Tuesday 30 July 2013
ဖုန်းလာရင် Floating Notification အနေနဲ့ ပြပေးမယ့် CallHeads
ashampoo 01
မကြာခင်က
Facebook က သူ့ ရဲ့ Messenger App မှာ Chat Head Notification ကို
မိတ်ဆက်ခဲ့ပြီးလူကြိုက်များခဲ့ပါတယ်။CallHeads ကလည်း Chat Head လို ပါပဲ။
ပုံမှန်အားဖြင့် သင် app တစ်ခုကိုသုံးနေတဲ့အချိန်မှာ ဖုန်းဝင်လာရင်
အနှောင့်အယှက်ဖြစ်ရပါတယ်။CallHeads ကို သုံးရင် Floating Notification
အနေနဲ့ ပြပေးမှာဖြစ်ပြီးသင်လက်ရှိလုပ်နေတဲ့အလုပ်ကို ဆက်လုပ်နိုင်တဲ့အတွက်
အနှောင့်အယှက်မဖြစ်တော့ပါဘူး။ ဖုန်းဝင်လာရင် ဖုန်းကို လက်ခံပြောလို့ ရသလို
decline လုပ်လို့ ရပါတယ်။ဒါ့အပြင်အချိန်ဘယ်လောက်ကြာမှ ဖုန်းကို answer
လုပ်မယ် ဆိုပြီး postpone လုပ်ထားလို့ လည်းရပါတယ်။
App
တစ်ခု ကို သုံးနေတဲ့အချိန် ဖုန်းဝင်လာရင်အောက်ကပုံမှာလို Floating Bubble
အနေနဲ့ တွေ့ မြင်ရမှာဖြစ်ပြီး သင့်အလုပ်ကို
အနှောင့်အယှက်မဖြစ်စေဘဲဆက်လုပ်နိုင်ပါသေးတယ်။ Bubble ကို ဖိပြီး ဘယ်ညာ drag
ဆွဲပြီး accept,decline လုပ်ရမှာပါ
ashampoo 02ashampoo 03
အရေးတကြီးစာရိုက်နေတဲ့အချိန်မျိုးဆိုရင်လည်း
့ရပါတယ်။Setting ထဲမှာ postpone time,sound , visualization,animation 
စတာတွေကို သင့်စိတ်ကြိုက်ပြုလုပ်နိုင်ပါတယ်။
ashampoo 04ashampoo 05
ဓါတ်ပုံရိုက်နေတဲ့အချိန်ဖုန်းဝင်လာရင်လည်း သင့်စိတ်ကြိုက် ပုံရိုက်ပြီးမှ ဖုန်း ကိုင်လို့ ရပါသေးတယ်။
ashampoo 06
Download CallHeads  (2) mb  from Google Play Store  or  Dropbox 
Note : တစ်ခုမှတ်ထားရမှာက
ဖုန်း ကို Lock လုပ်ထားတဲ့သူတွေကတော့ Lock
ဖြစ်နေတဲ့အချိန်မှာဖုန်းဝင်လာရင်တော့  default call application ကိုပဲတွေ
့မြင်ရမှာဖြစ်ပြီး CallHeads ရဲ့ Floating Noti ကိုမတွေ့ နိုင်ပါ။
0 comments:
Post a Comment