Monday, 5 August 2013

Samsung Galaxy S3 GT-i9305 ကိုအလွယ်တကူ Recovery သွင်းပြီး Root မယ်



ဒီတစ်ခါ Samsung Galaxy S3 LTE (GT-i9305) ကို တစ်ခါတည်း

Recovery သွင်းပြီး Superuser လေးပါထွက်လာအောင်

လုပ်ရအောင်ဗျာ။ လိုအပ်တဲ့ဖိုင်တွေကိုအောက်မှာဒေါင်းပါ။



Odin 3.04



Recovery and Root Zip



အပေါ်ကဖိုင်နှစ်ခုကိုဒေါင်းပြီးရင်လုပ်ငန်းစလို့ရပါပြီ။
အခုလုပ်မှာက Samsung Phone ဆိုတော့ ကွန်ပြူတာမှာ Kies တော့ Run
ထားဖို့လိုပါတယ်။ ပထမဦးဆုံး Odin ကိုဖွင့်ပြီးတော့ စက်ကို Driver
သိမသိအရင်ကြည့်ပါ။ ပြီးရင် PDA ကိုကလစ်ပေးပြီးတော့ ခုနကဒေါင်းထားတဲ့
.tar.md5 ဖိုင်ကိုရှာရွေးပေးပါ..ဖုန်းကို Download Mode
ဝင်ပြီးကြိုးထိုးပါ။ (Download Mode ကို Power+Home+Vol-down
နှိပ်ပြီးဝင်နိုင်ပါတယ်၊ ပီးရင် vol-up ကိုပြန်နှိပ်ပေးပါ) ပြီးရင် Start
လေးကိုနှိပ်ပေးရုံပါပဲ။ ခဏလေးပါပဲ Pass
ဆိုပြီးပေါ်လာရင်ဖုန်းကိုဖြုတ်လို့ရပါပြီ။ ဖုန်း Reboot ပြန်တက်လာရင်
Superuser icon လေးကိုမြင်တွေ့ရမှာ


ဖြစ်ပါတယ်။ Recovery လဲတစ်ခါတည်းပါပါတယ်။ Root လုပ်ပြီးသွားရင်တော့ မြန်မာစာဘယ်လိုသွင်းရမလဲဆိုတာတော့မပြောတော့ဘူးနော်။

အားလုံးပဲသိကြမယ်ထင်ပါတယ်။

0 comments:

Post a Comment