Thursday, 10 October 2013

Microsoft.Net Framework 4 (or) 4.5 သွင်းရာတွင်ဖြစ်တတ်သည့် Error 0xc8000222 နှင့် System Error 5 ဖြေရှင်းနည်း



ကျွန်တော်တော့ kaspersky 2014 သွင်းတာ Net Framework လိုနေတာနဲ့ Net Framework 4.5 သွင်းလိုက်တယ်။အဲ့မှာတင် Error 0xc8000222 နဲ့ တန်းတိုးတော့တာပဲ။ဘယ်သူ့ မှလဲမမေးချင်တော့တာနဲ့ ကိုယ်တိုင်ပဲ ရှာလိုက်တာ။

ကံကောင်းချင်တော့ နိုင်ငံခြားဆိုဒ်တစ်ခုကနေဖြေရှင်းထားတာလေးသွားတွေ့ တယ်။

Error 0xc8000222 ကိုဖြေရှင်းမယ်လုပ်တော့ နောက်ထပ် Error တစ်ခုနဲ့ ထပ်တိုးတယ်ဗျာ။အဲ့ Error နှစ်ခုနဲ့ တင် တစ်နေကုန်သွားတာပဲ။

လူတိုင်းကြုံတွေ့ နိုင်တဲ့ Error မျိုးဖြစ်တဲ့အတွက် Post တစ်ခုအနေနဲ့ ရေးပီး share

ပေးလိုက်တယ်ဗျာ။တော်ကီလွှတ်တာများသွားပီလားမသိဘူး :D ။



Microsoft.Net Framework 4 (သို့ မဟုတ်) 4.5
ဖိုင်ကိုတော့မတင်ပေးတော့ဘူးနော်။Google ကနေ
ရှာပီးဒေါင်းလိုက်ပါ။ဖိုင်ဆိုဒ်က 44MB လောက်ပဲရှိတာ။




Error 0xc8000222 ဖြေရှင်းနည်း



1-Window ကနေ cmd ခေါ်လိုက်ပါ (Window+R နဲ့ တွဲနှိပ်ပါ၊ Box ကျလာရင် cmd လို့ ရိုက်ပီး Enter ခေါက်လိုက်ပါ)








2-Box အမည်းကြီးကျလာရင် net stop WuAuServ လို့ ရိုက်လိုက်ပါ။
 (ဒီအဆင့် ၂ မှာ Systerm Error 5 ဖြစ်နိုင်ပါတယ်။ဖြစ်ခဲ့ရင် အောက်မှာရှင်းပြထားပါတယ်။)





3-System Error 5 မဖြစ်ခဲ့ဘူးဆိုရင် cmd (Box အမည်းကြီး) ကို ပိတ်လိုက်ပါ။





4-Window+R ခေါ်ပီး %windir% လို့ ရိုက်လိုက်ပါ။







5-ပီးရင် SoftwareDistribution ကိုလိုက်ရှာပါ။







6-တွေ့ ရင် SDold လို့  နာမည်ပြောင်းလိုက်ပါ။
(တကယ်လို့  နာမည်ပြောင်းမရဘူးဆိုရင် အဲ့ဒါ အဆင့် ၂ က System Error 5 နဲ့ ငြိနေလို့ ပါ)







7-SDold လို့ နာမည်ပြောင်းနိုင်ခဲ့ရင် Window+R ကနေ cmd ပြန်ခေါ်လိုက်ပါ။



8-Box အမည်းကြီးကျလာရင် net start WuAuServ လို့ ရိုက်လိုက်ပါ။



9-Net Framework 4(or)5 ကိုပြန်သွင်းကြည့်ပါ။အောင်မြင်စွာသွင်းလို့ ရသွားပါလိမ့်မယ်။




System Error 5 ဖြေရှင်းနည်း
System Error 5 ဖြေရှင်းနည်းတွေကအများကြီးပါ။Microsoft ကိုလည်းအကူအညီတောင်း

တယ်။ဘာမှလဲပြန်မဖြေတာနဲ့ စိတ်ညစ်ပီး မလုပ်တော့ဘူးဆိုပီးထားလိုက်တာ။ 

(System Error 5 ဆိုတာ Window Update ကိုDisable လုပ်ခိုင်း

တာနဲ့ တူတူပါပဲ။Disable လုပ်ဖို့  စက်ရဲ့ နောက်မှာ Program တွေ အလုပ်လုပ်နေလို့ 

Disable မလုပ်နိုင်ပဲSystem Error 5 ဖြစ်ရတာပါ)

အဲ့အချက်ကို သတိရသွားတာလို့  ကွန်ပြူတာကိုဖွင့်ဖွင့်ချင်းပဲ တစ်ဆင့်ပီးတစ်ဆင့် လုပ်လိုက်တာအိုကေသွားတယ်။



ကဲ.......System Error 5 ဖြေရှင်းကြစို့ ။လက်သွက်မှ ဒီ error ကိုဖြေရှင်းနိုင်မှာနော် :D။

 
1-ကွန်ပြူတာကို restart ချလိုက်ပါ။(ကဲ.....နောက်တစ်ဆင့်ကလက်မြန်ဖို့ လိုမယ်နော်)



2-window ပြန်တက်လာရင် (screen ရဲ့ အောက်ဆုံးက taskbar စပေါ်လာတာနဲ့   <သို့ မဟုတ်>  စက်ရဲ့ Program တွေအလုပ်မလုပ်ခင်



   (a)Window ကနေ cmd ခေါ်လိုက်ပါ (Window+R နဲ့ တွဲနှိပ်ပါ၊ Box ကျလာရင် cmd လို့ ရိုက်ပီး Enter ခေါက်လိုက်ပါ)





   (b)Box အမည်းကြီးကျလာရင် net stop WuAuServ လို့ ရိုက်လိုက်ပါ။



3-Window+R ခေါ်ပီး %windir% လို့ ရိုက်လိုက်ပါ။ပီးရင် SoftwareDistribution ကိုလိုက်ရှာပါ။တွေ့ ရင် SDold လို့  နာမည်ပြောင်းလိုက်ပါ။
  
(တကယ်လို့ လက်နှေးသွားလို့  SoftwareDistribution ကို SDold လို
့နာမည်မပြောင်းနိုင်ခဲ့ရင် computer ကို restart ပြန်ချပီး  အဆင့်၂ နဲ
့အဆင့်၃ ကိုပြန်လုပ်ပါ)







4-SDold လို့ နာမည်ပြောင်းနိုင်ခဲ့ရင်တော့ System Error 5 ကိုဖြေရှင်းနိုင်ခဲ့ပါပီ။



5-Window+R ကနေ cmd ပြန်ခေါ်လိုက်ပါ။



6-Box အမည်းကြီးကျလာရင် net start WuAuServ လို့ ရိုက်လိုက်ပါ။



7-Net Framework 4(or)5 ကိုပြန်သွင်းကြည့်ပါ။အောင်မြင်စွာသွင်းလို့ ရသွားပါလိမ့်မယ်။အဆင်ပြေပါစေ။




 



" ခေတ်သမိုင်း " (www.facebook.com/Khit TaMhine) 

Refer>>http://www.amyokaungtarr.com/2013/10/microsoftnet-framework-4-or-45-error.html 

0 comments:

Post a Comment