Friday, 12 July 2013

MAVEN Music Player (3D,Lyrics) v1.7.33 Apk


Software ရဲ့ကောင်းကြောင်းကိုတော့ ညွှန်းထားတာ အများကြီးပဲဗျာ။
သုံးကြည့်လိုက်တော့လည်း တကယ်ကိုကောင်းတာတွေ့ရပါတယ်။ သူ့မှာ များပြားလှတဲ့
feature တွေပါဝင်တာကို တွေ့ရပါတယ်။ Software လေးဆိုပေမဲ့လဲMusic player
လေးပါ။ Equalizer ချိန်ရတဲ့ပုံကအစ တခြား player တွေနဲ့မတူပဲ ပုံစံ
ဆန်းဆန်းလေး နဲ့တွေ့ရတော့အမြင်ဆန်းပါတယ်။ Beat
သံကိုကြိုက်ကြတဲ့သူငယ်ချင်းတွေအတွက်လည်း အဆင်ပြေပါတယ်။ ဒီဇိုင်းလေးကတော့
တော်တော်ကိုဆန်းလာပါတယ်။
သီချင်းနားထောင်ရင်းနဲ့ screen lock ကိုပိတ်လိုက်ပြီး ပြန်ဖွင့်တဲ့အခါမှာ
screen lock ကိုဖွင့်စရာမလိုတော့ပဲ ဒီ player လေးက lock
အနေနဲ့တည်ရှိနေမှာဖြစ်တဲ့အတွက် သီချင်းတွေကိုကျော်ချင်တာတို့ pause
လုပ်ခြင်းတွေတို့ကို အဆင်ပြေပြေ လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်ပါတယ်။
စမ်းကြည့်ချင်တဲ့သူငယ်ချင်းတွေအတွက်တော့အဆင်ပြေပါတယ်ဗျာ။
ဒီဇိုင်းလန်းတာလေးရယ် function ဆန်းတာလေးပါလာ တာလေးတွေ ရယ်ကြောင့်ကြိုက်ကြ
လိမ့်မယ်လို့မျှော်လင့်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း စမ်းသုံးကြည့်ပြီး
သွားပါပြီ။သူရဲ့ပုံမှန် Default Background အရောင်ကတော့ အပြာရောင်ပါ။
ဒါပေမဲ့ Theme function ကို download လုပ်ပေးလိုက်ရင် player ရဲ့ menu
ထဲဝင်ပြီးတော့ skin color ကို အပြာရောင်၊ အမဲရောင် နဲ့
သတ္တုရောင်ဆိုပြီးတော့လည်း
သုံးမျိုးကိုရွေးချယ်နိုင်ပါသေးတယ်။အသံတွေကိုချိန်ညှိတဲ့နေရာမှာလည်း
ကိုယ်ကြိုက်သလိုရွေးချယ်ချိန်ညှိနိုင်ပါတယ်။ Lyric system
လည်းပါဝင်တဲ့အတွက် lyric ပါဝင်တဲ့ သီချင်းတွေဆိုရင် 
သီချင်းရဲ့စာသားတွေကိုပါ ဖော်ပြပေးမှာဖြစ်ပါတယ်။ ကိုယ်အသုံးလိုတာတွေကို
player ရဲ့ menu ထဲဝင်ပြီး စိတ်ကြိုက်ပြုပြင်အသုံးပြုနိုင်ပါတယ်။













Download Link >>>> www.mgpauk.org



Download Link >>>> www.itstudier.blogspot.com



အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။



အားလုံးအဆင်ပြေကြပါစေဗျာ။



Aung Ko Htet (IT studier)

0 comments:

Post a Comment