အတိုလေးအတွင်းမှာ ချက်ချင်းရပ်နိုင်ဖို့အရေးကြီးပါတယ်
နောက် suspension    ပိုင်းမှာတော့ original ရှော့ဘားတွေဖြုတ်ပြီး  HKS  Adjust လုပ်လို့ရတဲ့  hard  type  tuning ရှော့ဘားလေးလုံး နဲ့  Link နဲ့  bush  တွေကို  TTC urethane  တွေနဲ့  ပြောင်းတပ်ထားတယ်  ဒါမှအောက်ပိုင်းတွေက ပိုညိမ်တာ  ။
နောက် original  manual  gear box က  big turbo တပ်လိုက်ရင် အင်ဂျင်ရဲ့ဆွဲအားကိုမခံနိုင်လို့
လေးငါးလလောက်ဆိုရင် ဂီယာတွေ ကျွေကုန်တာများတယ်  ဒါကြောင့်  Taxi တွေမှာအထူးလာတဲ့  ဂီယာပေါက်နဲ့ပြောင်းပြီး
clutch disc နဲ့     fly wheel တွေလဲ HKS tuning သုံးတွေနဲ့ပြောင်းထားတယ် original clutch disc ဆိုရင်  ခဏနဲ့  ကျွေကုန်တယ်
အိတ်ဇောကိုလဲ  full system  အင်ဂျင် outlet manifold အထွက်ကစပြီး  power အိတ်ဇော  အကြီးနဲ့ပြောင်းထားတယ်  ဒါမှ  မီးခိုးကိုမြန်မြန်ထွက်စေလို့  ကားရဲ့  hp ကပို မြင့်စေတာပါ
wheel ကတော့ Offset  8j  18"  တပ်ထားတယ်ဗျ  tire ကတော့  ရှေ့ ဘီး 235/40/18 တပ်ပြီး  နောက်ဘီးကိုတော့ 255/40/18  တပ်ထားတယ်  နောက်တာယာကဗျက်ပိုကျယ်တော့ slip အဖြစ်နဲတာပေါ့
ဒီအထိတော့  part တွေ ရှာဝယ်ပြီး လဲတပ်ရတာဆိုတော့  ဒီလောက်မခက်ပါဘူး  အဓိက  ကတော့ခုမှစတာလေ  အင်ဂျင်ပိုင်းက
injector တို့ Plug တို့  fuel motor တို့ စသဖြင့်ပေါ့ ပြောင်းထားတဲ့အတွက်  ကားရဲ့ ECUနဲ့  ပြန်ချိန်ပေးရမယ်လေ  tuning အခေါ်တော့  mapping ပေါ့  တကယ်လို့  mapping မလုပ်ပဲ  ဒီတိုင်းစီးမယ်ဆိုရင် ကားက အင်ဂျင်ကွဲချင်ကွဲမယ်  ဒါမှမဟုတ် original လောက်ဆွဲချင်မှဆွဲတော့မယ် ဒါကြောင့် mapping ကမဖြစ်မနေလုပ်ပေးရမှာပါ mapping က computer စက်ပစ္စည်းလိုအပ်သလို  ဒီစက်ကလဲဈေးကြီးပါတယ်  စက်ရှိတယ်ဆိုတိုင်းလဲ  လူတိုင်းကျွမ်းကျင်တာမဟုတ်ပါဘူး လွယ်၂ပြောရရင်တော့  ဆီ။လေ။မီး ရယ်ကို   ဘယ်လို timing  ကိုက်အောင် ဆီ် လေ မီး အနဲအများကိုအဆင်ပြေဆုံး adjust  လုပ်နိုင်မလဲဆိုတဲ့အပေါ်မှာမူတည်ပါတယ် mapping လုပ်တဲ့ shop ဆယ်ဆိုင်ရှိရင် တကယ်တော်တာ  တဆိုင်လောက်ပဲရှိတယ်ဗျ  ဒီ mapping ဘယ်လိုလုပ်လဲပေါ်မှုတည်ပြီး အားလုံးအတူတူ ဆင်ထားတဲ့ကားနှစ်စီးမှာ  တစီးက hp 300 ထွက်လာပြီး နောက်တစီးက hp 400 over ထွက်လာနိုင်ပါတယ် ဆီစားနှုန်းလဲ  တဆိုင်နဲ့တဆိုင် အများကြီးကွာသွားနိုင်ပါတယ်  mapping လုပ်တဲ့ shop ဟာ သူဆီမှာ  mapping လုပ်ခဲ့တဲ့
data တွေဘယ်လောက်ရှိလဲဆိုတာပေါ်မှုတည်ပြီး ပညာက ကွာသွားတာပါ ။
ဒါကြောင့်  turbo မပါတဲ့ကားတစီးကို turbo တပ်မယ်ဆိုရင်  အချိန်လဲပေးရမယ်  ငွေလဲကုန်မယ် parts တွေအကုန်ရပြီဆိုရင်လဲ mapping လုပ်ပေးနိုင်တဲ့  shop ကိုရှာရပါမယ် ။
ဒါ ကျွန်တော့်ကားဆင်တာနဲ့ ပတ်သက်ပြီး  မှတ်မိသလောက်နဲ့  နားလည်သလောက်ရေးလိုက်တာပါ  ။

