Thursday, 8 August 2013

Android Root နဲ့ပါတ်သက်သော သိထားသင့်တဲ့အခေါ်အဝေါ်များ









 Android နဲ့ပါတ်သက်တဲ့ Root လုပ်ရာမှာခေါ်တဲ့
အခေါ်အဝေါ်တစ်ခုချင်းစီကိုဖော်ပြပေးမှာဖြစ်ပါတယ်။ ဒီအခေါ်အဝေါ်တွေဟာ Android
Device တွေကို Root လုပ်ရာမှာအများဆုံးတွေ့ရတဲ့အပြင် Android လောက
မှာအများဆုံးသုံးကြပါတယ်။ ဒါပေမယ့် ဒီခေါ်အဝေါ်တွေကို သာမန်Android Device
တွေကိုအသုံးပြုတဲ့ လူတစ်ယောက်ကသိနိုင်ဖို့ခတ်ခဲပါတယ်။ ဒါကြောင့်အခု
လိုတစ်စုတစ်စည်းထဲဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။
အလွန်အကျိုးရှိမယ်လို့လဲထင်ပါတယ်ခင်ဗျာ ..။



1. ADB



ADB လို့ခေါ်တဲ့ Android Debug Bride (သို့) Android Debug Mode ဟာဆိုရင်
ကျွန်တော်တို့အသုံးပြုနေတဲ့ computer ကနေတစ်ဆင့် ကျွန်တော်တို့ရဲ့ Android
Device တွေကို ချိတ်ဆက်ပေးတဲ့ command line tool တစ်ခုဖြစ်ပါတယ်။ ADB ဟာ
Android SDK (Software Development Kit) ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး root
လုပ်ရာမှာအသုံးပြုတဲ့ tool တစ်ခုဖြစ်ပါတယ်။ ADB ကိုသုံးတဲ့အခါ Android
Commands တွေကိုထည့်သွင်းရမှာဖြစ်ပြီး အစောပိုင်း Android Device တွေကို
Root လုပ်ချင်တဲ့အခါ commands တွေကတစ်ဆင့်ပြုလုပ်ရပါတယ်။


2. AOSP




Android Open Source Project ရဲ့အတိုကောက်ဖြစ်ပါတယ်။ များသောအားဖြင့် ROM
(Read Only Memory) တွေရဲ့ ဖော်ပြချက်တွေမှာတွေ့ရှိရပါတယ်။ AOSP
ဟာများသောအားဖြင့် Android Device တွေမှာသုံးတဲ့ ROM တွေဟာ Google ကပေးတဲ့
ဘယ် Android Source Code ပေါ်မှာမူတည်ပြီးထုတ်ထားသလဲဆိုတာကိုဖော်ပြပါတယ်။



3. Bootloader



Bootloader ဆိုတာကတော့ ကျွန်တော်တို့အသုံးပြုနေတဲ့ Android Device
တွေမှာသုံးတဲ့ lowest level software တစ်ခုဖြစ်ပြီး Android Operating
System စတင်ဖို့အတွက်လိုအပ်တဲ့လုပ်ဆောင်ချက်တွေကိုပြုလုပ်ပေးပါတယ်။
များသောအားဖြင့် ထုတ်လုပ်သူတွေဟာ Bootloader ကို lock ပြုလုပ်ထားပါတယ်။
ဘာလို့ဒီလိုလုပ်သလဲဆိုတော့ Root
လုပ်ခြင်းကိုကြိုတင်ကာကွယ်ထားခြင်းဖြစ်ပါတယ်။ ဒီလိုပြုလုပ်ခြင်းက
ထုတ်လုပ်သူတွေဟာ သူတို့ရဲ့ပစ္စည်းတွေကိုထုတ်လုပ်လိုက်တုန်းကအတိုင်းပဲ
အသုံးပြုသူတွေကိုသုံးစေချင်လို့ဖြစ်ပါတယ်။



