Saturday 29 June 2013

iPhone 4, 4S and 5 မှာ Developer Account (သို့) UDID activation code မလိုဘဲ iOS 7 beta 1 တင်နည်း

ios7





အခုကျနော်ပြောပြပေးသွားမှာကတော့ iPhone 4, 4S and 5 ကို iOS 7 beta 1
တင်နည်းလေးပဲဖြစ်ပါတယ်။ iPod 5th Generation အတွက်လည်း
ဒီနည်းသုံးပီးတင်လို့ရပါတယ်။


ပုံမှန်မှာဆိုရင်တော့ Apple ကအခုချထားပေးတဲ့ iOS 7 beta 1 ကို registered developers တွေအတွက်သာ ရည်ရွယ်ပီးထုတ်ပေးထားတာဖြစ်ပါတယ်။





Requirements


(၁) မိမိ upgrade လုပ်မယ့် iDevice ဟာ Jailbreak လုပ်ပီးသားမဖြစ်ရဘူး
အကယ် Jailbreak လုပ်ပီးသားဖြစ်နေခဲ့ရင် Apple ကလက်ရှိတရားဝင် Sign
လုပ်ထားသေးတဲ့ iOS ကိုအရင် upgrade လုပ်ရပါမယ်။ (ဥပမာ – iOS 6.1.4 for
iPhone 5, iOS 6.1.3 for iPhone 4, 4S) လိုအပ်တဲ့ IPSW အတွက်
www.getios.com မှာရယူနိုင်ပါတယ်။ ဒီလိုဆိုရင်တော့ (၂) ဆင့် upgrade
လုပ်သလိုတော့ဖြစ်သွားမှာပါ။


(၂) iTunes latest version 11.0.4.4 ကို install လုပ်ထားရပါမယ်။ Go Get iTunes Latest >>> http://itunes.apple.com/


(၃) သက်ဆိုင်ရာ iOS 7 beta 1 ကို http://cryptoanarchic.me/static/ ကနေဒေါင်းထားရပါမယ်။ ဒီနေရာမှာအရေကြီးတာတစ်ခုက model no ပါ သေသေချာချာ ရွေးပေးရပါမယ်။


(၄) firmware file က .dmg အဖြစ်ရရှိမှာမို့ .ipsw အဖြစ် convert
လုပ်ပေးမယ့် TransMac ကို လည်းဒေါင်းထားရပါဦးမယ်။
http://www.acutesystems.com/ ကနေဒေါင်းလို့ရပါတယ် free version အတွက် 15
days trial ရပါတယ်။ အခြားသော dmg extractor တွေလည်းအသုံးပြုလို့ရပါတယ်။





Tutorial Begins….


- အထပ်ပါ လိုအပ်ချက်တွေပြည့်စုံပီဆိုရင်တော့ Upgrading လုပ်ငန်းစလို့ရပါပြီ။


- iTunes ကို ဖွင့် Shift+Update ကိုနှိပ်ပီး iOS 7 beta 1 IPSW ကိုရွေးပေးရမှာပါ။ Shift+Restore ကိုအသုံးပြုပီး IPSW ကိုမရွေးဖို့ အလွန်အရေးကြီးပါသည်။


- ဒါဆိုရင်တော့ iTunes က သင့်ရဲ့ iDevice ကို iOS 7 beta 1 သို့
upgrade  စတင်လုပ်နေပါပြီ။ ပြီးဆုံးသွားရင်တော့ သင့် iDevice မှာ the most
amazing mobile operating system ဖြစ်တဲ့ iOS 7
ကိုတွေ့မြင်ခံစားနိုင်တော့မှာပါ။ :D


This tutorial was tested on my iPhone 5 model A1428 using Windows 7!





PS: မန်းလေးမှာနေသူတွေအနေနဲ့ လိုအပ်တဲ့ iOS 7 beta 1 IPSW နဲ့ Softwares
တွေကို  လမ်း ၈၀x၄၁ ထောင့်က Tin Saw Cafe မှ Ko Htan ဆီသို့
လာရောက်ယူနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။


ပန်းသီးချစ်သူများအားအစဉ်လေးစားလျက်


သက်မှူးဆွေ(MMUG iOS admin)

0 comments:

Post a Comment