Friday 28 June 2013

O/D off ထားပုံ

ကျွန်တော့်အတွေအကြုံအရ သိသလောက်ပြောပြရရင် OD အကြောင်း အရင်လဲ group
ထဲမှာရေးခဲ့တာရှိပါတယ် ECT မှာပါတဲ့ power / snow / hold
ဆိုတာရယ်ဂီယာတံမှာ် O/
D ဆိုတာရယ်မှာ သူတို့ရဲ့လုပ်ဆောင်ချက်လေးတွေကတော့
နံပါတ်တစ် O/D သူက Over drive ဆိုတဲ့ switch လေးမှာ နှိပ်ထားရင် OD on
နှိပ်မထားရင် OD off ဆိုပြီး ပုံမှန်မောင်းနေရင် switch
ကိုဝင်နေအောင်နှိပ်ထားရပြီး
လိုအပ်တဲ့အချိန်ကြမှ switch ကို ထွက်လာအောင် တချက်ထပ်နှိပ်တာပါ ဒါဆို
ဒိုင်ခွက်မှာ OD off ဆိုတဲ့ စာလေးက မီးအနီရောင် သို့မဟုတ် မီးအဝါရောင်နဲ့
ပေါ်လာပါတယ် မီးအနီ အဝါဟာ driver ကိုသတိပေးတဲ့ အရောင်ပါ မီးအစိမ်း
အပြာလိုမျိုးတွေက ok sign ပေါ့ OD ရဲ့ လုပ်ဆောင်ချက်ကတော့ speed
နဲ့ဆိုင်တာပါ အရှိန်မရသေးခင်မှာ ရုတ်တရက် speed မြှင့်ချင်တဲ့
အချိန်မျိုးမှာ OD switch ကိုတချက်ထပ်နှိပ်ပြီး off လုပ်ရင် ပုံမှန်အချိန်မှာ အင်ဂျင်တပတ် ဂီယာတပတ်လည်နေရာက OD off ရင် အင်ဂျင်တပတ်မှာ ဂီယာကတပတ်ခွဲ

လောက်လည်စေပါတယ် ဆီလဲပိုစားစေပါတယ် အမြဲ OD off နဲ့မောင်းရင်
အင်ဂျင်ကိုလည်း နာစေပါတယ် နောက်တခုက OD off ရင် ဥပမာ ဂီယာက
5ချက်ပါတဲ့ကားဆို ၁ ကနေ ၄ ထိပဲချိန်းပြီးတော့ ၆ ချက်ပါတဲ့ကားဆို ၁ ကနေ ၅
ထိပဲချိန်းပါတယ် နောက်ဆုံးဂီယာကိုမချိန်းပါဘူးဒီ
တော့ OD ဟာဘာလဲဆိုရင် မြင်းနဲ့တူပါတယ် horse power သဘောပေါ့ ။
နောက် ECT မှာပါတဲ့ Power သူကကြတော့ ဘာလုပ်ပေးလဲဆိုရင် power ဆိုတဲ့အတိုင်း အင်းအားတွေ စွမ်းအားတွေပေးတဲ့
သဘောပါပဲ ရွှံ့ထဲမှာ ကားဘီးနှစ်နေတဲ့အခါမှာ မျိုး ပျက်နေတဲ့ကားတစ်စီးကိုဆွဲပေးရမဲ့အခါမျိုး
ရုံးထွက်နိုင်အောင် ကူညီပေးတဲ့ switch ပါ သူကကြတော့ speed နဲ့မဆိုင်ပါဘူး
torque ပါ ဥပမာပြောရရင် လယ်ထဲမှာထွန်ယက်နေတဲ့
နွားရဲ့အားမျိုးကိုဆိုလိုတာပါ ဒီ power switch ကိုလဲ မလိုပဲ
နှိပ်မထားသင့်ပါဘူး အင်ဂျင်ကိုထိ
ခိုက်နိုင်ပါတယ် ။
နောက်တခုက
Snow ဒါမမဟုတ် HOLD လို့လဲတွေ့ရတတ်ပါတယ် သူကတော့ လမ်းချော်မဲ့နေရာမျိုး
Snow ပေါ်မှာ ဒါမမဟုတ် ရွှံ့ရေတွေရှိနေတဲ့ လမ်းမျိုးပေါ့ ကားကရပ်နေရာက

