Wednesday, 2 October 2013

ဖုန်းပျောက်ရင် လေချွန်ပြီး ပြန်ရှာနိုင်တဲ့ Whistle Android Finder PRO version 4.7 Apk






ကိုယ်ကိုင်တွယ်အသုံးပြုနေတဲ့ဖုန်းတွေနေရာအထားမှားတာပဲဖြစ်ဖြစ်


၊ သူများက မသိအောင် ၀ှက်ထားတာပဲဖြစ်ဖြစ် ကိုယ်ကလေချွန်လိုက်တာနဲ့ ဖုန်းကနေ

ပြန်ပြီး အသံပြုပေးတဲ့ application လေးပါ။



အသုံးပြုပုံလေးကလည်းလွယ်ကူပါတယ်။ အရင်ဆုံး application လေးကို install လုပ်ပြီး open လုပ်လိုက်ပါ။ ပြီးရင် application လေးရဲ့ setting ကိုရောက်သွား

ပါလိမ့်မယ်။ ပြီးရင် Enable Whistle Android Finder ဆိုတဲ့နေရာမှာ
အမှန်ခြစ်ခြစ်ပေးလိုက်ပါ။ ပြီးရင်အောက်နားမှာ Select Notification Sound
ဆိုတဲ့အထဲမှာ ကိုယ်

ကြိုက်တဲ့ sound တွေကို ရွေးချယ်နိုင်တဲ့အပြင်
ကိုယ့်ဖုန်းထဲမှာရှိတဲ့ music file ထဲက သီချင်းတွေကို လည်းရွေးချယ်ပြီး
notification sound လုပ်နိုင်ပါသေးတယ်။



ဒါပေမဲ့ ကျွန်တော်ဒီ application လေးကို Justinbieber ရဲ့ Boyfriend
သီချင်းနဲ့စမ်းထားတာပါ။ တကယ်လည်းပြန်ပြီး အသံပြန်ပြုပေးပါတယ်။ သူများက
ခိုးသွားပြီး ဖုန်းကို ပိတ်ထားတယ်ဆိုရင်တော့ တစ်မျိုးပေါ့နော်။  ဒီ
application လေးက Google Nexus 7 နဲ့ Samsung
Galaxy Tab 7 စတဲ့

model မြှင့်ဖုန်းတွေကိုလည်း  support ကောင်းကောင်းလုပ်ပေးနိုင်တာကိုတွေ့ရပါတယ်။   တကယ်လို့

စမ်းကြည့်ချင်တယ်ဆိုရင်တော့
စမ်းကြည့်ကြည့်ပေါ့ဗျာ။ ပြီးရင်ကျွန်တော့်ကို အကောင်းအဆိုးလေးနည်းနည်း
အကြံပေးပါအုံးနော်။ ဒီ application လေးကို အသုံးပြုချင်ရင်တော့

android version 2.1 နဲ့အထက်မှာဆိုရင် အသုံးပြုနိုင်ပါတယ်ဗျာ။ တကယ်လို့ အကြုံပြုချင်တယ်ဆိုရင်တော့ aungkohtet.htet82@gmail.com ကို mail ပို့ပြီး အကြံပြုနိုင်ပါတယ်။ 














အောက်က link တွေကနေ download လုပ်နိုင်ပါတယ်။ 



















အားလုံးအဆင်ပြေကြပါစေ........




 Aung Ko Htet 

0 comments:

Post a Comment