4. Bootloop

Bootloop ဆိုတာကတော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ Android Device ကို
Root လုပ်တာပဲဖြစ်ဖြစ် Custom ROM တင်တာပဲဖြစ်ဖြစ် ပြုလုပ်တဲ့အခါ
သူပြောထားတဲ့ အဆင့်တွေတိုင်းလိုက်မလုပ်ပဲ တစ်နေရာရာမှာတစ်ခုခုမှားခဲ့ရင်
Android OS ဟာ restart ချလိုက်တာနဲ့ Start Up Logo
မှာရပ်နေပြီးဘာမှဆက်တက်မလာတာ့ပါဘူး။ဒါကို Bootloop ဖြစ်တယ်လို့ခေါ်ပါတယ်။


5. BusyBox


BusyBox ဆိုတာကတော့ app တစ်ခုဖြစ်ပြီး UNIX Command Tools
များစွာကိုအသုံးပြုဖို့အတွက်ဖြစ်ပါတယ်။ ဆိုလိုချင်တာကတော့ Android OS ရဲ့
System File တွေကို
ကိုယ်ကြိုက်သလိုပြောင်းချင်တဲ့အခါမျိုးမှာဆိုရင်အခုပြောတဲ့ BusyBox
ကနေတစ်ဆင့် Commands တွေသုံးပြီးပြောင်းလဲလို့ရပါတယ်။



6. Dalvik cache



Dalvik cache ဆိုတာကတော့ Android OS မှာပါဝင်တဲ့ directory (folder)
တစ်ခုဖြစ်ပြီး ကိုယ့် device မှာ install လုပ်လိုက်လို့ရလာတဲ့ *.dex file
တွေအားလုံးကိုသိမ်းထားပေးတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဒီ *.dex file တွေဟာ
သွင်းထားတဲ့ app ကို update လုပ်လိုက်တာနဲ့ သူတို့ပါလိုက်ပြီး update
ဖြစ်ပါတယ်။



7. Flashing or Flash



Flash လုပ်တယ်ဆိုတာကတော့ ကျွန်တော်တို့ရဲ့ Device မှာတစ်ခုခုကို install
လုပ်လိုက်ခြင်းရဲ့နောက်ထပ်အခေါ်အဝေါ်တစ်ခုဖြစ်ပါတယ်။ ROM ပဲဖြစ်ဖြစ် Kernel
ပဲဖြစ်ဖြစ် install လုပ်လို့ရတဲ့မည်သည့် .zip file ကိုမဆို install
လုပ်ခြင်းကို flash လုပ်တယ်လို့ခေါ်ခြင်းဖြစ်ပါတယ်။


8. Fastboot




Fastboot ဆိုတာကတော့ boot menu တစ်ခုဖြစ်ပြီး Android OS မစတင်ခင်မှာ
Recover Mode နဲ့အခြား Download Mode တွေကို ဒီ boot menu
ကနေတစ်ဆင့်ဝင်လို့ရနိုင်တဲ့ Android Boot Menu တစ်ခုဖြစ်ပါတယ်။



9. Firmware

Phone သို့မဟုတ် Tablet ရဲ့ Firmware ဆိုတာကတော့ များသောအားဖြင့် Operating
System ကိုပဲညွှန်းဆိုခြင်းဖြစ်ပါတယ်။ Firmware Update လုပ်တယ်ဆိုတာကလည်း
OS ကို Update ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။



10. IMEI



International Mobile Equipment Identity (IMEI) number လို့ခေါ်တဲက number
တစ်ခုဖြစ်ပြီး GSM, WCDMA, and iDEN mobile device တွေနဲ့အခြား satellite
device တွေမှာသုံးတဲ့ unique number တစ်ခုဖြစ်ပါတယ်။ ဒီ number ကို device
တွေရဲ့ settings ထဲမှာကြည့်ရှုနိုင်ပါတယ်။



11. Kernel



Kernel ဆိုတာကတော့ Operating System ရဲ့အသဲနှလုံးပဲဖြစ်ပြီး Hardware နဲ့
Software (ဒီနေရာမှာတော့ App) ကြားဆက်သွယ်ပေးတဲ့
အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။



