Friday 26 July 2013

VRoot ခေါ် ROOT Masters version သစ် VRoot 1.4.3.3359





MTK

Model တွေ အပါအဝင် ဖုန်းအမျိုးအစားပေါင်း 2000 ကျော်ကို အောင်မြင်စွာ Root
နိုင်တဲ့ V Root ခေါ် ROOT Masters version သစ် VRoot_1.4.3.3359 ဖြစ်ပါတယ်.. 25.7.2013 ရက်နေ့က နောက်ဆုံးထွက်ရှိပါတယ်..  ဒီကောင်က
တရုတ် Root Tool
တစ်ခုဖြစ်ပြီး နာမည်ကြီး Master Brand တံဆိပ် 2000 ကျော်ကို Root နိုင်လို့
သိရပါတယ်.. Master Brand လို့ ဆိုလိုက်တာက Samsung, HTC, Huawei, ZTE စတဲ့
Brand တွေကို ပြောတာပါ. Model အလိုက် ဖေါ်ပြထားခြင်းတော့ မတွေ့ရပါဘူး..
ဒီကောင်ကို V
Root လို့လူသိများပြီး တကယ်ကျတော့ သူ့နာမည်ကို လိုက်ရှာတဲ့အခါ ROOT Masters
or Masters Brush (Brush Master Integration ROOT) ဖြစ်ပါတယ်..
နောက်ထပ်တွေ့လာရတာက i-Mobile IQ တွေကို ဒီကောင်နဲ့ Root လို့ရတာပါ..
Driver မသိရင်လည်း Online က Auto ချပေးတယ်... ပိုစုံလာတာပေါ့ဗျာ..



နည်းလမ်းကတော့ 

ပထမဆုံး
Driver ကို သိရပါမယ်.. မရှိရင် ဒီမှာ ဒေါင်းနိုင်ပါတယ်.. Model အလိုက် USB
Debugging နဲ့ Unknown Source ကို On ပေးထားရပါမယ်..



1 . ROOT Masters ကို ဒေါင်းပြီး Install လုပ်ပါ.. ပြီးရင် Run လိုက်ပါ..

2.  ဖုန်းကို Computer နဲ့ ချိတ်ဆက်လိုက်ပါ.. Driver သိတယ်ဆိုရင် ROOT Masters ကလည်း သိကြောင်း ပေါ်လာမှာဖြစ်ပါတယ်..





3. ဒါဆိုရင် Root Button ( အစိမ်းရောင် Green Button ) ကိုနှိပ်လိုက်ပါ.. Root လုပ်နေတာ မြင်ရပါလိမ့်မယ်..







4. ခဏနေရင်တော့ Root လုပ်ပြီးကြောင်း ပြပေးပါလိမ့်မယ်..

ဒါဆို အဆင်ပြေလောက်ပါပြီ..





ဒီကောင်နဲ့ Root ဖောက်ပြီးတဲ့အခါ App Drawer ထဲမှာ နာမည်မသိတဲ့ Application
လေး တစ်ခု ရောက်နေပါတယ်.. အဲဒါကတော့ SuperUser ပေါ့ဗျာ..
တရုတ်လိုရေးထားတော့ ကျွန်တော်တို့ မဖတ်တတ်တာပါ.. Application တွေကို
Install လုပ်လိုက်တဲ့အခါ ဒီ တရုတ်ဆော့ဖ်ဝဲလေးတက်လာပါတယ်.. ညာဘက်က ခလုတ်က
Grant ဖြစ်ပြီး ဘယ်ဘက်ကဟာလေးကတော့ Deny ဖြစ်ပါတယ်.. 



ပုံထဲမှာ C8812 ကို Root လုပ်အောင်မြင်ကြောင်း ပြထားပါတယ်...



မောင်ပေါက်<Knowledge Note>

www.maungpauk.org






Download Here !



or



Download Here !


0 comments:

Post a Comment