O/D off ထားပုံ

ကျွန်တော့်အတွေအကြုံအရ သိသလောက်ပြောပြရရင် OD အကြောင်း အရင်လဲ group
ထဲမှာရေးခဲ့တာရှိပါတယ် ECT မှာပါတဲ့ power / snow / hold
ဆိုတာရယ်ဂီယာတံမှာ် O/
D ဆိုတာရယ်မှာ သူတို့ရဲ့လုပ်ဆောင်ချက်လေးတွေကတော့
နံပါတ်တစ် O/D သူက Over drive ဆိုတဲ့ switch လေးမှာ နှိပ်ထားရင် OD on
နှိပ်မထားရင် OD off ဆိုပြီး ပုံမှန်မောင်းနေရင် switch
ကိုဝင်နေအောင်နှိပ်ထားရပြီး
လိုအပ်တဲ့အချိန်ကြမှ switch ကို ထွက်လာအောင် တချက်ထပ်နှိပ်တာပါ ဒါဆို
ဒိုင်ခွက်မှာ OD off ဆိုတဲ့ စာလေးက မီးအနီရောင် သို့မဟုတ် မီးအဝါရောင်နဲ့
ပေါ်လာပါတယ် မီးအနီ အဝါဟာ driver ကိုသတိပေးတဲ့ အရောင်ပါ မီးအစိမ်း
အပြာလိုမျိုးတွေက ok sign ပေါ့ OD ရဲ့ လုပ်ဆောင်ချက်ကတော့ speed
နဲ့ဆိုင်တာပါ အရှိန်မရသေးခင်မှာ ရုတ်တရက် speed မြှင့်ချင်တဲ့
အချိန်မျိုးမှာ OD switch ကိုတချက်ထပ်နှိပ်ပြီး off လုပ်ရင် ပုံမှန်အချိန်မှာ အင်ဂျင်တပတ် ဂီယာတပတ်လည်နေရာက OD off ရင် အင်ဂျင်တပတ်မှာ ဂီယာကတပတ်ခွဲ

လောက်လည်စေပါတယ် ဆီလဲပိုစားစေပါတယ် အမြဲ OD off နဲ့မောင်းရင်
အင်ဂျင်ကိုလည်း နာစေပါတယ် နောက်တခုက OD off ရင် ဥပမာ ဂီယာက
5ချက်ပါတဲ့ကားဆို ၁ ကနေ ၄ ထိပဲချိန်းပြီးတော့ ၆ ချက်ပါတဲ့ကားဆို ၁ ကနေ ၅
ထိပဲချိန်းပါတယ် နောက်ဆုံးဂီယာကိုမချိန်းပါဘူးဒီ
တော့ OD ဟာဘာလဲဆိုရင် မြင်းနဲ့တူပါတယ် horse power သဘောပေါ့ ။
နောက် ECT မှာပါတဲ့ Power သူကကြတော့ ဘာလုပ်ပေးလဲဆိုရင် power ဆိုတဲ့အတိုင်း အင်းအားတွေ စွမ်းအားတွေပေးတဲ့
သဘောပါပဲ ရွှံ့ထဲမှာ ကားဘီးနှစ်နေတဲ့အခါမှာ မျိုး ပျက်နေတဲ့ကားတစ်စီးကိုဆွဲပေးရမဲ့အခါမျိုး
ရုံးထွက်နိုင်အောင် ကူညီပေးတဲ့ switch ပါ သူကကြတော့ speed နဲ့မဆိုင်ပါဘူး
torque ပါ ဥပမာပြောရရင် လယ်ထဲမှာထွန်ယက်နေတဲ့
နွားရဲ့အားမျိုးကိုဆိုလိုတာပါ ဒီ power switch ကိုလဲ မလိုပဲ
နှိပ်မထားသင့်ပါဘူး အင်ဂျင်ကိုထိ
ခိုက်နိုင်ပါတယ် ။
နောက်တခုက
Snow ဒါမမဟုတ် HOLD လို့လဲတွေ့ရတတ်ပါတယ် သူကတော့ လမ်းချော်မဲ့နေရာမျိုး
Snow ပေါ်မှာ ဒါမမဟုတ် ရွှံ့ရေတွေရှိနေတဲ့ လမ်းမျိုးပေါ့ ကားကရပ်နေရာက

