Wednesday, 10 July 2013

မြဝတီ တိုက်ရိုက်အစီအစဉ် (MWD Live) အား iPhone/Pad/Pod touch ဖြင့်ကြည့်ရှု့ခြင်း


မြဝတီတိုက်ရိုက် အစီအစဉ် (MWD Live) ကို မိမိ iPhone/Pad/Pod touch များမှ တိုက်ရိုက်ကြည့်ရှုနည်းကိုဖော်ပြပေးလိုက်ပါတယ်။



အဆင့် (၁)


မိမိ iPhone/Pad/Pod touch မှာ OPlayer လို့ခေါ်တဲ့ဆော့ဝဲ ကို install
ပြုလုပ်ပါ။ OPlayer ကိုမိမိတို့ရဲ့ Device အမျိုးအစားအလိုက် အောက်က link
များမှာရယူပါ။


iPhone/Pod touch များအတွက် OPlayer

—————————————

OPlayer အားရယူရန် (for Non-Jailbroken Devices)

OPlayer အားရယူရန် (for Jailbroken Devices)


iPad များအတွက် OPlayer HD

—————————————



OPlayer အားရယူရန် (for Non-Jailbroken Devices)

OPlayer အားရယူရန် (for Jailbroken Devices)





အဆင့် (၂)


OPlayer HD အား Install ပြုလုပ်ပြီးနောက် OPlayer HD အား ဖွင့်ပါ။ ထို့နောက် Open URL ကိုဖွင့်ပါ။





အဆင့် (၃)


ထို့နောက် ပုံတွင်ပြထားသည့်အတိုင်း URL နေရာတွင် http://www.myawaddy.net.mm/mwdlive
ကိုရိုက်ထည့်ပေးပြီးပါက Done ကို နှိပ်ရမည်ဖြစ်သည်။ ထိုနေရာတွင်
သတိထားရမည် မှာ URL ရိုက်သောအခါ ရှေ့တွင် http:// ကို
ပါဝင်အောင်ရိုက်ထည့်ပေးရမည် ဖြစ်သည်။





အဆင့် (၄)


ထို့နောက် မြဝတီတိုက်ရိုက်အစီအစဉ် MWD Live အား Ipad တွင် တိုက်ရိုက်ကြည့်ရှု့နိုင်မည် ဖြစ်သည်။





 ရေးသားသူ- ဘုရင့်နောင် (MWD)

0 comments:

Post a Comment