စထွက်ရင် ရှေ့မထွက်ပဲ slip ဖြစ်ပြီးဘီးက နေရာ
မှာလည်နေတဲ့အချိန်မျိုးမှာ snow or hold switch ကိုနှိပ်ပြီးထွက်ရင် ဂီယာက
နံပါတ် ၁ ကနေမထွက်ပဲ နံပါတ်၂ ကနေစထွက်တာဖြစ်လို့
ဖြည်းဖြည်းလေးရုံးထွက်စေပါတယ် ဒါကတော့
snow or HOLD ရဲ့လုပ်ဆောင်ချက်ပါပဲ

ကဲ အဆုံးသတ်ရရင်တော့ O/D Switch ရယ်
ECT မှာရှိတဲ့ Power switch ရယ် SNOW or
HOLD switch တွေဟာ သတ်သတ်စီ လုပ်ဆောင်ချက်တွေရှိပါတယ် ပုံမှန်မောင်းနေချိန်မှာဒိုင်ခွက်မှာဘာမီးမှပေါ်မနေပါဘူး လိုအပ်လို့ switch တခုခုကိုနှိပ်မှသာ
ဒိုင်ခွက်မှာမီးပေါ်လာမှာပါ ။

ကျွန်တော်သိသလောက် အတွေ့ကြုံလေးတွေ ရေးသားလိုက်ရတာပါခင်ဗျာ မှားတာရှိရင်လဲ ခွင့်လွှတ်ပါ။ု