စထွက်ရင် ရှေ့မထွက်ပဲ slip ဖြစ်ပြီးဘီးက နေရာ
မှာလည်နေတဲ့အချိန်မျိုးမှာ snow or hold switch ကိုနှိပ်ပြီးထွက်ရင် ဂီယာက
နံပါတ် ၁ ကနေမထွက်ပဲ နံပါတ်၂ ကနေစထွက်တာဖြစ်လို့
ဖြည်းဖြည်းလေးရုံးထွက်စေပါတယ် ဒါကတော့
snow or HOLD ရဲ့လုပ်ဆောင်ချက်ပါပဲ

ကဲ အဆုံးသတ်ရရင်တော့ O/D Switch ရယ်
ECT မှာရှိတဲ့ Power switch ရယ် SNOW or
HOLD switch တွေဟာ သတ်သတ်စီ လုပ်ဆောင်ချက်တွေရှိပါတယ် ပုံမှန်မောင်းနေချိန်မှာဒိုင်ခွက်မှာဘာမီးမှပေါ်မနေပါဘူး လိုအပ်လို့ switch တခုခုကိုနှိပ်မှသာ
ဒိုင်ခွက်မှာမီးပေါ်လာမှာပါ ။

ကျွန်တော်သိသလောက် အတွေ့ကြုံလေးတွေ ရေးသားလိုက်ရတာပါခင်ဗျာ မှားတာရှိရင်လဲ ခွင့်လွှတ်ပါ။ု

O/D off ထားပုံပါ ။
ကျွန်တော့်အတွေအကြုံအရ  သိသလောက်ပြောပြရရင် OD အကြောင်း  အရင်လဲ  group ထဲမှာရေးခဲ့တာရှိပါတယ်  ECT  မှာပါတဲ့  power / snow / hold  ဆိုတာရယ်ဂီယာတံမှာ်  O/D ဆိုတာရယ်မှာ  သူတို့ရဲ့လုပ်ဆောင်ချက်လေးတွေကတော့  နံပါတ်တစ်  O/D  သူက Over drive ဆိုတဲ့ switch လေးမှာ နှိပ်ထားရင် OD on နှိပ်မထားရင် OD off ဆိုပြီး ပုံမှန်မောင်းနေရင်  switch ကိုဝင်နေအောင်နှိပ်ထားရပြီး                            လိုအပ်တဲ့အချိန်ကြမှ switch ကို ထွက်လာအောင် တချက်ထပ်နှိပ်တာပါ  ဒါဆို ဒိုင်ခွက်မှာ OD off ဆိုတဲ့ စာလေးက မီးအနီရောင် သို့မဟုတ် မီးအဝါရောင်နဲ့ ပေါ်လာပါတယ် မီးအနီ အဝါဟာ driver ကိုသတိပေးတဲ့ အရောင်ပါ  မီးအစိမ်း အပြာလိုမျိုးတွေက  ok sign ပေါ့  OD ရဲ့ လုပ်ဆောင်ချက်ကတော့  speed နဲ့ဆိုင်တာပါ  အရှိန်မရသေးခင်မှာ  ရုတ်တရက် speed မြှင့်ချင်တဲ့ အချိန်မျိုးမှာ OD switch ကိုတချက်ထပ်နှိပ်ပြီး off လုပ်ရင်  ပုံမှန်အချိန်မှာ  အင်ဂျင်တပတ် ဂီယာတပတ်လည်နေရာက  OD off ရင် အင်ဂျင်တပတ်မှာ ဂီယာကတပတ်ခွဲ
လောက်လည်စေပါတယ် ဆီလဲပိုစားစေပါတယ် အမြဲ OD off နဲ့မောင်းရင် အင်ဂျင်ကိုလည်း နာစေပါတယ်  နောက်တခုက OD off ရင်  ဥပမာ ဂီယာက 5ချက်ပါတဲ့ကားဆို ၁ ကနေ ၄ ထိပဲချိန်းပြီးတော့ ၆ ချက်ပါတဲ့ကားဆို ၁ ကနေ ၅ ထိပဲချိန်းပါတယ်  နောက်ဆုံးဂီယာကိုမချိန်းပါဘူးဒီ
တော့ OD ဟာဘာလဲဆိုရင် မြင်းနဲ့တူပါတယ် horse power သဘောပေါ့  ။
နောက်  ECT မှာပါတဲ့ Power  သူကကြတော့ ဘာလုပ်ပေးလဲဆိုရင်  power ဆိုတဲ့အတိုင်း အင်းအားတွေ စွမ်းအားတွေပေးတဲ့
သဘောပါပဲ  ရွှံ့ထဲမှာ ကားဘီးနှစ်နေတဲ့အခါမှာ မျိုး ပျက်နေတဲ့ကားတစ်စီးကိုဆွဲပေးရမဲ့အခါမျိုး ရုံးထွက်နိုင်အောင် ကူညီပေးတဲ့  switch ပါ သူကကြတော့ speed နဲ့မဆိုင်ပါဘူး torque ပါ ဥပမာပြောရရင် လယ်ထဲမှာထွန်ယက်နေတဲ့ နွားရဲ့အားမျိုးကိုဆိုလိုတာပါ  ဒီ power  switch ကိုလဲ မလိုပဲ နှိပ်မထားသင့်ပါဘူး အင်ဂျင်ကိုထိ
ခိုက်နိုင်ပါတယ် ။
နောက်တခုက  Snow  ဒါမမဟုတ် HOLD လို့လဲတွေ့ရတတ်ပါတယ် သူကတော့ လမ်းချော်မဲ့နေရာမျိုး Snow ပေါ်မှာ ဒါမမဟုတ် ရွှံ့ရေတွေရှိနေတဲ့ လမ်းမျိုးပေါ့  ကားကရပ်နေရာက
စထွက်ရင်  ရှေ့မထွက်ပဲ  slip ဖြစ်ပြီးဘီးက နေရာ    မှာလည်နေတဲ့အချိန်မျိုးမှာ  snow or hold switch ကိုနှိပ်ပြီးထွက်ရင် ဂီယာက နံပါတ် ၁ ကနေမထွက်ပဲ  နံပါတ်၂ ကနေစထွက်တာဖြစ်လို့
ဖြည်းဖြည်းလေးရုံးထွက်စေပါတယ် ဒါကတော့
snow or HOLD ရဲ့လုပ်ဆောင်ချက်ပါပဲ

