Thursday, 22 August 2013

Password တိုင်းအတွက် Encripta Password Manager 1.1


အခုချိန်မှာ လူတိုင်းအားလုံးနီးပါးဟာ password
တွေနဲ့အလုပ်လုပ်နေကြတယ်လို့ပြောကြရမှာပါ။ ဘာကြောင့်လဲဆို IT
နည်းပညာတွေဖွံ့ဖြိုးလာတဲ့ ခေတ်ကြီးထဲမှာ လူတိုင်းဟာ မရှိမဖြစ် gmail
account နှင့် facebook account တွေကတော့ရှိကြမှာ မလွဲပဲလေ။
အဲဒါကြောင့်များပြားလှစွာသော username တွေအတွက် password တွေကိုလည်း
မှတ်ထားရမှာပဲလေ။ အဲလို မှတ်ထားတဲ့နေရာမှာလည်း
စာအုပ်တွေအပေါ်မှာမှတ်ထားမယ်ဆိုရင်လည်း ကိုယ်မသိစေချင်တဲ့ လူတွေက အလွယ်တကူ
ရှာဖွေတွေ့ရှိသွားနိုင်ပါတယ်။ အဲဒီရန်တွေကနေ ဝေးဖို့အတွက်ဒီ application
လေးကကူညီပေးပါလိမ့်မယ်။ ကိုယ့်မှာ ရှိသမျှ username နှင့် password တွေ၊
bank account တွေရဲ့ password တွေအား
လုံးကို ဒီ application လေးထဲမှာ
မှတ်ထားပြီး password လေးတစ်ခု မှတ်ထားလိုက်ရုံနဲ့ အားလုံးကို အလုံခြုံ
ဆုံးသိမ်းနိုင်မှာဖြစ်ပါတယ်။ ကိုယ့်ရဲ့မှတ်ထားသမျှ password
တွေအကုန်လုံးကိုလည်း backup လုပ်ပြီး cloud ထဲမှာ
သိမ်းထားနိုင်တာကိုလည်းတွေ့ရပါတယ်။ အားလုံးသော username နဲ့ password တွေ
bank account ရဲ့ password တွေအားလုံးကို ကိုယ့်ရဲ့ android
ဖုန်းလေးထဲမှာတင်ပဲ password လေးတစ်ခုတည်းနဲ့ သိမ်းထားနိုင်မှာ
ဖြစ်တဲ့အတွက် မိတ်ဆွေသူငယ်ချင်းတွေအားလုံးအတွက်
အသုံးဝင်းလိမ့်မယ်လို့မျှော်လင့်မိပါတယ်ဗျာ။ ဒီ application လေးကို
အသုံးပြုဖို့အတွက် android version 1.5 ပဲလိုပါတယ်ဗျာ။အောက်က
ပုံတွေကြည့်ပြီးလည်း လေ့လာနိုင်အောင် ကျွန်တော်ပုံတွေ ထည့်ပေး
လိုက်ပါတယ်ဗျာ။







 အောက်က link တွေကနေ download လုပ်နိုင်ပါတယ်ဗျာ။



Download Here


အဆင်ပြေပါစေ..



မောင်ပေါက်< Knowledge Note >

www.maungpauk.org




0 comments:

Post a Comment