Monday, 23 September 2013
Windows 8/8.1 နဲ့  Compatible မဖြစ်တဲ့ Programs တွေကိုအသုံးပြုခြင်း။
image131
Windows
7 ဒါမှမဟုတ် အရင်ဝင်းဒိုးတွေက နေ Windows  8 ပြောင်းလဲပြီးအသုံးပြုရင်
Programs,Drivers တွေ Compatible မဖြစ်တဲ့ ပြဿနာတွေ
ကိုသုံးနိုင်ပါတယ်။Windows 8 မှာတော့ Compatibility Mode
ကအနည်းငယ်ပြောင်းလဲသွားပြီးပိုမိုအသုံးဝင်တဲ့ Tools တွေ ပါရှိလာပါတယ်။
Windows
8 Compatibility Mode  က  EXE Installer တွေ သာမကဘဲ Driver Package
ဖိုင်တွေအတွက်လည်းသုံးနိုင်ပါတယ်။ အသုံးပြုမယ့် Programs,Drivers တွေကတော့
OS Version နဲ့ ကိုက်ညီမှုရှိရပါမယ်။ဥပမာအားဖြင့် Windows 8 64-bit
ကိုသုံးရင် Programs,Driver တွေကလည်း  64-bit ဖြစ်ရပါမယ်။
Compatibility Mode ကိုအသုံးပြုခြင်း။
အသုံးပြုမယ့်
EXE Installer,Driver ပေါ်မှာ Right Click နှိပ်ပြီး Properties
ထဲဝင်ပါ။Compatibility tab ကိုနှိပ်ပါ။တကယ်လို့  Compatibility tab ကိုမတွေ
့ရင် အဲဒီ EXE ဖိုင်ဟာ Windows 8 Compatibility Mode မှာသုံးလို့ မရလို
့ဖြစ်ပါတယ်။
Win8CompMode-comp-mode-settings-all-users
Compatibility tab မှာ Compatibility mode, Settings and Privilege level ဆိုပြီး Section သုံးခုရှိပါတယ်။
Compatibility
Mode မှာ Windows 95 ကနေ Windows 7
အထိရွေးချယ်သုံးနိုင်ပါတယ်။အသုံးပြုမယ့် Programs နဲ့ Compatible
ဖြစ်တဲ့ OS   ကိုရွေးချယ်အသုံးပြုရမှာပါ။
Win8CompMode-comp-mode
Settings
မှာတော့ Display Settings ကိုပြောင်းလဲနိုင်ပါတယ်။အသုံးပြုမယ့် Programs
ဟာ Modern Display တွေ နဲ့  Compatible  မဖြစ်ရင် အဲဒီ Tool
ကအသုံးဝင်ပါတယ်။
Win8CompMode-comp-mode-settings
Privilege
Level မှာ EXE,Driver ကို Admin အနေနဲ့  Run လို
့ရအောင်ပြုလုပ်နိုင်ပါတယ်။ Installer ဖိုင်အများစုဟာ Admin အနေနဲ့  Run
ဖို့ လိုအပ်ပါတယ်။
Compatibility
မဖြစ်တဲ့ Programs တွေကိုအသုံးပြုလို့ ရပါပြီ။တကယ်လို့  Compatibility Mode
ကိုသုံးလို့ မရဘူးဆိုရင်တော့ Compatibility Troubleshooter
ကိုအသုံးပြုပြီးစစ်ဆေးနိုင်ပါတယ်။
Compatibility  Troubleshooter ကိုအသုံးပြုခြင်း။
Compatibility
Troubleshooter ကိုအသုံးပြုဖို့  Compatibility Tab ကနေသုံးနိုင်သလို EXE
ဖိုင်ပေါ် Right Click နှိပ်ပြီး “Troubleshoot Compatibility” ကိုနှိပ်ပါ။ Compatibility Troubleshooter  ကိုသုံးဖို့  နည်းနှစ်နည်းရှိပါတယ်။ Recommended Settings , Troubleshooting Programs ဖြစ်ပါတယ်။Configure မလုပ်တတ်ရင် Recommended Settings ကိုနှိပ်ပါ။
Win8CompMode-troubleshooter-type
မှန်ကန်တဲ့ Settings ကိုရရှိဖို့  အချိန်အနည်းငယ်ကြာမြင့်မှာဖြစ်ပြီး Test the program ကိုနှိပ်ပါ။ပြီးရင် Next ကိုနှိပ်ပါ။
Win8CompMode-test-troubleshooter-settings
Windows
က Settings တွေ မှန်မမှန်မေးပါလိမ့်မယ်။ မှန်ရင် Yes နှိပ်ပါ။ မမှန်ရင်
No, try again ကိုနှိပ်ပြီး Setting
အပြောင်းအလဲပြုလုပ်ခိုင်းနိုင်ပါတယ်။Settings  
တော်တော်များများကိုပြောင်းလဲစမ်းသပ်ခိုင်းပြီးတာတောင်မှအဆင်မပြေသေးရင်
Online ကနေ အဖြေရှာဖို့  Report လုပ်ပါ။
Win8CompMode-troubleshooter-results
Settings
တွေ တော်တော်များများကို ပြောင်းလဲစမ်းသပ်ပြီးရင် Settings အမှန်ရရှိဖို့
ဝင်းဒိုးက သင့်ကို မေးခွန်းတွေ မေးပါလိမ့်မယ်။  ဒီမေးခွန်းတွေကို
ဖြေခြင်းဖြင့်လည်း Settings အမှန်ကိုရရှိနိုင်ပါတယ်။
Win8CompMode-try-different-settings
Settings
တစ်ခုနဲ့ မှအဆင်မပြေရင် တော့ အောက်ကလို  Message ကျလာတတ်ပါတယ်။ဒီလို
မဖြစ်ဘဲအသုံးပြုလို့ မရလို့ ဖြစ်နိုင်ပါတယ်။
Win8CompMode-cant-be-used
Windows
8 Compatibility Mode က Programs  , Drivers တွေ အားလုံးကိုတော့
အသုံးပြုလို့ ရအောင်လုပ်ပေးနိုင်မှာမဟုတ်ပါဘူး။ဒါပေမယ့်
တော်တော်များများကိုတော့ အဆင်ပြေအောင်ပြုလုပ်ပေးနိုင်ပါလိမ့်မယ်။သင့်ရဲ့
Programs , Drivers တွေကို Windows 8 မှာအသုံးပြုလို့ မရရင် Compatibility
Mode ကို သုံးနိုင်ပါတယ်။
0 comments:
Post a Comment