ကဲ  အဆုံးသတ်ရရင်တော့  O/D Switch ရယ်
ECT  မှာရှိတဲ့  Power switch ရယ် SNOW or
HOLD switch တွေဟာ  သတ်သတ်စီ လုပ်ဆောင်ချက်တွေရှိပါတယ် ပုံမှန်မောင်းနေချိန်မှာဒိုင်ခွက်မှာဘာမီးမှပေါ်မနေပါဘူး  လိုအပ်လို့ switch တခုခုကိုနှိပ်မှသာ
ဒိုင်ခွက်မှာမီးပေါ်လာမှာပါ ။

ကျွန်တော်သိသလောက် အတွေ့ကြုံလေးတွေ  ရေးသားလိုက်ရတာပါခင်ဗျာ မှားတာရှိရင်လဲ  ခွင့်လွှတ်ပါ။ု

ပန့် ကိုမဖြုတ်ပဲနဲ့ပရက်ရှာအလွယ်စမ်းနည်း

စက်ပြင်ပဲဖြစ်ဖြစ် ၊ဝါသနာရှင်ပဲဖြစ် အကျိုးရှိနှိုင်မဲ့ဟာလေးတခုကိုမျှချင်ပါတယ်။သိပြီးသားဆိုရင်တော့ထားလိုက်ပါ။
ကျွန်တော်တို့ဆီမှာတိုယိုတာကားလေးတွေပေါတော့တိုရိုတာတွေအခုအဖြစ်များတဲ့ ပန့် ကိုမဖြုတ်ပဲနဲ့ပရက်ရှာအလွယ်စမ်းနည်းလေးပါ။ရိုးရိုး မော်ဒယ်နိမ့် OBD တွေအတွက်ပါ

OBDII,EOBD,JOBD မှာ diagnostic computer နဲ့ပန့်ကိုမောင်းပေးပြီး
pressure rail ထိပ်မှာ pressure gauge နဲ့တိုင်းဘို့လွယ်ကူပေမဲ့
ရိုးရိုး OBD 22 pin ကျတော့ ရဲ့ ပင် No1 FP နဲ့ No12 +B နဲ့ ကို
ဂျွိုင်: ပီးပန့်ကိုမဖြုတ်ပဲ မောင်းလို့ရပါတယ်Ignition ။သော့ ကို
ဖွင့်ထားရမှာပါ။

