iOS 6 ကစပြီး ဖုန်းမကိုင်ချင်တဲ့အခါ ရိုးရိုး reject မလုပ်ဘဲ SMS နဲ့
reply ပြန်ပို့ပြီး reject လုပ်လို့ရတဲ့ features ပါဝင်လာပါတယ်။ ဒါပေမယ့်
သူပေးထားတဲ့ Reply message စာသားက သုံးမျိုးတည်းပါ။ အဲဒီနေရာမှာ
ကိုယ်ပြန်ပို့ချင်တဲ့စာသားကိုရေးထားလို့ရပါတယ်။ လုပ်နည်းကတော့
Settings—>Phone—> Reply With Message ထဲကိုဝင်ပါ။
Sample ရေးပြထားတဲ့ SMS သုံးခုတွေ့ပါလိမ့်မယ်။ ကြိုက်နှစ်သက်ရာ SMS
ပေါ်ကိုနှိပ်လိုက်ပါ။ ကိုယ်ကြိုက်နှစ်သက်ရာစာသားရိုက်ထည့်ဖို့ Keyboard
ပေါ်လာပါပြီ။ Reply ပြန်ချင်တဲ့ စာသားကိုရိုက်ထည့်လိုက်ပါ။
ရေးပြီးပြီဆိုတာနဲ့ Phone ဆိုတဲ့ back key နဲ့ပြန်ထွက်လိုက်ပါ။
ဒါဆိုရင် ကိုယ်ရေးထားတဲ့ SMS တစ်ကြောင်းကို save ပြီးဖြစ်သွားပါပြီ။
ဖုန်းလာတဲ့အခါ Auto Reject SMS စနစ်နဲ့ reject ပြန်လုပ်ချင်ရင်
ဖုန်းလာတဲ့အခါ Answer ဆိုတဲ့အစိမ်းခလုတ်လေးဘေးမှာ
လက်နဲ့အပေါ်ဘက်ကိုပွတ်လိုက်ရင် Reject setting ပေါ်လာပါမယ်။ အဲဒီထဲက Reply
with Message ထဲကိုဝင်လိုက်ရင် ခုနတုန်းက ကိုယ်ရေးသားထားတဲ့ SMS နဲ့ reply
ပြန်နိုင်ပြီဖြစ်ပါတယ်။






0 comments:
Post a Comment