ဖေ့ဘွတ်ကို Gif
ပုံတွေတင်တဲ့နည်းလမ်းလေးကိုပြောပြပေးမှာဖြစ်ပါတယ်။ မသိသေးသူများအတွက်
ပြန်လည် မျှဝေလိုက်တာပါ...။သိပြီးသားသူများကတော့
ကျော်ဖတ်သွားပေးပါခင်ဗျာ.....
ပထမဆုံး ဒီလင့်လေးကိုသွားလိုက်ပါ
မိမိဖေ့ဘွတ်အကောက်
နှင့် Log in ကိုအရင်ဝင်မှသာရမှာဖြစ်ပါတယ်။UPLOAD ANIMATED GIF ဟူသော
စာသား(Buttom) လေးကို ကလစ်ပြီး မိမိကွန်ပျူတာထဲရှိ Gif ပုံကိုရွေးပြီး
Upload တင်ပေးပါ..
ကွန်ပျူတာ ထဲမှာရှိတဲ့ Gif ဖောမတ်နဲ့  လှုပ်ရှားနေတဲ့ ပုံလေးကို ရွေးပြီး Open ကို နှိပ်ပါ။
Upload တင်တာပြီးသွားရင် မိမိ Upload တင်တဲ့ ပုံလေး ပေါ်လာပါလိမ့်မည်။ အပေါ်ရှိ PUBLISH TO FACEBOOK ကိုနှိပ်လိုက်ပါ။
Poste an deine Pinnwand ဟူပြီး Box တစ်ခုကျလာပါလိမ့်မည်။ အောက်ခြေရှိ Tellen ကို နှိပ်လိုက်ပါ။
Tellen
ကို နှိပ်လိုက်ရင်တော့ မိမိ ဖေ့ဘွတ် Timeline ပေါ်မှာ gif ဖောမတ်နဲ့ 
လှုပ်နေတဲ့ပုံလေးကို Share လုပ်ပြီးပါပြီ။ Play Buttom လေးကို နှိပ်ပြီး
Gif ဖောမတ်နဲ့  ပုံလေးကို ကြည့်နိုင်ပါပြီ။ ဒါဆိုရင်တော့
ဖေ့ဘွတ်စာမျက်နှာပေါ်ကို Gif ဖောမတ်နဲ့ ပုံလေးကို အောင်မြင်စွာ Upload
တင်ပြီးပါပြီ။
Credit By ကျော်ဌေးလင်း(နည်းပညာ)













0 comments:
Post a Comment