စက်ပြင်ပဲဖြစ်ဖြစ် ၊ဝါသနာရှင်ပဲဖြစ် အကျိုးရှိနှိုင်မဲ့ဟာလေးတခုကိုမျှချင်ပါတယ်။သိပြီးသားဆိုရင်တော့ထားလိုက်ပါ။
ကျွန်တော်တို့ဆီမှာတိုယိုတာကားလေးတွေပေါတော့တိုရိုတာတွေအခုအဖြစ်များတဲ့ ပန့် ကိုမဖြုတ်ပဲနဲ့ပရက်ရှာအလွယ်စမ်းနည်းလေးပါ။ရိုးရိုး မော်ဒယ်နိမ့် OBD တွေအတွက်ပါ
OBDII,EOBD,JOBD  မှာ diagnostic computer  နဲ့ပန့်ကိုမောင်းပေးပြီး  pressure rail ထိပ်မှာ   pressure gauge  နဲ့တိုင်းဘို့လွယ်ကူပေမဲ့ ရိုးရိုး OBD 22 pin ကျတော့  ရဲ့ ပင် No1 FP နဲ့    No12 +B    နဲ့  ကို ဂျွိုင်: ပီးပန့်ကိုမဖြုတ်ပဲ မောင်းလို့ရပါတယ်Ignition ။သော့ ကို ဖွင့်ထားရမှာပါ။

ကား check light

အရင်တခေါက်ကရေးထားခဲ့တဲ့ ကား check light , ချက်မီးလင်းလာပြီးတော့ ဂီယာမတက် ၊လီဗာ မတက် ဖြစ်လာရတဲ့အကြောင်းရင်းကိုတိုတိုနဲ့လိုရင်းရောက်အောင်,အားလုံးနားလယ်လွယ်အောင်ပြောပြခြင်ပါတယ်။
ကားပိုင်ရှင်တွေသိထားသင့်ပါတယ်။တော်တော်များများစက်ပြင်တွေလဲဒီဟာကိုမသိကြပါအဲဒါကြောင့်
မလိုအပ်ဘဲ ဂီယာဝိုင် လဲတာ တို့ ဂီယာဘောက် ချတာတို့ ၊ပန့် တွေ
အင်ဂျက်တာတွေ ပလပ်တွေလဲ ပစ်တာတို့ကိုရှောင်နှိုင်မှာပါ။

အရင်ပို့(စ်) မှာတင်ထားခဲ့တဲ့ ECU ရဲ့ Primary Mode မှာကားပုံမှန်
အနေအထားနဲ့မောင်းနေရာကနေ sensor တခုခုကနေ malfunction signal ကို ECU
ကရရှိခဲ့လို့ရှိရင် ပထမအနေနဲ့ warning အနေနဲ့ check light
လင်းလာပါတယ်။အဲဒါကိုမပြုပြင် ၊မစစ်စေးလို့အဲဒီ sensor /
part လုံးဝ ပျက်စီး ၊ချွပ်ယွင်းကခဲ့ရင် ECU ကနေပြီးအခြားသောအစိပ်အပိုင်းများကိုမထိခိုက်အောင်ရယ်၊ safety အနေနဲ့ရယ် ကားကိုပုံမှန် ကနေပြီး Secondary Mode သို့မဟုတ် Home Limp ကိုအလိုအလျောက်ပြောင်းလဲပေးလိုက်ပါတယ်
Home limp mode ကဘာလုပ်သလဲဆိုတော့ အိမ် သို့မဟုတ် work shop ကိုဖြေးဖြေးနဲ့ဘေးကင်းအောင်ရောက်အောင် RPM ကိုကန့်သတ်လိုက်ပါတယ်။အဲဒီအတွက် ECT လို့ခေါ်တဲ့ electric control transmission ကလဲလိုက်လျောညီထွေပြီးဂီယာကိုအသေးမပြောင်းပဲကားကိုဖြေးဖြေးသာရွေ့လျှားစေပါတယ်။ဘာဆက်လုပ်ရမလဲဆိုတာကတော့
အပြစ်ကို ထိထိရောက်ရောက် ရှာဖွေရမှာပါ။ အဲဒီလိုအနေအထားမှာ
ကွန်ပြူတာနဲ့စစ်ရင် အံ့ဩစရာကောင်းအောင် ပစ်ချက်တွေအများကြီးကိုတွေ့ရမှာ
ဖြစ်ပါတယ်။
ဒါပေမဲ့အဓီက home limp mode ဖြစ်အောင် လုပ်တဲ့တရားခံကိုပဲကြည့်ရမှာပါ။အဲဒီမှာကျွမ်းကျင်တဲ့စက်ပြင်ပညာကအရေးကြီးပါတယ်။
မှတ်ချက်။ ။ကားတိုင်း Secondary mode ( or ) Home limp mode မပါရှိပါ။

နောက်ထပ် ဘာ sensor တွေ က ဘာ လုပ်သလဲ ၊ သူတို့တွေပြက်ရင်ဘာရောဂါတွေဖြစ်တတ်သလဲဆိုတာ ကြိုးစားပြီးရေးပါအုန်းမည်။
Autoboss Diagnostic authorised distributor
We keep the vehicle moving.

