Monday, 5 August 2013

၁၅၀၀ တန် GSM မိုဘိုင်းဖုန်းများအတွက် အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက်ငွေဖြည့်သွင်းနိုင်






 ၁၅၀၀ တန် GSM မိုဘိုင်းဖုန်းများအတွက် အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက်ငွေဖြည့်သွင်းနိုင်ရန် ဆောင်ရွက်

အသစ်ထွက်ရှိသော
၁၅၀၀ တန် GSM မိုဘိုင်းဖုန်းများကို အွန်လိုင်းမှတစ်ဆင့်
တိုက်ရိုက်ငွေဖြည့်သွင်းနိုင်ရန် စတင်ဆောင်ရွက် လိုက်ကြောင်း သိရသည်။

www.topup.com.mm ဝက်ဘ်ဆိုက်မှ တစ်ဆင့် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အဆိုပါ
ဝက်ဘ်ဆိုက်အနေဖြင့် GSM, WCDMA, CDMA 800 MHz, CDMA 450 MHz ဖုန်းများအား
အွန်လိုင်းမှ
ငွေဖြည့်သွင်းနိုင်ရန် ဆောင်ရွက်ခဲ့ရာမှ အသစ်ထွက်ရှိသော တန်ဖိုးနည်း GSM
ဖုန်းများအတွက်လည်း ဆောင်ရွက်လိုက်ခြင်းဖြစ်သည်။ GSM MEC Tel - CDMA 800
MHz မိုဘိုင်းကွန်ရက်အတွက် အဆိုပါ ဝန်ဆောင်မှု ရရှိဦးမည် မဟုတ်ကြောင်း၊
ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ပြီး ငွေဖြည့်သွင်းကာ ငွေပေးချေရန်အတွက် Myan Pay
Online Payment Gateway အသုံးပြုထားကြောင်း Myan Pay ၏
တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အွန်လိုင်းမှ ငွေဖြည့်သွင်းရာတွင်
တစ်ခါတစ်ရံ၌ မိုဘိုင်းဖုန်းလိုင်းများ လိုင်းကျပ်၍သော်လည်းကောင်း၊
မိမိအသုံးပြုသောဖုန်းသည် ဆက်သွယ်ရေးဧရိယာပြင်ပသို့
ရောက်ရှိနေ၍သော်လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် အွန်လိုင်းမှ
ငွေဖြည့်သွင်း၍ မရခြင်းမျိုး ဖြစ်ပေါ်နိုင်ကြောင်း၊ အဆိုပါအခြေအနေတွင်
ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော သို့မဟုတ် Email သို့ ရောက်ရှိလာသော Top Up
Card အချက်အလက်ကို ကိုယ်တိုင်အသုံးပြု၍ ငွေဖြည့်သွင်းပေးရမည်ဖြစ်ကြောင်း www.topup.com.mm တွင် ဖော်ပြထားသည်။

0 comments:

Post a Comment