မင်္ဂလာပါ...သည်နေ့ ကျွန်တော် ရေးသားမျှဝေမည့် နည်းလေးကတော့ မိမိတို့ pc ကွန်ပျူတာကို
မူလထက်ပိုမိုမြန်ဆန်စေတဲ့ နည်းလမ်းပေါင်းများစွာထဲက တနည်းဖြစ်ပါတယ်... ဒါလေးကလည်း လိုအပ်
သောနည်းပညာလေးဘဲ ဖြစ်ပါတယ်... ကျွန်တော်ဆို တပါတ်
တကြိမ်လောက်တော့အနည်းဆုံး သည်နည်းလေးကို အသုံးပြုပြီး ကွန်ပျူတာကို
ရှင်းလင်းပေးပါတယ်... ကဲစကြမယ်နော်...
မိတ်ဆွေတို့ သိထားရမှာက သည်နည်းလမ်းလေးကို အမြဲ မိမိတို့စက်ထဲမှာ သိမ်းဆည်းထားဖို့ပါဘဲ...
(၁) Start>run ထဲမှာ Prefetch ရိုက်ထည့်လိုက်ပါ၊ အဲဒီ Folder ထဲမှ File အားလုံးကို Delete လုပ်လိုက်ပါ၊
(၂) Start>run ထဲမှာ temp ရိုက်ထည့်လိုက်ပါ၊ အဲဒီ Folder ထဲမှ File အားလုံးကို Delete လုပ်လိုက်ပါ၊
(၃) Start>run ထဲမှာ recent ရိုက်ထည့်လိုက်ပါ၊ အဲဒီ Folder ထဲမှ File အားလုံးကို Delete လုပ်လိုက်ပါ၊
(၄) Start>run ထဲမှာ %temp% ရိုက်ထည့်လိုက်ပါ၊ အဲဒီ Folder ထဲမှ File အားလုံးကို Delete လုပ်လိုက်ပါ၊
(၅) Start> run> ထဲမှာ Regedit ရိုက်ထည့်လိုက်ပါ၊ ပေါ်လာသော Folder ထဲမှ
HKEY-CURRENT-USER/Control Panel>Desktop ကိုရွေးပါ၊ ပြီးလျှင်
Menu Show Delay နှိပ်ပြီးပွင့်လာသော Box မှာ (၄၀၀)သို့(၂၀၀)ဖြစ်နေလျှင် (၀)သို့ပြောင်းလိုက်ပါ၊
(၆) Start>run>msconfig>Start up ပေါ်လာသော Box မှာ Programs File တွေကို
မိမိတို့ မလိုအပ်သောဖိုင်တွေကို အမှန်ခြစ်ဖြုတ်ပေးလိုက်ပါ...
ပြီးလျှင် OK,Restart မချလည်းရပါတယ်၊ ချပေးရင်တော့
ပိုကောင်းးတာပေါ့....
မထမဆုံးးးးးးးးးးး မိမိတို့ကွန်ပျူတာ Run Box ကိုခေါ်လိုက်ပါ...
မသိသူတွေကတော့... Window ခလုပ်လေးနဲ့ R ဆိုတဲ့ခလုပ်ကိုတွဲကလစ်ခြင်းဖြင့်
ဘောက်လေးကျလာမှာဖြစ်ပါတယ်...
နမူနာ တစ်ခုနဲ့ ပြပါ့မယ်... ခုလို ဘော်ကလေးကျလာတဲ့အခါ မှာ..အပေါ်ကပေးထားတဲ့ နံပါတ်စဉ်တိုင်း
တခုချင်းထည့်ပေးပြီး ရှင်းပေးလိုက်ပါ.... တခုကို ထည့်ပြီး Ok ပေးလိုက်တာနဲ့ အောက်ကလို ဇယားကြီး
တစ်ခုကျလာမှာဖြစ်ပါတယ်...
ခုလိုကျလာတာနဲ့ အဲထဲမှာ ပေါ်ပေါ်လာသမျှ အားလုံးကို select all ဆိုပြီးအကုန် မောက်နဲ့ ဆွဲအပြာခြစ်
ပေးလိုက်ပါ...ပြီးတာနဲ့ delete လုပ်ပြီးအကုန်ဖျက်ရမှာ ဖြစ်ပါတယ်..
မစိုးရိမ်ပါနဲ့ ဖျက်သာဖျက်ချလိုက်ပါနော်..ဒါတွေက သင့်ကွန်ပျူတာအတွက်
မလိုအပ်တဲ့ အမှိုက်တွေဘဲဖြစ်ပါတယ်....
တခါတလေမှာ ဖျက်မရတဲ့ ကျန်နေတာလေးတွေရှိတတ်ပါတယ်.. သေခြာပေါက်လည်းတွေ့ရမှာပါ....
အဲခါမှာ အပေါ်ကလို ဘောက်လေးကျလာပါတယ်... Try Again လုပ်ပေးလည်းမရပေါ့..ဒါဆိုရင်တော့
ရပါပြီ..တက်ဖျက်မနေပါနဲကတော့...တချို့တွေကဖျက်မရတာမျိုးရှိပါတယ်..ထားလိုက်ပါနော်....နောက် တဆင့်သာ ဆက်ုလပ်လိုက်ပါ...
တချို့ စာတွေ Run Box မှာထည့်ပြီး Ok ကလစ်တာနဲ့ ခုလိုမျိုး ဘောက်လေးကျလာပါမယ်...ဒါဆို
Continue ဆိုတာကိုကလစ်ပေးမှ မိမိတို့ ဖျက်ရမည့် ဖိုင်တွေရှိတဲ့ ဇယားကွက်ကြီးးကျလာမှာပါ....နော်
တခါတရံကျတော့ ဖျက်နေရင်းဆက်ဖျက်မရတာမျိုးဖြစ်လာပြီး
အပေါ်ကလိုဘောက်လေးကျလာပါမယ်.. ဒါဆိုရင်တော့... Do this for all current
items ဆိုတာရှေ့ကို အမှန်ဖြစ်ပေးပါ...ဆက်လက်ပြီး Skip
ဆိုတာကိုကလစ်ပေးလိုက်ပါ...အဲတာမှ... မပျက်တော့ဘူးဆိုရင်တော့... Select All
မလုပ်ဘဲ တစ်ခုချင်းဆီ ညာကလစ် delete နဲ့ဖျက်ကြည့်လိုက်ပါ..တချို့တွေက
တခုချင်းဖျက်မှ ပျက်တာမျိုးလည်း ကြုံတွေ့ရလို့ပါ...
အဲနည်းတွေပြီးလို့မှ..ဆက် ဖျက်မရတော့ဘူးဆိုရင်တော့... ထားလိုက်ပါတော့နော်..
ကဲအဆင်ပြေကြပါစေ..ကွန်တော် သည်နည်းလေးကို တပါတ်တကြိမ်လောက် လုပ်ပေးပါတယ်...
အမြဲသုံးနေတဲ့ စက်တွေဆို အမြဲ ဘဲ သည်လို မလိုအပ်တဲ့ အမှိုက်တွေဆိုတာ ရှိနေပါတယ်..
ဒါကြောင့် ရှင်းလင်းပေးသင့်တယ်လို့ ယူဆမိပါတယ်..
ပျော်ရွှင်ကြပါစေ
0 comments:
Post a Comment