O/D off ထားပုံပါ ။
ကျွန်တော့်အတွေအကြုံအရ  သိသလောက်ပြောပြရရင် OD အကြောင်း  အရင်လဲ  group ထဲမှာရေးခဲ့တာရှိပါတယ်  ECT  မှာပါတဲ့  power / snow / hold  ဆိုတာရယ်ဂီယာတံမှာ်  O/D ဆိုတာရယ်မှာ  သူတို့ရဲ့လုပ်ဆောင်ချက်လေးတွေကတော့  နံပါတ်တစ်  O/D  သူက Over drive ဆိုတဲ့ switch လေးမှာ နှိပ်ထားရင် OD on နှိပ်မထားရင် OD off ဆိုပြီး ပုံမှန်မောင်းနေရင်  switch ကိုဝင်နေအောင်နှိပ်ထားရပြီး                            လိုအပ်တဲ့အချိန်ကြမှ switch ကို ထွက်လာအောင် တချက်ထပ်နှိပ်တာပါ  ဒါဆို ဒိုင်ခွက်မှာ OD off ဆိုတဲ့ စာလေးက မီးအနီရောင် သို့မဟုတ် မီးအဝါရောင်နဲ့ ပေါ်လာပါတယ် မီးအနီ အဝါဟာ driver ကိုသတိပေးတဲ့ အရောင်ပါ  မီးအစိမ်း အပြာလိုမျိုးတွေက  ok sign ပေါ့  OD ရဲ့ လုပ်ဆောင်ချက်ကတော့  speed နဲ့ဆိုင်တာပါ  အရှိန်မရသေးခင်မှာ  ရုတ်တရက် speed မြှင့်ချင်တဲ့ အချိန်မျိုးမှာ OD switch ကိုတချက်ထပ်နှိပ်ပြီး off လုပ်ရင်  ပုံမှန်အချိန်မှာ  အင်ဂျင်တပတ် ဂီယာတပတ်လည်နေရာက  OD off ရင် အင်ဂျင်တပတ်မှာ ဂီယာကတပတ်ခွဲ
လောက်လည်စေပါတယ် ဆီလဲပိုစားစေပါတယ် အမြဲ OD off နဲ့မောင်းရင် အင်ဂျင်ကိုလည်း နာစေပါတယ်  နောက်တခုက OD off ရင်  ဥပမာ ဂီယာက 5ချက်ပါတဲ့ကားဆို ၁ ကနေ ၄ ထိပဲချိန်းပြီးတော့ ၆ ချက်ပါတဲ့ကားဆို ၁ ကနေ ၅ ထိပဲချိန်းပါတယ်  နောက်ဆုံးဂီယာကိုမချိန်းပါဘူးဒီ
တော့ OD ဟာဘာလဲဆိုရင် မြင်းနဲ့တူပါတယ် horse power သဘောပေါ့  ။
နောက်  ECT မှာပါတဲ့ Power  သူကကြတော့ ဘာလုပ်ပေးလဲဆိုရင်  power ဆိုတဲ့အတိုင်း အင်းအားတွေ စွမ်းအားတွေပေးတဲ့
သဘောပါပဲ  ရွှံ့ထဲမှာ ကားဘီးနှစ်နေတဲ့အခါမှာ မျိုး ပျက်နေတဲ့ကားတစ်စီးကိုဆွဲပေးရမဲ့အခါမျိုး ရုံးထွက်နိုင်အောင် ကူညီပေးတဲ့  switch ပါ သူကကြတော့ speed နဲ့မဆိုင်ပါဘူး torque ပါ ဥပမာပြောရရင် လယ်ထဲမှာထွန်ယက်နေတဲ့ နွားရဲ့အားမျိုးကိုဆိုလိုတာပါ  ဒီ power  switch ကိုလဲ မလိုပဲ နှိပ်မထားသင့်ပါဘူး အင်ဂျင်ကိုထိ
ခိုက်နိုင်ပါတယ် ။
နောက်တခုက  Snow  ဒါမမဟုတ် HOLD လို့လဲတွေ့ရတတ်ပါတယ် သူကတော့ လမ်းချော်မဲ့နေရာမျိုး Snow ပေါ်မှာ ဒါမမဟုတ် ရွှံ့ရေတွေရှိနေတဲ့ လမ်းမျိုးပေါ့  ကားကရပ်နေရာက
စထွက်ရင်  ရှေ့မထွက်ပဲ  slip ဖြစ်ပြီးဘီးက နေရာ    မှာလည်နေတဲ့အချိန်မျိုးမှာ  snow or hold switch ကိုနှိပ်ပြီးထွက်ရင် ဂီယာက နံပါတ် ၁ ကနေမထွက်ပဲ  နံပါတ်၂ ကနေစထွက်တာဖြစ်လို့
ဖြည်းဖြည်းလေးရုံးထွက်စေပါတယ် ဒါကတော့
snow or HOLD ရဲ့လုပ်ဆောင်ချက်ပါပဲ

ကဲ  အဆုံးသတ်ရရင်တော့  O/D Switch ရယ်
ECT  မှာရှိတဲ့  Power switch ရယ် SNOW or
HOLD switch တွေဟာ  သတ်သတ်စီ လုပ်ဆောင်ချက်တွေရှိပါတယ် ပုံမှန်မောင်းနေချိန်မှာဒိုင်ခွက်မှာဘာမီးမှပေါ်မနေပါဘူး  လိုအပ်လို့ switch တခုခုကိုနှိပ်မှသာ
ဒိုင်ခွက်မှာမီးပေါ်လာမှာပါ ။

ကျွန်တော်သိသလောက် အတွေ့ကြုံလေးတွေ  ရေးသားလိုက်ရတာပါခင်ဗျာ မှားတာရှိရင်လဲ  ခွင့်လွှတ်ပါ။ု

0 comments:

Post a Comment