12. Opensource



Opensource ဆိုတာကတော့ software တစ်ခုကိုထုတ်လုပ်ပြီးလို့ဒီ software ဟာ
opensource လို့ပြောလိုက်ပြီဆိုတာနဲ့ဒီ software ရဲ့ codes
တွေကိုလိုသလိုပြုပြင်ပြောင်းလဲလို့ရပြီး
အများတကာအသုံးပြုနိုင်ခြင်းကိုဆိုလိုပါတယ်။



13. Recovery



Recovery ဆိုတာကတော့ ကျွန်တော်တို့ Android Device တွေမှာရှိတဲ့ Internal
Storage အတွင်းက အခန်းငယ်လေးတစ်ခု (Partition) ဖြစ်ပြီး Custom ROM
ထည့်သွင်းခြင်း system-level
လုပ်ဆောင်ချက်တွေပြုလုပ်တဲ့နေရာမှာအသုံးပြုပါတယ်။



14. ROM



Android အဝင်းအဝိုင်းမှာတော့ ROM ဆိုတာဟာ Read Only Memory ဖြစ်ပြီး
အသစ်ပြုပြင်ပြောင်းလဲထားတဲ့ Android Operating System
ကိုပဲခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။ Custom ROM လို့လည်းခေါ်ဝေါ်ပါတယ်။ Custom ROMs
တွေကတော့ CyanogenMod, Android Open Kang Project (AOKP) နဲ့ MIUI
တို့ပဲဖြစ်ပါတယ်။



15. ROM Manager



ROM Manager ဆိုတာတော့ အလွန်အသုံးဝင်တဲ့ app တစ်ခုဖြစ်ပြီး root
လုပ်ပြီးမှအသုံးပြုနိုင်မယ့် app တစ်ခုဖြစ်ပါတယ်။ ClockworkMod Recovery
ထည့်သွင်းခြင်း (သို့) CMW ထဲဝင်ခြင်း Custom ROM ထည့်သွင်းခြင်း
အစရှိတဲ့လုပ်ဆောင်ချက်တွေကို ဒီ ROM Manager
ကနေတစ်ဆင့်ဆောင်ရွက်လို့ရပါတယ်။



16. Root



Root ဆိုတာကတော့ Android Device တစ်ခုပေါ်မှာ Administrator (သို့) Full
Access ဖြင့်အသုံးပြုခြင်းဖြစ်ပါတယ်။ (Root အကြောင်းအသေးစိတ်ဆောင်းပါးကို
ရှာဖွေလေ့လာနည်းပညာ Album ထဲမှာသွားရောက်ဖတ်ရှုနိုင်ပါတယ်။)



17. Superuser



Superuser ဆိုတာကတော့ Android OS အတွက် special user account တစ်ခုဖြစ်ပြီး
root account လို့လည်းခေါ်ပါတယ်။ Superuser ကနေမှတစ်ဆင့် Device
ကိုလိုသလိုစီမှန်ခန့်ခွဲလို့ရပါတယ်။



18. Wipe

Wipe လုပ်တယ်ဆိုတာကတော့ Device ထဲမှာ ရှိတဲ့ data တွေကိုဖျက်ထုတ်ပစ်ခြင်းပဲဖြစ်ပါတယ်။



အခုပြောပြခဲ့တဲ့အခေါ်ဝေါ်တွေအားလုံးနီးပါးကို စာဖတ်သူတို့  Android Device တွေရဲ့လောကထဲမှာ မှာတွေ့ဖူးမြင်ဖူးကြမှာဖြစ်ပါတယ်။





ဒီအကြောင်းအရာလေးကတော့ ကျွန်တော်ရေးတာမဟုတ်ပါဘူးခင်ဗျာ ဆိုက်လိပ်စာလေး
မမှတ်မိတော့လို့ ရေးမပေးလိုက်တာပါ။ ရေးသားသူကိုလည်း ဒီနေရာလေးကပဲ
ခွင့်ပြုပေးပါလို့တောင်းဆိုပါတယ်ခင်ဗျာ။



 

 Credit : http://www.pyayblogger.com/2013/01/android-root.html

0 comments:

Post a Comment