Sunday 30 June 2013

Gita Myanmar Music App v1.2 for iPhone/Pad/Pod touch






Jailbreak လုပ်မထားတဲ့ iPhone/Pad/Pod touch တွေကိုင်ဆောင်သူတွေအတွက်
အသုံးဝင် မြန်မာဆော့ဝဲလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။
ဆော့ဝဲလေးရဲ့နာမည်ကတော့ Gita Myanmar (ဂီတမြန်မာ) လို့ခေါ်ပါတယ်။

ဒီဆော့ဝဲလေးက ဘာတွေကောင်းလဲဆိုတော့ သီချင်းနာမည်ကို
မြန်မာလိုပေးထားတာတွေဆိုရင် ဒီဆော့ဝဲလေးထဲကနေကြည့်ရင် မြန်မာလိုရေးထားတဲ့
သီချင်းနာမည်များကို မြန်မာလိုမြင်ရပါတယ်။ Jailbreak လုပ်မထားလို့
မြန်မာစာမသွင်းရသေးတဲ့ဖုန်းတွေအတွက်အဆင်ပြေစေမှာပါ။ ဒါ့အပြင် သီချင်းထဲမှာ
သီချင်းစာသား (Lyrics) ထည့်ထားမယ်ဆိုရင်လည်း ဒီ ဂီတမြန်မာဆော့ဝဲလေးက
သီချင်းစာသားကိုပါဖော်ပြပေးနိုင်ပါသေးတယ်။
မြန်မာနာမည်နဲ့ရေးထားတဲ့သီချင်းတွေကိုရှာဖို့အတွက်လည်း Built-in
မြန်မာကီးဘုတ်တစ်ခုလည်းထည့်သွင်းပေးထားပါတယ်။ ဆော့ဝဲရဲ့ဒီဇိုင်းကလည်း
တော်တော်လေးလန်းပါတယ်။ iOS ရဲ့မူရင်း Play နဲ့တော်တော်လေးတူအောင်
ဖန်တီးပေးထားပါတယ်။ တခြား features တွေလည်းအများကြီးပါဝင်ပါသေးတယ်။
ဒီဆော့ဝဲလေးကိုဖန်တီးသူကတော့ iOS Developer ကိုဇော်မင်းစိုး (Initial
Studio) ဖြစ်ပါတယ်။ GitaMyanmar Music App for iPhone/Pad/Pod touch ကို
ဝ.၉၉ ဒေါ်လာနဲ့ iTunes Store မှာ ၀ယ်ယူရရှိနိုင်ပါတယ်။ အောက်က link
မှာရယူပါ။




Download Here:








Mirror link: Gita Myanmar Music App v1.2 for iPhone/Pad/Pod touch












ြေ

0 comments:

Post a Comment