Friday 18 October 2013

Androidဖုန်းတွေနဲ့ပတ်သက်လို့ အများကြီးမသိပေမဲ့ သိသလောက်တော့ရေးပါ့ရစေဗျာ









Androidဖုန်းတွေနဲ့ပတ်သက်လို့ အများကြီးမသိပေမဲ့ သိသလောက်တော့ရေးပါ့ရစေဗျာ

~ရှင်းလင်းရေးတွေနဲ့ပတ်သက်လို့
Clean Masterနဲ့Dx Tool Boxတို့ကိုဆောင်ထားစေချင်ပါတယ်
အခုနောက်ဆုံးversionတွေဆိုရင် လုပ်ဆောင်ချက်တွေပိုမိုကောင်းမွန်လာပါတယ်
memory cardကိုရှင်းလင်းရေးလုပ်ရာမှာClean Masterက
ထူးခြားကောင်းမွန်မှုရှိသလို ဖုန်းကိုရှင်းလင်းရေးပြုလုပ်ရာမှာ Dx Tool Boxက
အရမ်းကောင်းပါတယ်။
ရှင်းလင်းရေးဆော့ဝဲတွေ အများကြီ:ထည့်သွင်းထားရင်လည်း စက်ဟာမလိုအပ်ဘဲ လေးလာတတ်ပါတယ်။

~Virusနဲ့ပတ်သက်လို့ကတော့Dr,wed anti virusက အသင့်တော်ဆုံးပါ။

~rootဖောက်ထားတဲ့ဖုန်းတွေမှာ super userနဲ့super suတို့ကို လုံးဝဖျက်မပစ်သင့်ကြောင်းပါ။
အကြောင်းကတော့
rootဆိုတာ ပထမဆုံးမူလထုတ်လုပ်သူရဲ့ ပိုင်ဆိုင်သော Androidစနစ်ပါ။ ဥပမာ
Huaweiဆိုရင် ဖုန်းရဲ့Android systemကို
Huaweiရဲ့တည်ဆောက်ထားတဲ့စနစ်ကပိုင်တာပါ။အဲဒီပိုင်ဆိုင်မှုကိုချိုးဖောက်ပြီး
မိမိစိတ်တိုင်းကျနီးပါးအသုံးပြုလို့ရအောင်
ချိုးဖျက်ခြင်းrootဖောက်ခြင်းလို့ ကျွန်တော်နားလည်ပါတယ်။အကယ်၍ rootမဖောက်ဘဲ
တချို့Applicationတွေထည့်သွင်းအသုံးပြုလို့ လုံးဝမရပါဘူး။
ဒီနေရာမှာ
ထူးခြားတာက Apkတစ်ခုကို မိမိဆုံးဖြတ်ချက်နဲ့
ထပ်မံinstallပြုလုပ်နိုင်ရအောင် super userကနေroot
permissiomတောင်းရပါတယ်။အဲဒီမျိုးဆော့ဝဲတွေတွေ့ဖူးပါလိမ့်မယ်။ ဒါဟာ
မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်လို့ဆိုနိုင်ပေမဲ့ super userနဲ့super suတို့ကနေ
android systemနဲ့ ထိန်းညှိုပေးပါတယ်။

~နောက်တစ်ခုက Android assitentလို ဆော့ဝဲမျိုးလည်း ထည့်ထားသင့်ပါတယ်။
Internal
memoryနဲတဲ့ဖုန်းတွေမှာ Apkတွေကို memory cardထဲ့သို့ ရွေ့ဖို့ရာ
ခွင့်ပြုသောApkများကို မဖြစ်မနေရွေ့ရပါတယ် ဒါမှ ဖုန်းmemoryဟာ
နေရာကျယ်ဝန်းလာပီး လုပ်ဆောင်မှုများ ပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်။
stroage~Defalt stroageမှာ SD cardကိုတော့ ချိန်းထားပေးပါနော်။

အဲဒီလိုချိန်းပီးလို့
Apkတွေကို SD cardထဲရွေ့ဖို့ရာဆော့ဝဲမရှိဘူးဆိုရင်တောင်
setting~Application or Mange Applicationကိုနိုပ်
ဆော့ဝဲတစ်ခုခြင်းကိုနိုပ်ပီး Move to SD Cardလို့ပေါ်ရင် နှိပ်ပ်သာနှိပ်ပါလုံးဝမမှားပါဘူး။ Move to phoneဆိုရင်တော့ မနိုပ်ပါနဲ့တော့
*Move to SD cardဆိုရင် ပုံသေတာမှတ်ထားပေးပါ၊ နှိပ်သာနှိပ်ပါ။
တချို့ဖုန်းတွေမှာတော့ Move to internal stroageလို့ ပါသလို့ Move to phone stroageလို့ 


 


ပါပါတယ်။စဉ်းစားကြည့်ရင် ပေါ်လာပါလိမ့်မယ်။

*အထူးသတိပေးလိုတာက
Link 2Dဆိုတဲ့ အပြာရောင် မမ်မိုရီကတ်ပုံစံ ဆော့ဝဲလေးပါ အဲဒီဆော့ဝဲကတော့
သိပ်ကိုကြမ်းတမ်းပါတယ် ဘယ်Applicationမဆို SD cardထဲကို ရွေ့လို့ရပါတယ်။
အန္တရာယ်သိပ်ကြီးပါတယ် ကျွန်တော်ကိုယ်တိုင်သုံးကြည့်ထားသလို အခြား
စက်တွေလည်း ဒုက္ခရောက်ခဲ့ရပါတယ်။ အဲဒီဆော့ဝဲကို လုံးဝမသုံးစေချင်ပါဘူး။

သိပီးရင်လည်း ခွင့်လွတ်ပါ

ကျေးဇူးတင်ပါသည်။

Honest Mind.


Refer>>http://saithu102.blogspot.com/2013/10/android_18.html

0 comments:

Post a Comment