Kaspersky
Lab ကမကြာမီက Kaspersky Antivirus 2014 နဲ့  Kaspersky Internet Security
2014 တို့ ကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ Kaspersky 2014 Version တွေ
မှာတော့ Security Features တွေပိုမိုကောင်းမွန်လာပြီး ZETA shield
antivirus technology လည်းပါရှိလာပါတယ်။တကယ်လို့ သင် ဟာ Kaspersky
Antivirus နဲ့  Kaspersky Internet Security တို့ ကို
အသုံးပြုနေတဲ့သူဆိုရင် Version 2014 ကိုအခမဲ့ Upgrade လုပ်နိုင်တယ်လို့ 
Kaspersky Migration Policy မှာဖော်ပြထားပါတယ်။
Upgrade
လုပ်ဖို့ နည်း (၂) နည်းရှိပါတယ်။ ပထမနည်းကတော့ Kaspersky Version
အဟောင်းကို Uninstall လုပ်စရာမလို ဘဲ Version 2014 ကို Install လုပ်ပြီး
Upgrade လုပ်နိုင်ပါတယ်။ဒုတိယ နည်းကတော့ Version အဟောင်းကို Uninstall
လုပ်ပြီး မှ Version 2014 ကို အင်စတောလုပ်တဲ့နည်းပါ။ Kaspersky ကတော့
ဒုတိယနည်းကို အသုံးပြုဖို့ အကြံပေးထားပါတယ်။ဘယ်နည်းကို ပဲ
အသုံးပြုသည်ဖြစ်စေလိုင်စင်ကို ပြန်ပြီး Activate လုပ်စရာမလို
အောင်ပြုလုပ်နိုင်ပါတယ်။
နည်းလမ်း(၁)
Kaspersky
Antivirus 2014 or Kaspersky Internet Security 2014 ကို သက်ဆိုင်ရာ
Version အလိုက်ဒေါင်းပါ။Trial Version ကို ဒေါင်းရမှာပါ။ Run နေတဲ့
Programs တွေကို ပိတ်ထားပါ။ ပြီးရင် Setup ဖိုင်ကို Run
ပြီးအင်စတောလုပ်ပါ။နောက်ဆုံး Wizard မှာ Restart လုပ်ပေးပါ။ဒါပါပဲ။
လိုင်စင်ကိုလည်းပြန်ပြီး Activate လုပ်စရာမလို ပါဘူး။
နည်းလမ်း(၂)
Kaspersky
Version အဟောင်းတွေကို Uninstall လုပ်ပါ။ Uninstall လုပ်တဲ့ Wizard မှာ
License information ကို Save လုပ်ပါ။ Restart လုပ်ခိုင်းရင် Restart
လုပ်ပေးပါ။တကယ်လို့  Uninstall လုပ်လို့ မရရင် Kaspersky Removal Tool ကိုသုံးပါ။
ပြီးရင်တော့
နည်းလမ်း (၁) ကအတိုင်းပဲ Kaspersky 2014 ကို အင်စတောလုပ်လို
့ရပါပြီ။လိုင်စင် ကိုလည်း ပြန်ပြီး Activate လုပ်စရာမလိုပါဘူး။ Kaspersky
2014 Trial Version တွေကို Kaspersky ,CNet တို့ မှာ ဒေါင်းနိုင်ပါတယ်။
0 comments:
Post a Comment