Sunday, 11 August 2013

Microsoft Hotmail စံနစ်ကို အသုံးပြုနေသူ Password များ အမြန်ဆုံး ပြောင်းလဲရန်






မေးလ်း စံနစ်တွင် လုံခြုံရေး ယိုပေါက်တခု တွေ့သည်ဟု ဆိုသော မိုက္ကရိုဆော့(ဖ်)၏ ဟော့(ထ်)မေးလ် © ( ဓါတ်ပုံ - msn.com )

Microsoft ၏ Hotmail စံနစ်ကို အသုံးပြုနေသူ (၂၁)သန်း ကျော်အား ၎င်းတို့၏ Password များကို အမြန်ဆုံး ပြောင်းလဲရန်

ဗြိတိန် ရဲတပ်ဖွဲ့ က တိုက်တွန်း လိုက်သည်။

Microsoft ၏ နာမည်ကျော် Mail စံနစ်တွင် လုံခြုံရေး
ယိုပေါက် တခုကို ရှာဖွေ တွေ့ရှိပြီးနောက် ယခုလို ဆော်ဩခဲ့ခြင်း ဖြစ်သည်။
အဘယ်ကြောင့် ဆိုသော် Hotmail အသုံးပြုသူ (၁၀၀၀၀) ကျော်၏ Password များကို
Hacker များက ဖောက်ထွင်း ရယူသွားပြီး အောက်တိုဘာ (၁)ရက် နေ့က အဆိုပါ
လူစာရင်းကို pastebin.com တွင် အမည်မသိသူ တဦးက ဖော်ပြ သွားခဲ့သည်။

ယခု အခြေအနေသည် ဆိုင်ဘာ လုံခြုံရေးအတွက် စိုးရိမ်
ထိတ်လန့်စရာ ဖြစ်လာရပြီး အချက်အလက် ခိုးယူမှုများ ဖြစ်ပေါ်လာမည်ကို
ရဲတပ်ဖွဲ့က စိုးရိမ်နေခဲ့သည်။ မက်ထရိုပိုလီတန် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ
ပုဂ္ဂိုလ်က လူတိုင်းအနေနှင့် စီးပွားရေး၊ အခြားကိုယ်ရေး အချက်အလက် များကို
တတ်နိုင်သမျှ Hotmail တွင် လက်တလော အသုံးမပြုရန်နှင့် Password များကို
ပြောင်းပစ်ရန် အကြံပေးလိုကြောင်း ပြောဆိုသွားခဲ့သည်။

ထို လုံခြုံရေး ဟာကွက်နှင့် ပတ်သက်ပြီး နည်းပညာ Blog
ဖြစ်သည့် Neowin.net က ဖော်ထုတ် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့သည်
ယခုအခါ ဥရောပရှိ လူ(၁၀၀၀၀)ကျော် တို့၏ အချက်အလက်များ ခိုးယူ ခံထားရပြီး
ဖြစ်နိုင်ကြောင်း ယူဆထားသည်။

Microsoft ကမူ ၎င်းတို့သည် Hotmail ၏လိုအပ်ချက်မှန်သမျှကို သတိပြုဖြေရှင်းပေးလျှက်ရှိကြောင်း မယုတ်မလွန် ပြောဆိုသွားခဲ့သည်။







 CREDIT TO -အပြာရောင်ဟက်ကာဖိုရမ်











0 comments:

Post a Comment