
Windows 8 မှာ ဖုန်း Driver (ADB /Fastboot driver) တွေသွင်းတဲ့အခါမှာ
Error တွေတက်နေရင် ဖြေရှင်းဖို့နည်းလမ်းတစ်ခုပေးပါမယ်။ ဒီနည်းကိုရဖို့အတွက်
သုံးရက်လောက်ခေါင်းစားခဲ့ရပါတယ်။ Driver တွေသွင်းတာမှာ အင်တာနက်ကနေ
download လုပ်ထားတဲ့ Driver ကလည်းမှန်ကန်တယ် ၊
ကွန်ပျူတာမှာလည်းမသွင်းရသေးဘဲနဲ့ Driver ရှိပြီးသားတို့ encountering
problem တို့ can not install တို့စသဖြင့် error တက်လာရင်
ဘာမှဆက်မလုပ်ပါနဲ့Windows 8 ရဲ့ “Settings ထဲကိုဝင်လိုက်ပါ ။ ပြီးရင်
Change PC Settings -> General -> Adavanced Startup ->
ထဲကိုဝင်ပြီး Restart ဆိုတဲ့ခလုတ်ကိုနှိပ်ပါ။ Restarting ဖြစ်သွားပြီး
ခဏအကြာမှာ Screen တစ်ခုနဲ့ ထပ်ပေါ်လာပါမယ်။ အဲဒီထဲက Troubleshoot ->
Startup Options ထဲကိုထပ်ဝင်လိုက်ပါ။ စက်ကလုံးဝ restart ကျသွားပါမယ်။
Windows ပြန်တက်လာရင် Screen တစ်ခုနဲ့ထပ်ပေါ်လာပါမယ်။ အဲဒီထဲက နံပါတ် ၇
ခုမြောက် option “Usually “Disbale Driver Singnature Reinforcement
“ကိုရွေးချယ်ရမှာဖြစ်တဲ့အတွက် ကီးဘုတ်ပေါ်က နံပါတ် ၇ ခလုတ်ကိုနှိပ်လိုက်ပါ။
Windows ပြန်တက်လာပြီဆိုရင် ခုနကသွင်းမရဖြစ်နေတဲ့ Driver ကို Computer ရဲ့
Device Manager ထဲဝင် သက်ဆိုင်ရာ Device ရဲ့ ? သင်္ကေတဖြစ်နေတဲ့ device မှာ
update driver > manually update from computer ကိုရွေးပြီး
ကွန်ပျူတာထဲကိုအသင့်ဒေါင်းထားတဲ့ အရင်ကသွင်းမရဖြစ်နေတဲ့ ဖုန်း adb/fastboot
driver ကိုသွင်းလိုက်ပါ။ Install Anyway or not ဆိုတဲ့ Warning Box
တစ်ခုတက်လာပါမယ်။ Install AnyWay ကိုပဲေ၇ွးပေးလိုက်ပါ။ Driver
ကိုအောင်မြင်စွာ install လုပ်နိုင်ပြီဖြစ်ပါတယ်။
Thet Naing Soe (Myanmar Mobile App Store)







0 comments:
Post a Comment