TRC /TCS / ABS / EBD/ VDC စသဖြင့် ဒီ System တွေအားလုံးနဲ့ ပတ်သက်နေတဲ့ ABS Module or motor -- { TRC on/off }

TRC ဆိုတာ Traction control ကိုပြောတာပါ သူ့ရဲ့လုပ်ဆောင်ချက်ကတော့
safety ပါပဲ ABS VDC TCS EBD TRC စသဖြင့်ပေါ့ ဒါတွေအကုန်လုံးဟာ
လုပ်ဆောင်မှု့မှာ ခပ်ဆင်ဆင်ပါပဲ ကားထုတ်တဲ့ Company တွေက သူ့တို့ ကိုယ်ပိုင်
နာမည်လေးတွေပေးထားကြတာပါ အားလုံးဟာ ကားမောင်းနေရင်း လမ်းချော်လို့
ဟန်ချက်ပြက်ထဲ့အခါမှာ ကားရဲ့ Computer စနစ် နဲ့ ဘီးလေးဘီးမှာ ရှိတဲ့
brake system တွေကို လိုအပ်သလိုထိန်းချုပ်ပေးတာပါ ဥပမာ နောက်ဆွဲကို drift
လုပ်ချင်ရင် ဒီ switch တွေကိုပိတ်ပြီးမှ လုပ်ရင်ပိုပြီး drifting
လုပ်ရတာလွယ်ကူစေပါတယ် ဒီ switch တွေကို မပိတ်ပဲ လုပ်ရင် သူတို့က ကားဘီးမချော်အောင်ထိန်းချုပ်ပေးနေမှာ ဖြစ်လို့ drift ဖြစ်ဖို့မလွယ်လို့ပါ ။
အသေးစိတ်လုပ်ဆောင် ချက်ကတော ကားက speed နဲ့ မောင်းနေရင်း လမ်းပေါ်မှာ
ပစ္စည်းတခုကို ရုတ်တရက်ရှောင်လိုက်ရင် ကားကဘယ်လိုဖြစ်သွားမလဲ ? ဟိုဘက်ဒီဘက်ရန်း
ခါပြီး ဟန်ချက်ပျက်သွားမှာပါ ဒီအချိန်မှာ TRC system ပါတဲ့ကားတွေဟာ လည်နေတဲ့ဘီးလေးဘီးရဲ့ speed တွေကို လိုသလို
အနှေးအမြန် ထိန်းချုပ်ပေးပါတယ်

ဥပမာ ကားက speed မနိုင်လို့ဘယ်ဘက် ဆွဲသွားတဲ့အချိန်မှာ
ဘယ်ဘက်ကဘီးတွေကို အရှိန်လျှော့ချပြီး ညာဘက်ဘီးတွေကို
ပုံမှန်လည်ပတ်စေခြင်းအားဖြင့် ကားကို လမ်းလယ်ပုံမှန်ပြန်ရောက်စေနိုင်
ပါတယ် ဒါကြောင့် မလိုအပ်တဲ့ အချိန်မှာ TRC TCS
VDC EBD စတဲ့ Switch တွေကို off မလုပ်သင့်ပါကြောင်း ။
Jong Su Kim .....

