Sunday 3 November 2013

iOS 7.0.2 Untethered Jailbreak




JailbreakMe.com ကို မှတ်မိကြလိမ့်ဦးမည် ထင်ပါတယ်...



iOS 4.3.3 ကို Jailbreak လုပ်ခဲ့စဉ်က မည်သည့် Jailbreak tool ကိုမှ
အသုံးပြုစရာမလိုပဲ mobile Safari မှ jailbreakme.com ကို တိုက်ရိုက်
ဝင်ရောက်ပြီး "Slide" တစ်ချက် ဆွဲလိုက်ရုံဖြင့် iDevice တွေကို Untethered
Jailbreak လုပ်ပေးနိုင်ခဲ့လို့ Jailbreak သမိုင်းမှာတော့ အလွယ်ကူဆုံး
Jailbreak ပြုလုပ်နည်း ဖြစ်ခဲ့ပါတယ်...




ယခုလည်း iOS 7+ အတွက် "JailbreakMe" ရဲ့ နည်းလမ်းအတိုင်း "Remote Jailbreak" ပြုလုပ်ပေးမယ့် နေရာလေး တစ်ခုပေါ်နေပါတယ်....




မိမိ mobile ရဲ့ Safari ထဲမှ "7jailbreak.com" လို့ ရိုက်ပြီးသွားလိုက်ပါ။
အောက်ပါ ပုံအတိုင်း "Click To Jailbreak Your Device Remotely" လို့ တွေ့ရပါလိမ့်မယ်..










"Click" ကို နှိပ်လိုက်ပါက အောက်ပါ ပုံအတိုင်း install လုပ်နေပါပြီ..












ပြီးသွားတဲ့ အခါမှာ နောက်ထပ် အဆင့်တစ်ခု အတွက် "Ok" နှိပ်ရပါမယ်..







အဲဒီအခါမှာ Page တစ်ခု ပေါ်လာပြီး ပုံပါအတိုင်း Checking လုပ်နေပါပြီ...

Jailbreak လုပ်ငန်းစဉ် ပြီးမြောက်ဖို့ "Free" App နှစ်ခုထဲက တစ်ခုကို ရွေးပြီး Download လုပ်ဖို့ ပြောထားပါတယ်..







Free App တစ်ခုကို နှိပ်လိုက်တဲ့ အခါ App Store ကို ရောက်သွားပြီး Install လုပ်ရပါတယ်..







App ကို Install လုပ်ပြီးသွားပေမယ့် Checking ဆိုတာကတော့ ဒီအတိုင်းပါပဲ...



ဒါဟာ iOS 7 jailbreak ကို ခုတုံး လုပ်စားပြီး Free App တွေဆီကနေ
ပိုက်ဆံပြန်ယူနေတဲ့ website တစ်ခု ဖြစ်ပါတယ်။ Animated file တွေနဲ့
လှည့်စားထားခြင်း ဖြစ်ပြီး ဒါဟာ "FAKE" ပါ..



ကဲ ဘယ်နှစ်ယောက်များ post ကို ဆုံးအောင် မဖတ်ကြည့်ပဲ အညာခံလိုက်ရပြီလဲ.....









"It's a FAKE iOS 7 Jailbreak website!!!"









အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....




ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်




မိုးသိကြား










0 comments:

Post a Comment