မော်ဒယ် မြင့်တဲ့ကားတွေမှာပါတဲ့ ECU အကြောင်း

ECU circuit ထဲမှာ parameter လို့လွယ်လွယ်ခေါ်တဲ့ data တွေရှိပါတယ်။ အဲဒီ
data တွေက ကားကလေးတွေကို စက်ရုံကထုပ်လိုက်တဲ့အချိန်မှာ learning mode
လို့ခေါ်တဲ့ ကားကလေးတွေ စပြီးမောင်းတဲ့အချိန်မှာ သူ မောင်းနေတဲ့ရာသီဥတု၊
လေထုအပူချိန် လေထဲမှာအောက်ဆီဂျင် ပါဝင်မှူ အစရှိသည်တော့ကို ECU ရဲ့
learning mode ကလေ့လာပါတယ်,အချိန်တိုအတွင်းမှာ
အဲဒီ learning Mode ကနေ Primary Mode ကိုပြောင်းသွားပါတယ်။ပြဿနာကအဲဒီကနေစတာပါပဲ။ ကားအသစ်စက်စက်မှာဘာပြဿနာမှမရှိပေမဲ့ ၊ကီလိုတွေအမြားကြီးမောင်းထားတဲ့ကားတွေအတွက်ကတော့ရှိပါတယ်။
အသိညဏ်မရှိရှာတဲ့ကားကလေးတွေခမြာ သူတို့တတွေဟာမြန်မာပြည်ကိုရောက်နေကျမှန်းမသိရှာပါဘူး။ သူတို့ကိုမွေးထုပ်ပေးလိုက်တဲ့တိုင်းပြည်မှာလို့ပဲထင်ပြီး အစားကောင်းအသောက်ကောင်း အောက်ဆီဂျင်အပြည့်အဝပါတဲ့၊လေကောင်းလေသန့်တွေကိုအရင်လိုမှတ်ပြီးစားသုံးခြင်တော့ မကြာခင်ပဲ မကျမ်းမမာ ဖြစ်ကြကုန်တော့တာပေါ့။ဘာလို့လဲဆိုတော့
သူတို့ကိုစက်ရုံကနေ Learning Mode နဲ့ထုပ်လုပ်လိုက်တဲ့အချိန်ကနေ
မြန်မာပြည်ရောက်တဲ့အထိ အဲဒီ parameter data နဲ့သူတို့လေးတွေ အလုပ်လုပ်
နေတာလေ။မန်မာပြည်ရဲ့လေ ၊ရေ ၊ဆီ၊ ချော ဆီ တွေကိုသူတို့ မစားမသုံးဘူးဘူးလေ (
များသောအားဖြင့်စဈေးပေါတဲ့အင်ဂ
ျင်ဝိုင်
,quality ,မမှီတဲ့အပြင်အရောအနှောများတဲ့ ဓာတ်ဆီ ဒီဇယ် တွေကိုသိအောင် ECU
adaptation လို့ခေါ်တဲ့ procedure ကလေးကိုအမြန်ပြုလုပ်ပေးသင့်ပါတယ
်. ပိုပြီးကောင်းtလာမယ်မဆိုလိုပါခင်ဗျား။ဒါပေမဲ့ရွာလယ်ပြီးပိုက်ဆံကုန်မဲ့အဖြစ်မျိုးနဲ့ကြုံဘို့ ဝေးစေမှာပါ။
ကားကလေးတွေချက်မီးလင်းလာပြီးဂီရာမပြောင်း ၊လီဗာမတက်ဖြစ်စေတဲ့အကြောင်းလေးတွေနောက်မှရေးပေးပါအုံးမယ်။
ကားပိုင်ရှင်များအားလုံးစိတ်ချမ်းသာကြပါစေ။
www.autoboss.net

အခုမြင်နေရတဲ့ ပုံက VVT VVT-i i-VTEC
CVVL ဆိုတဲ့ Gear နဲ့ solenoid valve ပါပဲ
ဟိုအရင်ကလဲ group ထဲမှာ တစ်ခါ တင်လိုက်ဘူးပါတယ် သတိမထားလိုက်ကြလို့ပါ ။
# i-vtec / vvt / vvt-i /VVTL-i / CVVL ##
နဲ့ပတ်သက်ပြီး --------.
ဟုတ်ကဲ့ ကိုစိုးလင်းကျော်နဲ့ ကိုသန်းဦးခင်ဗျာ ခုမှ
အချိန်ရလို့ကျွန်တော်သိသလောက်ရှင်းပြပေးပါမယ်။ VVTL-i=variable valve timing &lift intelli
i-vtec = intelligence variable valve timing and lift electronic control
vvt = variable valve timing
vvt-i=variable valve timing intelligence
CVVL = continuously variable valve timing

lift ဆိုပြီး ကားထုတ်တဲ့ company အလိုက် အခေါ
်လေးတွေနဲနဲကွဲသွားပေမဲ့ သဘောတရား လုပ်ဆောင်ချက်ချင်းကတော့
သိပ်မကွာလှပါဘူး Customer တွေနားရှုပ်စေတာပေါ့ vvt system ကတော့ စပေါ
်တာကြာပါပြီ ဒါပေမဲ့ ခုတဆင့်တက်ပြီး
TOYOTA က vvt-i HONDA က i-vtec
HYUNDAI က CVVL ဆိုပြီးသူ့တို့ကိုယ်ပိုင်နာမည်
အမျိုးမျိုးနဲ့ထုတ်လာပါတယ် ။
ဟုတ်ပြီ ------------- သူတို့ရဲ့လုပ်ဆောင်ချက်တွေကိုပြောရမယ်ဆိုရင်
တော့ vvt က camshaft မှာ chain gear အပြင်

vvt အတွက် gear အုံတခုသတ်သတ်ပါပါတယ အဲဒီ ဂီယာအုံက eng oil pressure နဲ့
ပြင်ပက solenoid တခုက ECU ကနေ Power sign ကိုလက်ခံပြီး ဖိအားပေးတော့
မြန်မာလို ဆီဘား နဲ့ မီးဘားတွေရဲ့ အဖွင့်အပိတ် timing ကို
အင်ဂျင်အပတ်ရေ rpm ပေါ်မှာမှုတည်ပြီး လိုအပ်သလို ပြောင်းလဲပြီး
အဖွင့်အပိတ်ကိုပြုလုပ်စေပါတယ် ဒီလိုလုပ်တော့
ဘာထူးလာလဲဆိုရင် မလိုအပ်တဲ့အချိန်မှာ ဆီနဲ့
လေအဝင်ကိုလျော့ချနိုင်သလို တကယ်လိုအပ်တဲ့
အချိန်မှာ ဆီနဲ့လေကို ပိုပြီးများများ သွင်းပေးနိုင်လို့ vvt စနစ်မပါတဲ့ ကားတွေနဲ့စာရင်
ဆီစားနှုန်းနဲ့ အင်ဂျင် hp ကို 7% စီလောက်တိုးတက်လာစေပါတယ် အရမ်းကြီးသိသာတာတော့ မဟုတ်ပါဘူး ဒါက
vvt system ပါ ။ တခါ vvt-i ကြတော့ရော သူလဲ

သိပ်တော့ မကွာလှပါဘူး (i) တလုံးပဲပိုလာတာပါ ကျန်တာအတူတူပါပဲ i က
intellignece ပါ သူကတော့ ခုန vvt မှာဖော်ပြတဲ့အချက်တွေထဲမှာ driver က
လီဘာ
နင်းတဲ့ ပမာဏပေါ်မူတည်ပြီး ဆီမီးဘားတွေ အဖွင့်အပိတ် timing ကို ပြောင်းလဲစေတာပဲကွာ ပါတယ် ကျန်တာအတူတူပါပဲ
ခုနောက်ဆုံးထွက်လာတဲ့ HONDA က i-vtec TOYOTA က VVTL-i / HYUNDAI က CVVL
ဒါတွေကတော့ နောက်ဆုံးထွက်လာတဲ့ ENG system တွေပါ - Audi တို့ porsche ကလဲ သူဟာနဲ့သူရှိပါတယ် valve lift system တို့
variocam plus တို့ စသဖြင့်ပါပဲ ။
ကဲ VVTL -i CVVL i- VTEC တို့မှာဘာတွေ
ကွာသွားလဲဆိုရင် အပေါ်မှာပြောခဲ့တဲ့ အင်ဂျင်ရဲ့လည်ပတ်မှု့ rpm / driver က လီဘာနင်းတဲ့ ပမာဏ တွေပေါ်မှာမှုတည်ပြီးတော့

camshaft ရဲ့ လည်ပတ်မှု့ အနှေးအမြန်ကို eng oil ရဲ့ pressureနဲ့
ထိန်းချုပ်ပေးပြီး ဆီ မီး ဘာတွေရဲ့ အဖွင့်အပိတ် timing အချိန်ကို adjust
လုပ်းပေးရုံတင် မဟုတ်တော့ပဲ ဆီ မီးဘားတွေရဲ့
အဖွင့်အပိတ် ပမာဏ ကိုပါ adjust လုပ်ပေးနိုင်တဲ့
system ပါ
ကဲ အဆုံးသတ်ရရင်တော့ ဒီ system တွေဟာ
အင်ဂျင် block က piston မီးပေါက်ခန်းထဲကို မလို
အပ်တဲ့ အချိန်မှာ ဆီနဲ့လေကို မဝင်စေပဲ လိုအပ်တဲ အချိန်မှာ ပြည့်ပြည့်ဝဝ ဝင်နိုင်အောင်ကူညီလုပ်ဆောင်ပေးတဲ့ စနစ်လို့ပဲ
အကြမ်းဖြင်း နာလည်ထားလိုက်ကြရအောင်လား။

စေတနာဖြင့် Jong Su Kim -----.